အို … ဘယ့် … လွှတ်တော်

နေပြည်တော်ရှိ ဧက ဒဿမနေ့မြောက် လွှတ်တော် အစည်းအဝေး အတွင်း ဦးရုက္ခစိုးတို့အဖွဲ့ ရောက်နေကြ ပြန်လေပြီ။ တင်ပြသူက တင်ပြ၊ ပယ်ချသူကပယ်ချ၊ ဆွေးနွေးသူက ဆွေးနွေး၊ အိပ်ငိုက်သူက အိပ်ငိုက်၊ အချဉ်ထုပ်ခိုးစားသူက ခိုးစားနှင့် အလွန်အသက်ဝင်လှသော လွှတ်တော်ကြီးပေတကားဟု ဦးရုက္ခစိုး မှတ်ချက် ပြုမိသည်။

cmnatပထမဦးစွာ တဲကြီးမြို့နယ် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးတဲကြီးက အဆိုတင်သွင်းရန် မတ်တပ်ရပ်လိုက်သည်။

တဲကြီး။     ။ ကျနော်တို့ မြို့နယ်မှာ အရင်ကဆို ရထားတွေ ရပ်ပါတယ်။ အခုကျတော့ ရထားက မရပ်တော့ ခရီးသည်တွေ ခုန်ခုန် တက်နေရပါတယ်။ အဲဒါကြောင့် တဲကြီးက ခရီးသည်တွေ အဆင်ပြေဖို့ ၂ မိနစ်လောက်ဖြစ်ဖြစ် ရထားတွေ ရပ်ပေးဖို့ အစီအစဉ် ရှိမရှိ သိပါရစေ။

ရထားဝန်ကြီး။     ။ တဲကြီးမှာ ရပ်ရင် ကျန်တဲ့ တဲလတ်တို့၊ တဲကလေးတို့၊ တဲပေါက်စတို့၊ တဘက်ရပ်တဲတို့ … အဲဒီလို မြို့နယ် ၃၆ မြို့နယ်မှာပါ ရပ်မှတရားပါလိမ့်မယ်။ တမြို့မှ ၂ မိနစ်ရပ်ရင် ၃၆ မြို့ဆို ၇၂ မိနစ်ကြာပါမယ်။ အဲဒီတော့ အမြန်ရထား ဘဝကနေ အနှေးရထား ဖြစ်သွားပါလိမ့်မယ်။ ဒါဟာ ခေတ်မီတိုးတက်တဲ့ နိုင်ငံတော်သစ်ရဲ့ အင်္ဂါရပ်နဲ့ မညီတဲ့အတွက် မရပ်တော့ပါဘူး ခင်ဗျာ။ အဲဒီလို မရပ်ပေမယ့် ကျနော်တို့ ရထားတွေကို အရှိန်နည်းနည်း လျှော့ပေးပါမယ်။ အဲဒီလို အရှိန်လျှော့နေတဲ့အချိန်မှာ ခရီးသည်တွေအနေနဲ့ အဆင်ပြေသလို ခုန်တက်၊ ကျော်တက်၊ ခွတက်၊ ခိုတက် နိုင်ကြပါတယ်။

ရုက္ခစိုး။     ။ ဒါများ မေးနေရသေးတယ်။ မြန်မာပြည်က ရထားစီးတဲ့သူတွေ အားလုံး ကျွမ်းပြီးသားဥစ္စာ။

ဦးတဲကြီး၏ မေးမြန်းချက်ကို ရထားဝန်ကြီးက ဖြေကြားပြီးနောက် မေးခွန်းမေးရန် ထရပ်လိုက်သူမှာ မျောက်သစ်ကိုင်းလွတ် မြို့နယ် မဲဆန္ဒနယ်မှ ဒေါက်တာ မန်းကီးဖြစ်သည်။ ဒေါက်တာ မန်းကီးသည် ဒေါက်တာဖြစ်ကြောင်း သိသာစေရန်အတွက် လည်ပင်းတွင် နားကျပ်တခု ချိတ်ထားပြီး လက်ထဲတွင် ဆေးထိုးအပ်တချောင်း ကိုင်ထားသည်။

မန်းကီး။     ။ အခုဆိုရင် မြန်မာတပြည်လုံးမှာ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဆေးဝယ်လို့ ရနေပါတယ်။

