ဒေါ်အောင်ဆန်းစုကြည် ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံယူ

မြန်မာနိုင်ငံဆိုင်ရာ ကနေဒါ သံအမတ်ကြီး ရွန် ဟော့ဖ်မန်းက ကနေဒါ တက္ကသိုလ် ၂ ခုမှ ပေးအပ်သော ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို ဒေါ်အောင်ဆန်းစုကြည်အား တက္ကသိုလ်များကိုယ်စား သွားရောက်ပေးအပ်ကြောင်း Ccnadian Friends of Burma ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ သိရသည်။ ကနေဒါသံအမတ်ကြီးက ပြီးခဲ့သည့် သီတင်းနှစ်ပတ်က နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် မတွေ့ဆုံမီ ယင်းသို့ ပေးအပ်ခြင်းဖြစ်ပြီး ဥပဒေဆိုင်ရာ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို အော့တိုဝါမှ ကာလီတန် တက္ကသိုလ်နှင့် မင်မိုရီယယ် နယူးဖောင်လန် တက္ကသိုလ်တို့မှ ဖေဖော်ဝါရီလအတွင်းက ပေးအပ်ခြင်းဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်