ကြွပ်ကြွပ်အိတ်များ စည်ပင်ထံ အပ်နှံနိုင်

ရန်ကုန်မြို့တွင် မေလ ၁၄ ရက်နေ့မှစ၍ ကြွပ်ကြွပ်အိတ် သုံးစွဲခွင့် ပြုတော့မည် မဟုတ်သဖြင့် လက်ဝယ်ရှိနေသူများသည် ကြွပ်ကြွပ်အိတ်များကို သက်ဆိုင်ရာ မြို့နယ် စည်ပင်ရုံးများတွင် သွားရောက် အပ်နှံကြရန် အစိုးရပိုင်သတင်းစာမှ ကြေညာထားသည်။ ရန်ကုန်မြို့ နယ်နိမိတ်အတွင်း ကြွပ်ကြွပ်အိတ် စက်ရုံများ ထုတ်လုပ်မှု ရပ်ဆိုင်းရန်နှင့် အရောင်းဆိုင်များတွင် သိုလှောင် ရောင်းချခြင်း မပြုရန် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက အမိန့်ထုတ် တားမြစ်ခဲ့ပြီး ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်