ရခိုင်က ရေအားလျှပ်စစ် ဘင်္ဂလားဒေ့ရှ် ၀ယ်မည်

ဘင်္ဂလားဒေ့ရှ် နိုင်ငံက မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ထုတ်လုပ် မည့် ရေအား လျှပ်စစ်ကို ၀ယ်ယူရန် စီစဉ်နေကြောင်း သိရ သည်။ ဇန်န၀ါရီ ၂၃ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသည့် ၁၃ ကြိမ်မြောက် ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာ ဆိုင်ရာ ဘက်စုံ ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ (BIMSTEC) အစည်းအဝေး၌ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာ နိုင်ငံခြားရေး ၀န်ကြီးနှင့်တွေ့ဆုံစဉ် ယင်းအစီအစဉ်ကိုဆွေးနွေး ခဲ့သည်ဟု Daily Star သတင်းတွင် ရေးထားသည်။ ရခိုင် တွင် ၂၀၁၅ ခုနှစ် နှင့် ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်လုပ် မည့် ရေအားလျှပ်စစ် စီမံကိန်း ၂ ခုရှိကြောင်းလည်း သတင်း၌ ပါရှိသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်