ဒေါက်တာမန်းကီး အသံကျယ်သွားသည့်အတွက် သူ့ဘေးတွင် အိပ်ငိုက်နေသည့် ကြံ့ဖွံ့အမတ် ဦးစကြဝဠာ လန့်နိုးသွားပြီး ရုတ်တရက် ထရပ်ကာ “ထောက်ခံပါတယ်။ ထောက်ခံပါတယ်” ဟု အော်လိုက်သည်။ ဦးစကြဝဠာကို ထိန်းသည့်အနေဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေပန်းက စားပွဲခုံကို သစ်သားတူဖြင့် ၃ ချက်ခေါက်ပြီး သတိပေးလိုက်ရသည်။ ဦးစကြဝဠာ ကြောင်တောင်တောင်ဖြင့် ပြန်ထိုင်သွားမှ ဒေါက်တာမန်းကီး စကားဆက်သည်။

မန်းကီး။     ။ ဒီလိုရှိပါတယ်။ အခုလို လမ်းဘေးကွမ်းယာဆိုင်ကအစ နေရာတကာ ဆေးဝယ်လို့ ရနေတဲ့အတွက် လူတွေဟာ တော်ရုံ ဖျားတာနာတာဆို ဆေးခန်း မသွားတော့ပါဘူး။ အဲဒီလို မသွားတဲ့အတွက် ဆေးခန်းထိုင်တဲ့ ဆရာဝန်တွေ ဝင်ငွေ ထိခိုက်ပါတယ် … အဲ ယောင်သွားလို့ … အဲဒီလို ဆေးခန်းမသွားဘဲ ကိုယ့်ဘာသာ ဆေးဝယ်သောက်တဲ့အတွက် လူတွေဟာ ဆေးယဉ်တဲ့ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ အခုလို ရောင်းချခွင့် လက်မှတ်မရှိဘဲ နေရာတကာ ဆေးရောင်းနေတာကို ဟန့်တားဖို့ အစီအစဉ် ရှိ မရှိ သိချင်ပါတယ်။

ကျန်းမာရေးဝန်ကြီး။     ။ မြန်မာတနိုင်ငံလုံးက ကွမ်းယာဆိုင်တွေကို ဆေးမရောင်းဖို့ ဟန့်တားရတာ တော်တော် ခက်ပါလိမ့်မယ်။ ဘာလို့လဲ ဆိုတော့ ကွမ်းထဲမှာကိုက ဆေးက ပါပြီးသား မဟုတ်လား။ အခု မရောင်းနဲ့ ပြောလည်း ခဏနေ ပြန်ရောင်းမယ့်အတူတူ အာမက်တို့၊ မာမွတ်တို့၊ ကိုထွန်းတို့၊ အမာစိန်တို့ စတဲ့ ကွမ်းယာသည် အားလုံးအပါအဝင် စပ်ဆေး ရောင်းချနေတဲ့ သူတွေကို ဆေးရောင်းချခွင့် လက်မှတ် ထုတ်ပေးလိုက်မယ်၊ လက်မှတ်ကို ဒီအတိုင်း ထုတ်မပေးဘဲ တစောင် ဘယ်လောက် ဆိုပြီး ရောင်းရင် နိုင်ငံတော်ဘဏ္ဍာလည်း တိုးပါမယ်။ တချက်ခုတ် နှစ်ချက်ပြတ်ပေါ့ ခင်ဗျာ။

ဆက်လက်၍ ရလွတ်ပလွတ် မြို့နယ် မဲဆန္ဒနယ်မှ ကိုယ်စားလှယ် ဦးဘလွတ်ရွှတ်တက ၎င်းမြို့နယ်အတွင်းရှိ အမှိုက်ပုံးများကို အဝါရောင်များအစား အနီရောင်များဖြင့် လဲရန် အစီအစဉ်ရှိမရှိ မေးမြန်းရာ စည်ပင်ဝန်ကြီးက အနီရောင်သည် ရဲရင့်ခြင်း သဘောကို ဆောင်သော်လည်း အတိုက်အခံများ၏ သင်္ကေတ ဖြစ်နေကြောင်း၊ ထို့အပြင် စာတိုက်ပုံးနှင့် မှားနိုင်ကြောင်း၊ ထို့ကြောင့် အနီရောင်မသုတ်ဘဲ အပြာရောင် သုတ်ရန် ခွင့်ပြုကြောင်း ပြန်လည်ဖြေကြားသည်။

ဖိုးရှုပ်။     ။ (ဦးရုက္ခစိုးနား ကပ်၍) ဦးရုက္ခစိုး သူတို့ မေးနေ ဖြေနေတာတွေက သိပ်မမိုက်ဘူးနော်။

ရုက္ခစိုး။     ။ မင်းကလည်း … ဒီမှာက ဇာတ်တိုက် ထားပြီးသားတွေပဲ မေးခွင့် ရှိတာကွ။ ငါ့အလှည့်ကျ ကြည့်လိုက်။

