သမ္မတ ဦးသိန်းစိန်သည် မေလ ၂၆ ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ တရုတ်နိုင်ငံသို့ သွားရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။ သံတမန်ရေးနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ အတွက် အရေးပါသော ခရီးစဉ်ဖြစ်ကြောင်း မြန်မာ အစိုးရအရာရှိ တဦးကို ကိုးကား၍ AFP သတင်းက ဖော်ပြသည်။ ဦးသိန်းစိန်သည် တရုတ်နိုင်ငံတွင် မည်သည့် တရုတ်ခေါင်းဆောင်များနှင့် တွေ့ဆုံမည်ကိုမူ မသိရသေးပေ။