ရခိုင်ပြည်နယ်အစိုးရသစ်၏ ရေလုပ်ငန်း လေလံဈေး ၃ ဆမြင့်တက်

ရခိုင်ပြည်နယ် အစိုးရသစ်က ရခိုင်ကမ်းရိုးတန်းတလျှောက် ရေလုပ်ငန်းလုပ်ကိုင်ခွင့်ကို လေလံစနစ်ဖြင့် စတင်ခွင့်ပြုနေပြီး လေလံဈေးနှုန်းများမှာ ယခင်နှစ်ထက် ၃ ဆကျော် မြင့်တက်သွားကြောင်း သိရသည်။ ယခင်နှစ်တွင် ကျပ် ၁၅  သိန်းတန်သည့် လေလံကွက်သည် ယခုနှစ်တွင် ကျပ်သိန်း ၅၀ ကျော်၊ ကျပ်သိန်း ၁၀၀ တန် လေလံကွက်သည် ကျပ်သိန်း ၄၀၀ ခန့်အထိ ပေးချေရသည်ဟု လေလံဆွဲသူ တချို့ကပြောသည်။ အစိုးရသစ်၏ လေလံစနစ်သည် တနိုင်တပိုင် ၀မ်းစာ ရှာဖွေသူများအပေါ် ထိခိုက်စေသည်ဟု ဆိုကာ ရခိုင်ပြည်သူများနှင့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့က ကန့်ကွက်လျှက်ရှိသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်