ကြွက်စုတ်။     ။ ကျနော်ပျင်းလာပြီ … ပြန်ရင်ကောင်းမယ် ထင်တယ်။

ရုက္ခစိုး။     ။ နေစမ်းပါဦးကွာ … နည်းနည်းတော့ ရယ်ရပါတယ်။ ငါလည်း နတ်ကိုယ်စားလှယ်အနေနဲ့ မေးရဦးမှာ … ခဏလေးစောင့်။

ထို့နောက်တွင် ခါတွန်မြို့နယ် မဲဆန္ဒနယ်မှ ဦးခါးတွန့် မတ်တပ်ထရပ်သည်။

ခါးတွန့်။     ။ ကျနော်တို့ မြို့နယ်မှာ လမ်းတွေက မြေကြီးလမ်းတွေ ဖြစ်နေတဲ့အတွက် မိုးတွင်းဆို ဗွက်ပေါက်ပြီး နွေရာသီနဲ့ ဆောင်းရာသီဆို ဖုန်အရမ်းထပါတယ်။ အဲဒီလို မဖြစ်အောင် ဘာလုပ်ရမလဲ ဆိုတာသိချင်ပါတယ်။

လမ်းတံတားဝန်ကြီး။     ။ ကျနော်တို့ လမ်းတံတားဝန်ကြီးဌာနဟာ ဆိုလို့ရှိလို့ရှိရင် တနှစ်တနှစ်ကို လမ်းပေါင်း၊ တံတားပေါင်း နှစ်သိန်းရှစ်သောင်းလောက် ဖောက်လုပ်နေရလို့ အားတယ်လို့ကို မရှိပါဘူး။ ဒါပေမယ့် ဘာဖြစ်လို့လဲတော့ မသိဘူး ဖောက်ပြီးသား လမ်းတွေနဲ့ တံတားတွေဟာ တလတောင်မခံဘဲ ပျက်ဆီးသွားပါတယ်။ အဲဒါကြောင့် ပျက်နေတာကို ပြန်ပြင်လိုက်၊ ပြင်ပြီးသား ပြန်ပျက်လိုက်နဲ့ တိုင်ပတ်ပြီး ခါတွန်မြို့နယ်အထိ စီမံကိန်းက မရောက်လာနိုင်ဘူး ဖြစ်နေပါတယ်။ ဒါကြောင့် ဖုန်မထ၊ ဗွက်မပေါက်ရအောင် ခါတွန်မြို့နယ်မှာ ကိုယ်ထူကိုယ်ထ ကတ္တရာလမ်း ဖောက်ဖို့ တအိမ် တက်ဆင်း အလှူငွေ လိုက်ကောက်ပါလို့ အကြံပေးချင်ပါတယ်။

ကြွက်စုတ်။     ။ ဒါများ လွှတ်တော်ထိ လာမေးနေသေးတယ်။ ကိုယ့်ဘာသာ အစောကြီးကတည်းက အလှူခံပြီး လမ်းဖောက်လိုက် ပြီးနေပြီ။ 

ထို့နောက် ဂွတိုမြို့နယ် မဲဆန္ဒနယ်မှ ဦးဂွရှည်က လျှပ်စစ်မီး အချိန်မှန်မှန် မပျက်ဘဲ ပျက်ချင်သလို ပျက်နေသည့် အတွက် အချိန်မှန်မှန် ပျက်ပေးရန် အစီအစဉ်ရှိ မရှိမေးမြန်းရာ လျှပ်စစ်ဝန်ကြီးက ယခုကာလတွင် အကြောင်းကြောင်းသော အကြောင်းများကြောင့် အချိန်မှန်မှန် မပျက်ဘဲ ကြုံသလို မီးဖြတ်နေရသော်လည်း ၂၀၁၃ နှင့် ၂၀၁၄ တွင် လျှပ်စစ်မီးကို အချိန်မှန်မှန် ဖြတ်ပေးနိုင်ရန် စီမံကိန်းချ ဆောင်ရွက်နေပြီဖြစ်ကြောင်း ဖြေကြားသည်။

ဦးဂွတို၏ မေးမြန်းချက်ကို ဖြေကြားအပြီးတွင် ရန်ကုန်မြို့နယ် သင်းပိုင်ကျွန်းမြို့နယ်မှ ကိုယ်စားလှယ် ဦးသန်းကွန့် ထရပ် သည်။ ဦးသန်းကွန့်က မေးခွန်းမေးရန် ပါးစပ်ဟရုံရှိသေးသည် အိပ်ငိုက်နေသော ကိုယ်စားလှယ်တော်များက “ကန့်ကွက်ပါတယ်၊ ကန့်ကွက်ပါတယ်” ဟု ထအော်ကြသဖြင့် ဘာမှ မမေးလိုက်ရဘဲ ပြန်ထိုင်လိုက်ရသည်။

