ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ ဂုဏ်ပြုဈေးရောင်းပွဲ ကျင်းပမည်

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဇွန် ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် မွေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် မေလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ NLD ရုံးချုပ်တွင် ဈေးရောင်းပွဲ ကျင်းပမည် ဖြစ်သည်။ ဈေးရောင်းပွဲမှ ရရှိသော အကျိုးအမြတ်ကို နိုင်ငံရေး အကျဉ်းသားများနှင့် HIV/AIDS ဝေဒနာရှင်များထံ လှူဒါန်းမည် ဖြစ်ကြောင်း၊ ယခုနှစ် လွတ်လပ်ရေးနေ့ အကြိုအဖြစ် ကျင်းပသည့် NLD ဈေးရောင်းပွဲမှ အမြတ်ငွေ ကျပ် သိန်း ၁၀၀ ကိုလည်း NLD လူမှု အထောက်အကူပြု လုပ်ငန်းသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။ လာမည့် ဈေးရောင်းပွဲတွင် NLD အဖွဲ့ဝင်အသီးသီး၏ ဒေသထွက်ကုန်များကို ရောင်းချမည်ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်