အကျဉ်းသား ပေါ်တာများ ထပ်မံပို့ဆောင်နေ

ရန်ကုန်မြို့ အင်းစိန် အကျဉ်းဦးစီးဌာနမှ အကျဉ်းသား ၂၀၀ ခန့်ကို စစ်ဆင်ရေးလုပ်သား(ပေါ်တာ) အဖြစ် အသုံးပြုရန် ရှေ့တန်း စစ်မြေပြင်များသို့ ထပ်မံ ပို့ဆောင်နေကြောင်း သိရသည်။ ယင်း အကျဉ်းသားများကို မွန်ပြည်နယ် မုပ္ပလင်၊ တောင်စွန်း စသည့် ရဲ ဘက်စခန်းများသို့ ပို့ဆောင်ရန်ဟု အကြောင်းပြ၍ ဖေဖော်ဝါရီလကုန်ပိုင်းက ရှေ့တန်း စစ်မြေများသို့ ပေါ်တာအဖြစ် ပို့ဆောင်ခဲ့ ကြောင်း အကျဉ်းဦးစီးဌာန ၀န်ထမ်း အသိုင်းအ၀ိုင်းက ပြောသည်။ ကရင်ပြည်နယ်အတွင်း DKBA တပ်ဖွဲ့ဝင်များနှင့် စစ်အစိုးရ တပ်များသည် ၂၀၁၀ နိုဝင်ဘာလဆန်းပိုင်းမှစ၍ တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး ယင်းတိုက်ပွဲများတွင် အကျဉ်းသားပေါ်တာ အသုံးပြုမှုများရှိသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်