စန္ဒာခိုင်ရဲ့ Naked Truth

ပန်းချီ ဆရာမ စန္ဒာခိုင် သည် မြန်မာပြည် ရန်ကုန် မြို့တွင် နေထိုင်သူ ဖြစ်ပြီး Nude ပန်းချီ ကားပေါင်း ၆၀ ခန့်နှင့် တခြားသော ပန်းချီကား များစွာကို ရေးဆွဲခဲ့သူ ဖြစ်သည်။ ၎င်းသည် ၁၉၉၄ ခုနှစ်မှ စ၍ ပန်းချီ ဖေညွန့်ဝေ၊ ပန်းချီ ၀င်းဖေမြင့် အစရှိသည့် မြန်မာပန်းချီ ဆရာများထံတွင် ပန်းချီပညာကို လေ့လာ ဆည်းပူးခဲ့သည်။

ယခု ပန်းချီ စန္ဒာခိုင်၏ ချင်းမိုင်မြို့ Loren Knutson’s House တွင် The Naked Truth အမည်ရှိ ပန်းချီကား ပေါင်း ၄၀ ခန့် ပြသထားသည့် Nude ပန်းချီပြပွဲနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်း၍ ဧရာဝတီ ပရိသတ်အတွက် ဖော်ပြလိုက်ပါသည်။

မေး။     ။ အခု ဒီပြပွဲမှာ ပြထားတဲ့ အ၀တ်မပါတဲ့ ပန်းချီကား(Nude painting)တွေကို ဘယ်လို စိတ်ကူးရပြီး ဆွဲဖြစ်သလဲဆိုတာ ပြောပြပေးပါ။

ဖြေ။     ။ ၉၆ မှာစပြီး မော်ဒယ်လ်တွေငှားရေးတာက စရေးဖြစ်တာပါ၊ အဲဒီတုန်းက မော်ဒယ်က အပိန်လေးတွေ၊ အလှရေးတာ၊ ဆရာတွေနဲ့ စုရေးကြတာ၊ နောက်ကြတော့ အိမ်က အစ်မ ၀ တာကို စိတ်ဝင်စားပြီးသူ့ကို မော်ဒယ်လ် ထိုင်ဖို့ ခွင့်တောင်းတယ်၊ ထိုင်ပေးမလားပေါ့၊ ပထမတော့ ငြင်းတယ်၊ နောက်တော့ သူထိုင်းပေးတာနဲ့ အ၀ တွေကို ရေးဖြစ်တာ ၁၀ နှစ်လောက်ရှိပြီ၊ အ၀ တွေချည်းပဲ တောက်လျှောက်ရေးလာတာ၊ ကားများလာတော့ ပြပွဲလုပ်ချင် လာတယ်၊ ကား အားလုံး ၆၀ လောက်ရှိတယ်၊ အခု ဒီမှာတော့ ပြဖြစ်သွားတာပေါ့၊ အကုန်လုံး အခရိုက်လစ် ဆေး(Acrylic paint) တွေနဲ့ပဲ ရေးထားတာ။

ကျမ ၉၆ က စပြီး ကိုနေမျိုးဆေးတို့ နဲ့ တပတ် မော်ဒယ်တယောက်လောက် ဆွဲတာ၊ တခါတလေ မော်ဒယ်က ပျောက်သွားတယ်၊ နောက်တလ ရရင် ပြန်ရေးပေါ့၊ နောက်တော့ သူရှာလိုက် ကိုယ်ရှာလိုက်နဲ့ တနှစ်လောက် တောက်လျှောက် ဆွဲဖြစ်ပြန်ရော၊ နောက်မဆွဲဖြစ် ပြန်ရော။

နောက်တော့ ကျမ အစ်မပေါ့ ၊ သူကျောင်းပြန်လာရင် တအားပင်ပန်းလာတယ်၊ အ၀တ်တွေဘာတွေကို ချွတ်ပစ် လိုက်တာ၊ သူ ကောင်းကောင်း အနားယူနေတယ်၊ သူ့ကို ကျမ ကြည့်ပြီးတော့ ငါ့ကို မော်ဒယ် ထိုင်ပေးပါလား၊ ငါ အရမ်းဆွဲချင်လို့ပါ၊ ငါ့ မှာ မော်ဒယ်လည်း မရှိဘူးပေါ့၊ အဲဒီ တုန်းက ရူးတာလေ၊ အဲဒါပဲ ဆွဲချင်နေတာ၊ တခြားဘာ မှ မဆွဲချင်ဘူး။

ကားဂိတ်သွားတာ ၊ ကားမှတ်တိုင်မှာ လူတွေကို အဲဒီလိုတွေပဲ မြင်လာတယ်၊ မျက်စိထဲမှာလေ၊ ကိုယ့်ဟာ ကိုယ် ကိုယ့်စိတ်ထဲမှာ အ၀တ်တွေချွတ်ကြည့်နေတာလေ ၊ လှတာ မလှတာကို မဟုတ်ဘူး၊ သူတို့ ခန္ဓာကိုယ် အချိုး အစားကို ကြည့်ပြီး ဆွဲလို့ အရမ်းကောင်းမှာပဲပေါ့၊ အာရုံနဲ့ကို ဆွဲနေတာ ၊ အဲဒါ လမ်းမှာ တောက်လျှောက်ပဲ၊ တွေ့သမျှလူတွေကို လိုက်ကြည့်တာ၊ ၀ တာတွေမြင်လည်း လိုက်ကြည့်တာ။