နောက်ဆုံးအနေဖြင့် နတ်ကိုယ်စားလှယ်တော် ဦးရုက္ခစိုးအား မေးမြန်းခွင့်ပြုရာ ဦးရုက္ခစိုး ထရပ်သည်။

ရုက္ခစိုး။     ။ ကျုပ် မေးချင်တာကတော့ ပြည်ပကို အကြောင်း အမျိုးမျိုးနဲ့ ရောက်နေတဲ့ နတ်တွေထဲမှာ နတ်မှုရေးရာ ကျွမ်းကျင်သူတွေ၊ နတ်ပညာရှင်တွေ အများကြီး ပါနေပါတယ်။ အဲဒီ နတ်တွေကို ပြန်လာဖို့ ခေါ် မခေါ်ဆိုတဲ့ ကိစ္စ သိချင်ပါတယ်။

ဦးရုက္ခစိုး၏ မေးခွန်းကို ဖြေရန် ပြည်ထဲရေးဝန်ကြီး ဒု ချိုကုပ်ကြီး ခိုခို ထလိုက်သည်။

ခိုခို။     ။ ဒါက မျိုးချစ်စိတ်ရှိတဲ့ အပေါ်မှာ မူတည်ပါတယ်။ နတ်တပါးချင်းစီရဲ့ မျိုးချစ်စိတ်ပေါ့ ခင်ဗျာ။ ကျနော်ကတော့ ပြန်လာပါလို့ မခေါ်လိုဘူး။ မျိုးချစ်စိတ်ရှိရင် ပြန်လာကြမှာပဲ။ ကျနော်တို့က ဘယ်နတ်ကိုမှ သွားကြပါလို့ မပြောခဲ့သလို ပြန်လာပါ လို့လည်း ပြောလို့မရပါဘူး။ နိုင်ငံကို ချစ်တဲ့နတ်က သူ့ဘာသာ ပြန်လာမှာပဲ။ တချို့နတ်တွေက နိုင်ငံခြားမှာ နတ်တက္ကသိုလ်တွေ သွားတက်ပြီး ခုန်ချလိုက်တာတွေ ရှိတယ်။ ဒါဟာ မျိုးချစ်စိတ် မရှိတာပဲလေ။

ရုက္ခစိုး။     ။ ဒါပေမယ့် မြန်မာပြည်မှာ ဒီနတ်တွေအတွက် နေရာမှ မရှိဘဲ။ နောက်ပြီး နတ်ပညာရှင်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းလည်း မရှိတော့ ဒီနတ်တွေ ဘယ်လို ပြန်လာမလဲ။

ခိုခို။     ။ ဒါက ဒီလိုရှိပါတယ် ဦးရုက္ခစိုး။ မြန်မာပြည်မှာ နတ်တွေအတွက် နေရာမရှိဘူး၊ အလုပ်အကိုင် အခွင့်အလမ်း မရှိဘူး ဆိုတာဟာ အကြောင်းပြချက် သက်သက်ပါ။ နတ်တွေနေစရာ သစ်ပင်တွေကို ခုတ်ပစ်တယ်ဆိုပေမယ့် တန်ဖိုးရှိတဲ့ နှစ်ရှည်ပင် ကြီးတွေကိုပဲ ခုတ်တာပါ။ ဒီလိုခုတ်ပေမယ့်လည်း တန်ဖိုးနည်း သစ်ပင်တွေ ထပ်စိုက်နေတာ အခုဆို တထွာသာသာ ရှိနေပါပြီ။ ဒီနတ်တွေ တကယ် အလုပ်လုပ်ချင်သပ ဆိုရင် အတိတ်စိမ်းတို့ အိပ်မက်ဂဏန်းတို့ ပေးဖို့ ချဲဒိုင်၊ နှလုံးဒိုင်တွေ နေရာအနှံ့ ရှိနေပါတယ်။ ဒါ့အပြင် ဝါသနာပါရင် ကလို့တောင် ရပါသေးတယ်။

ကြွက်စုတ်။     ။ အဲဒါ စပယ်ယာတွေ ကားထဲကို လူအပြည့်အသိပ် ထိုးထည့်ချင်ရင် ပြောတာမဟုတ်လား ဖိုးရှုပ်။

