FIFA ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံဖွယ်ရှိ

ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ် (FIFA) ဥက္ကဌ ဆတ်ပ် ဘလတ္တာသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်၏ ဖိတ်ကြားချက်ဖြင့် မနက်ဖြန်တွင် မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ပြီး နေပြည်တော်သို့ သွားရောက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၊ ၀န်ကြီးချုပ် ဦးသိန်းစိန်တို့နှင့် တွေ့ဆုံဖွယ်ရှိကြောင်း သိရသည်။ ဆတ် ဘလတ္တာသည် မြန်မာသို့ ရောက်ရှိစဉ် FIFA ၏ အကူအညီဖြင့် မန္တလေးမြို့တွင် တည်ဆောက် ပြီးစီးနေပြီဖြစ်သော ဘောလုံးအကယ်ဒမီ သင်တန်းကျောင်းကို ဖွင့်လှစ်ပေးရန် ရှိသည်ဟု ဘန်ကောက်ပို့စ် သတင်းစာ၌ ရေးသားထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်