ရခိုင်အနုပညာရှင်များ တင်ဆက်မည့် ဂီရိရန်ပုံငွေပွဲ ကျင်းပမည်

ဂီရိဆိုင်ကလုန်း လေဘေးဒုက္ခသည်များအား ကူညီနိုင်ရန် ရန်ပုံငွေ ဖျော်ဖြေပွဲတရပ်ကို ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ၌ ရန်ကုန် သုဝဏ္ဏ အားကစားကွင်းရှိ မိုးလုံလေလုံ ခန်းမတွင် ကျင်းပမည်ဟု သိရသည်။ ဖျော်ဖြေပွဲတွင် ရခိုင်အနုပညာရှင်များ ဖြစ်ကြသော မင်းသားနေတိုး၊ ခန့်စည်သူ၊ မင်းသားကြီး ဦးအောင်လွင် အပါအဝင် တခြားသော ရခိုင်အနုပညာရှင်များ၊ အဆိုတော်များက ပါဝင်တင်ဆက်မည် ဖြစ်သည်။ ရရှိသောငွေများအား ဂီရိဒုက္ခသည်များအား ကူညီ ထောက်ပံ့ ပေးသွားမည်ဖြစ်ပြီး ယခုပွဲသည် ရခိုင်အနုပညာရှင်များ၏ ပထမဆုံးသော တေးဂီတ ပဒေသာပွဲဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်