ဗီယက်နမ် ဒု ၀န်ကြီးချုပ် မြန်မာနိုင်ငံ ရောက်

ဗီယက်နမ် ဒု ၀န်ကြီးချုပ် H.E Mr Hoang Trung Hai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ယမန်နေ့က နေပြည်တော် သို့ ရောက်ရှိ လာပြီး သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၊ ပြည်ထောင်စု ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်လှမင်း၊ ပြည် ထဲရေး ၀န်ကြီး ဒု ဗိုလ်ချုပ်ကြီး ကိုကို စသည့် အစိုးရ ၀န်ကြီးများနှင့် တွေ့ဆုံကာ နှစ်နိုင်ငံအကျိုး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများနှင့် ပတ်သက်၍ လက်မှတ် ရေးထိုးကြောင်း ယနေ့ထုတ် အစိုးရသတင်းစာတွင် ရေးသား ထားသည်။ ဗီယက်နမ်နိုင်ငံသည် မြန်မာနိုင်ငံ၌ လေကြောင်း လိုင်း၊ ဘဏ်လုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံရန် ကြိုးစားနေသည့် နိုင်ငံဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်