ယင်း ရေဘ၀ဲလေးသည် ဂျာမနီအသင်း ယှဉ်ပြိုင်ရမည့် ပွဲစဉ်တိုင်းကို ခန့်မှန်းရာ မှန်ကန်မှုရှိခဲ့ကြောင်း၊ အုပ်စုပွဲစဉ်တွင် သြစတြေးလျ၊ ဂါနာတို့ကို အနိုင်ရမည်၊ ဆာဘီးယားကိုမူ ရှုံးနိမ့်မည်ဟု ခန့်မှန်းရာ မှန်ကန်ခဲ့သည်ဟု Reuters အင်တာနက် သတင်းစာမျက်နှာတွင် ဖော်ပြထားသည်။
အင်္ဂလန်၊ အာဂျင်တီးနား အသင်းကြီးများနှင့် ဂျာမနီ အသင်းတို့ ယှဉ်ပြိုင်သည့် ပွဲတွင်လည်း ဂျာမနီအသင်း အနိုင်ရမည်ဟု မှန်ကန်စွာ ဟောကိန်း ထုတ်ခဲ့ သေးသည်။
ရွေးချယ်ပုံမှာ ရေဘဝဲလေး နေထိုင်ရာ ရေကန် အတွင်းတွင် အစာ ထည့်ထားသည့် မှန်ပုံး ၂ ပုံး စီစဉ်ထားသည်။ တပုံးတွင် ဂျာမနီ အလံနှင့် ကျန်တပုံးတွင် ပြိုင်ဘက် အသင်း၏ နိုင်ငံ အလံများကို ကပ်ထားပြီး ရေဘဝဲလေး နှစ်သက်ရာ ပုံးထဲမှ အစာကို ယူစားစေခြင်းဖြင့် အရှုံး အနိုင်ကို ရွေးချယ်ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုတကြိမ် ဂျာမနီနှင့် စပိန်ပွဲအတွက် ခန့်မှန်းရာတွင် ရေဘ၀ဲလေးက ဂျာမနီအလံ ကပ်ထားသည့် မှန်ပုံးအနီးတွင် အဖုံးဖွင့်ပြီး စားမည့်ဟန်ဖြင့် တရစ်ဝဲ၀ဲလုပ်နေရင်းမှ စပိန်အလံကပ် ထားသည့် မှန်ပုံးကို ဆတ်ခနဲ ဖွင့်ပြီး အစာကို ယူကာ စားလိုက်ခြင်းဖြစ် သည်။
ထိုရေဘ၀ဲသည် အင်္ဂလန်နိုင်ငံတွင် မွေးဖွားပြီး ဂျာမနီနိုင်ငံ အနောက်ပိုင်း အိုဘာဟူဆန်မြို့ရှိ ငါးပြတိုက်တွင် မွေးမြူထားသည့် ရေဘ၀ဲဖြစ်သည်။
အဆိုပါ ပြတိုက်၏ ပြောရေးဆိုခွင့်ရှိသူ တန်ဂျာမန်ဇစ်က “ဒီအချိန်မှာ နိုင်ငံကိုယ်စားပြု အသင်းကို ဒီလိုခန့်မှန်းတော့ နည်းနည်း တုန်လှုပ် ဖို့ကောင်းတယ်” ဟု ပြောသည်။
ယခုခန့်မှန်းသည့် ရေဘ၀ဲမှာ တိရိစ္ဆာန်ဖြစ်သည့်အတွက် မှားယွင်းနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ရေဘ၀ဲသည် ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က ကျင်းပသည့် ယူရို -၂၀၀၈ ပွဲစဉ်များတွင် ဂျာမနီအသင်း၏ ပွဲစဉ်များကို ခန့်မှန်းရာ အများစု မှန်ကန်ခဲ့ပြီး နောက်ဆုံးဗိုလ်လုပွဲတွင်သာ မှားယွင်းခဲ့သည်ဟု သိရသည်။ ယင်းဗိုလ်ပွဲလုတွင် စပိန်က ဂျာမနီကို အနိုင်ယူပြီး ချန်ပီယံ ဖြစ်ခဲ့သည်။
ဂျာမနီနိုင်ငံထုတ် Bild သတင်းစာတွင်မူ ယခုအချိန်အခါမျိုးတွင် ဂျာမနီအသင်းအတွက် နိမိတ်အကောက်ခံရမှုသည့် ဂျာမနီအသင်းအတွက် သိပ်မကောင်းဟု ဟုရေးသားထား သည်။
ယခုည ကန်မည့် ဂျာမနီနှင် စပိန်ပွဲစဉ်တွင် တိုက်တိုက်ဆိုင်ဆိုင်ပင် ဂျာမနီအသင်း၏ အားထားရသည့် တောင်ပံကစားသမား သောမတ်စ် မူလာမှာ အ၀ါကတ် ၂ ကြိမ် အပြခံရသည့်အတွက် တပွဲပယ် ပြစ်ဒဏ်ထိပြီး ပါဝင်နိုင်မည် မဟုတ်ပေ။
< Prev | Next > |
---|