ဖိုးရှုပ်။     ။ ရှုး … တိုးတိုး။ သူ ပြောချင်တာက နတ်ကန္နားပွဲ ထင်တယ်ကွ။

ခိုခို။     ။ တကယ်က ကျနော်တို့ နိုင်ငံခြားမှာ သွားအလုပ်လုပ်ခွင့် ပြုထားတာ နတ်ပညာရှင်တွေ မပါပါဘူး၊ နတ် ဂျော်နီဝေါ့ကား အဲ ယောင်လို့ နတ် ဂျန်နရယ်ဝေါ့ကားလို့ ခေါ်တဲ့ နတ်အထွေထွေ လုပ်သားတွေပါ။ နတ်ပညာရှင်တွေက ပြည်တွင်းမှာပဲ ရှိနေကြရမှာပါ။

ကြွက်စုတ်။     ။ ဂျော်နီဝေါ့ကားက သူကြိုက်တာထင်တယ်ကွ။

ဒု ချိုကုပ်ကြီး ခိုခိုက “ပြည်ပကို တရားမဝင် အောက်လမ်းက ကိုယ်ဖျောက် ထွက်သွားတဲ့ နတ်တွေကို ကျနော်တို့က အာဆီယံနတ်ရဲတွေ၊ နိုင်ငံတကာ နတ်ရဲတွေနဲ့ ညှိနှိုင်းပြီး ဖမ်းဖို့ စီစဉ်သွားမှာပါ” ဟု ပြောရင်း သူ့အဖြေကို အဆုံးသတ်လိုက် သည်။

ဖိုးရှုပ်။     ။ ဟင် … ဖမ်းမယ် ဆိုတာကြီးပဲ။

ဦးရုက္ခစိုးမှာ အာဆီယံနတ်ရဲ၊ နိုင်ငံတကာ နတ်ရဲများနှင့် ညှိနှိုင်း ဖမ်းဆီးမည် ဆိုခြင်းကြောင့် မျက်နှာ ဆီးရွက်ခန့်သာ ရှိတော့သည်။

ရုက္ခစိုး။     ။ ဒါ … ဒါဆို … ကျုပ်တို့လို ဟိုဘက် ဒီဘက် နှစ်ဘက် ခွထိုင်နေတဲ့ နတ်တွေကိုကော။

ခိုခို။      ။ ဟာ ကျနော်တို့က ဟိုလိုလို ဒီလိုလိုတွေကို ဝဲလ်ကမ်းပါ။ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို မနှောင့်ယှက်ဘူး ဆိုရင် အိုကေပါတယ်။

ရုက္ခစိုး။     ။ တည်ငြိမ်အေးချမ်းမှုကို မနှောင့်ယှက်ဘူး ဆိုတာ ဘာနဲ့ တိုင်းပါသလဲ။ ၁၉၅၀ လောက်က ပြဌာန်းထားတဲ့ လိုရင်လိုသလို ဆွဲစေ့နိုင်တဲ့ ၅ ည နတ်ဥပဒေကြီးကိုကော ဖြုတ်ဖို့ အစီအစဉ် ရှိပါသလား။

ခိုခို။     ။ အဲဒါကတော့ ဖြုတ်လို့မရပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ဒီဥပဒေက သားရေကွင်းကဲ့သို့ ဆန့်နိုင်ကျုံ့နိုင်သော ဥပဒေ ဖြစ်နေလို့ပါ။ အခုကိုပဲ ကြည့် … ဦးရုက္ခစိုးက နတ်တွေဆူပူအောင် သွေးထိုးလှုံ့ဆော်တဲ့ မေးခွန်းမျိုးတွေ မေးနေတယ်။ ဦးရုက္ခစိုးနဲ့ ပါလာတဲ့ ဂျာနယ်လစ်လိုလိုဘာလိုလို နှစ်ယောက်က တိုးတိုး တိုးတိုးနဲ့ ကိုယ်စားလှယ်တော်ကြီးတွေ အမြင် ဝေဝါးစေမယ့် စကားမျိုးတွေ ပြောနေတယ်။ ဒီလို လူမျိုးတွေကို ဖမ်းဖို့ ဒီဥပဒေက ပြဌာန်းထားတာပါ … ဒီတော့ … ဒီဥပဒေဟာ …. ဟာ …။

ဒု ချိုကုပ်ကြီး ခိုခို၏ စကားမဆုံးခင် အတွင်းသိ အစင်းသိ … အခြေအနေမှန်ကို သိထားသော ဦးရုက္ခစိုး၊ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ လွှတ်တော် မလွယ်ပေါက်မှတဆင့် ဖဝါးနှင့်တင်ပါး တသားတည်းကျအောင် ဒုန်းစိုင်း၍ ပြေးနှင့်ပြီး ဖြစ်လေတော့ သတည်း။     ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်