ရခိုင်ပြည်နယ် အစိုးရသစ်သည် ရခိုင်ပြည်နယ်ရှိ ပင်လယ်ပြင်နှင့် မြစ်ချောင်း အင်းအိုင်များအား မေလ ၈ ရက်၊ ၉ ရက်နေ့တွင် လေလံစနစ်ဖြင့် ဆောင်ရွက်ခဲ့သည့်အပေါ် လေလံဆွဲသူများက မကျေမနပ် ဖြစ်နေကြကြောင်း သိရသည်။ လေလံဈေးနှုန်း ယခင်နှစ်ထက် ၃ ဆ ကျော်တိုးမြှင့်ခြင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ စစ်တပ် ရန်ပုံငွေ အတွက်ပါ လေလံလုပ်ငန်းရှင် တဦးလျှင် ကျပ် သိန်း၂၀၀ ပေးဆောင်ရခြင်းများကြောင့် မကျေနပ်မှုများ ဖြစ်ပေါ်ရခြင်းဖြစ်သည်ဟု လေလံ လုပ်ငန်းရှင် တချို့က ပြော သည်။ ကျပ်သိန်း ၂၀၀ တောင်းခံရာ၌ ပြည်နယ် အစိုးရအတွက်ဟု အမည်ခံကြောင်း သိရသည်။