ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ ဆိပ်ကမ်းတချို့၌ အာဏာပိုင်များက အခွန်အခများ မတန်တဆ ကောက်ခံနေကြကြောင်း သိရသည်။ ကျောက်ဖြူမြို့၏ ဆိပ်ကမ်းအများစုတွင် ဆိပ်ကပ်ခွန်၊ စည်ပင်ခွန် စသည့်အခွန်နှုန်းထားများကို ကောက်ခံ နေခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့်ရက်ပိုင်းမှစတင်၍ ဂျပန်မ ဆိပ်ကမ်းသို့ အ၀င်အထွက် ပြုလုပ်သူတဦးလျှင် အ၀င်၂၀၀ ကျပ် ၊ အထွက် ၂၀၀ ကျပ် ကောက်ခံနေသည့်အတွက် အခက်အခဲဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။