ထာဝရနှင်းဆီ အငြိမ့် စင်္ကာပူနှင့် မလေးရှား ၌ ကမည်

လူကြိုက်များခဲ့သည့် ထာဝရနှင်းဆီအငြိမ့်ကို မလေးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင် ဖျော်ဖြေရန် ပွဲလက်မှတ်များ စတင် ရောင်း နေကြောင်း သိရသည်။ ထာဝရနှင်းဆီ ရုပ်ရှင်၊ ဂီတ ပဒေသာ ကပွဲကို မလေးရှားရှိ မြန်မာ့ဥယျာဉ်က စီစဉ်ကာ၂၀၁၁ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ကွာလာလမ်ပူ၌ လည်းကောင်း၊ ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ပီနန်၌ လည်းကောင်း၂ နေရာ ဖျော်ဖြေမည်ဖြစ်သည်။ စင်ကာပူရောက် အနုပညာချစ်သူများ စီစဉ်သော ထာဝရနှင်းဆီ နှစ်ပါးသဘင်ကိုလည်း မတ်လ ၆ ရက်နေ့၌ စင်ကာပူနိုင်ငံ ချိုင်း နား တောင်း ရပ်ကွက်ရှိ Kreta Ayer People’s Treatre ဇာတ်ရုံတွင် ဖျော်ဖြေမည်ဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်