
(ဦးအေးဆောင်၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး)

(ကိုဇော်မင်း၊ လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ)

(တပ်မတော်လေ ရဲဘော်ဟောင်း ဦးမြင့်ဝေ၊ မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေး ထိုင်းလှုပ်ရှားမှု ကော်မတီ)
အဓိက လိုအပ်ချက်တွေကို အရင် မလုပ်ဘဲနဲ့ ပြင်ပမှာရှိတဲ့ အတိုက်အခံ အဖွဲ့အစည်းက လူတွေကို ပြန်လာနိုင်ပါတယ် ဆိုတဲ့ အနှစ်သာရမဲ့တဲ့ စကားလုံးတွေကို ကျနော်တို့ကတော့ အယုံအကြည် မရှိပါဘူး။
ယနေ့ အချိန်မှာတော့ သူ ပြောသွားတဲ့ စကားတွေက ဘာနဲ့ သွားတူနေလဲ ဆိုတော့ ပထမတခေါက် အကျဉ်းသားတွေ ပြန်လွတ်သလိုပဲ၊ ထောင်တနှစ်လျှော့ပေးသွားတဲ့ ပုံစံမျိုးပဲ၊ သိပ်အနှစ်သာရ မရှိဘူး။
(ကိုအောင်လတ်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ နိုင်ငံခြားရေးရာ ကော်မတီ)

(ကိုစိန်ဝင်း၊ တာဝန်ခံအယ်ဒီတာ၊ မဇ္ဈိမသတင်းဌာန)
ကျနော်ကတော့ မပြန်ဘူး။ ကျနော် ထောင်ထဲမှာ နှစ် ၂၀ နီးပါး နေခဲ့ပြီးပြီ။ သမ္မတပြောသွားတဲ့ မိန့်ခွန်းထဲမှာ ဘာအာမခံချက်မှ မရှိဘူးလေ။ အကျဉ်းထောင်ထဲမှာ ရှိနေတဲ့ ကျနော်တို့ရဲဘော်တွေကိုတောင် မလွှတ်သေးဘူး။ အရင်အစိုးရကလည်း အခုလိုပဲ ခေါ်ခဲ့သေးတယ်။ အဲဒါကို ယုံကြည်ပြီး သွားတဲ့လူတွေ ထောင်ထဲမှာ ဖမ်းထားတာ
အများကြီးပဲ ရှိတယ်။
ကျနော်အ့နေနဲ့လည်း ထောင်ထဲမှာ ထပ်နေဖို့ အဆင်သင့် မဖြစ်သေးဘူး။ အရပ်သား အစိုးရ ဆိုပေမယ့် အရင် စစ်အစိုးရလူတွေပဲ ဖြစ်နေတယ်။ နောက်တခုက ဒီမိုကရေစီ အခင်းအကျင်း တခုမှ မတွေ့ရသေးဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကို မပြုပြင်သရွေ့ဒီမိုကရေစီ စံချိန် စံညွန်း ဖြစ်လာမှာ မဟုတ်တဲ့ အတွက် မယုံကြည်သေးဘူး။ အာမခံချက် တခုခုပေးပြီး ခေါ်ရင်တောင် မပြန်သေးဘူး။ စာရွက်ပေါ်မှာ အပြောင်းအလဲ လုပ်ပေမယ့် လက်တွေ့ မလုပ်သမျှ မယုံကြည်သေးတဲ့အတွက် ပြန်ဖို့ အစီအစဉ် မရှိသေးပါဘူး။
(ကိုလင်းသန့်၊ သတင်းထောက်၊ ဧရာဝတီသတင်းဌာန)

ကျနော်တို့ ဗမာပြည်ကနေ ထွက်လာတာက ဗမာပြည်ကို ကောင်းစေချင်လို့ လုပ်နိုင်မယ့် နည်းလမ်းတွေ လာရှာတာပါ။ ပြည်ပမှာ လာနေချင်လို့နေတာ မဟုတ်ပါဘူး။ ကျနော်ဆိုလည်း ပြည်ပမှာ ၂၃ နှစ် ရှိပါပြီ၊ ဒီအတိုင်း နေနေတာတော့ မဟုတ်ပါဘူး၊ ပိုမို ပွင့်လင်းအောင် မြန်မာပြည်ရဲ့ society တခု အနေနဲ့ လုပ်နေတာပါ။ တကယ်လို့များ မြန်မာပြည်ထဲမှာ အဲဒီလို ပေးလုပ်မယ် ဆိုရင် ကျနော်တို့ အတိုင်းထက်အလွန် ၀မ်းသာပြီး ပြန်ပါ့မယ်။ ဒါပေမယ့် ရိုးရိုးပြန်လာပြီး ဘာမှ မလုပ်နဲ့ဆို ကျနော်တို့ မပြန်သေးပါဘူး။ လုပ်နိုင်တဲ့ နေရာကနေပဲ လုပ်မှာပါ။
DVB ဟာ မြန်မာပြည် ပြန်ခွင့်ရမယ် ဆိုရင် တကယ်ပြန်ပြီး လုပ်ဖို့ ရှိပါတယ်။ နဂိုကတည်းက အများပြည်သူနဲ့ ဆိုင်တဲ့ သတင်းမီဒီယာတခုလို့ ပြောပြီးသားပါ။
(ကိုတိုးဇော်လတ်၊ ဒီမိုကရက်တစ် မြန်မာ့အသံ သတင်းဌာန၊ ထိုင်းနိုင်ငံဌာနခွဲ တာဝန်ခံ)
< Prev | Next > |
---|