အဲဒါ အစ်မက စပြီးထိုင်ပေးတာနဲ့ တော်တော်တော့ အဆင်ပြေသွားတယ်၊ သူထိုင်ပေးတဲ့ အချိန်မှာ ကြိုက်သွား တာ၊ လိုင်းတွေက အများကြီးလေ၊ ကျမ ဆွဲတာက တနှစ် ၂ နှစ်က အပိန်လေးတွေ ၊ အ ၀ တွေဆွဲပြီး ကျမ ဆရာတွေကို ပြတော့ တအားကောင်းတယ်တဲ့၊ နင့် အစ်မ ထိုင်ပေးတာ ကံကောင်းတာပဲတဲ့၊ ဆက်ဆွဲ ဆိုတော့ တောက်လျှောက် အစ်မကိုဆွဲတာ အခုအချိန်အထိပဲ၊ အစ်မက ထိုင်ပေးတာ၊ အမေတို့တော့ သိလို့မရဘူး၊ သိလို့ကတော့ လုံးဝ မရဘူး၊ အမေတို့က ဒါကို ပန်းချီ မဟုတ်ဘူးပေါ့၊ ပြည်တွင်းမှာ အခက်အခဲရှိတယ်။

မေး။     ။ အခု ရေးထားတာအများစုက အမျိုးသမီး ၀၀ တွေကို လိုင်းအထူတွေနဲ့ အပျော့ သဘောမျိုး တွေ့ရတယ်၊ ဒါပေမယ့် အားရှိတယ်လို့ ထင်တယ်၊ အဲဒါမျိုးကို နှစ်သက်ပြီးရေးတာလား။

ဖြေ။     ။ ကျမ ရေးတဲ့ အချိန်မှာတော့ ဘာမှ မရှိဘူး၊ လိုင်းပျော့ရမယ်၊ မာရမယ်လို့ မဟုတ်ဘူး၊ မော်ဒယ်ကို ကျမ မြင်တဲ့ အတိုင်းဆွဲလိုက်တာပဲ၊ ပျော့တယ်၊ မာတယ်ဆိုတာက လက်က သူ့ဟာသူဖြစ်သွားတယ်။

မေး။     ။ အခု ပြထားတဲ့ ၀ ၀ အသားများများ၊ အဆီတွဲတွဲ အမျိုးသမီး Nude ပုံတွေ ကို ကြည့်တဲ့ လူအတွက် ဘယ်လို ခံစားမှု မျိုးကို ပေးစေချင်လို့ ရေးထားတာလဲ။

ဖြေ။     ။ ပိန်တဲ့လူတွေမှာလည်း အလှရှိတယ်၊ ၀ တဲ့ လူတွေမှာလည်း အလှရှိပါတယ်၊ ၀ တဲ့ လူက ရေးစရာ လိုင်းတွေက ပိုများတယ်၊ လိုင်းအလှတွေကို ပိုတွေ့ရတာပေါ့၊ ကျမစိတ်အထင်ပေါ့၊ ဗိုက်အခေါက် ၂ ထစ် ၃ ထစ်တွေ၊ ကျောကုန်း မှာဆိုလည်း အထစ်တွေ၊ ပေါင်တွေမှာဆိုလည်း အရစ်တွေ အဲဒါတွေက လိုင်းရဲ့အလှတွေ၊ အဲဒါ တွေကို ရေးတာပါပဲ။

မေး။     ။ အမျိုးသား Nude ပုံတွေ ၇ ပုံလောက်ကိုလည်း တွေ့ရတယ်၊ အဲဒီ ပုံတွေကျတော့ရော အလှသဘောပဲ လား။
 
ဖြေ။     ။ အလှသဘောပါပဲ၊ လိုင်းတွေကိုပဲ ခံစားပြီးရေးတာပါ၊ ကျမကို ပြောကြတယ်၊ အမျိုးသားတွေကိုရောမရေး ဘူးလား တဲ့၊ အဲဒါနဲ့ရေးဖြစ်တာပါ၊ ဒါပေမယ့် အမျိုးသား Nude ပုံ ဆွဲဖို့က ခက်တယ်၊ မော်ဒယ် ထိုင်ပေးဖို့ ရှား တယ်၊ အမျိုးသမီးလည်း ရှားတာပါပဲ၊ အခုရေးတဲ့ ပုံတွေအားလုံးကတော့ မော်ဒယ်တွေရှိတယ်၊ ကျမက အရွယ်စုံ ကို ရေးချင်တာ၊ ကျမ က ယောက်ျား မိန်းမ ရယ်လို့ မဟုတ်ဘူး၊ ထိုင်ပေးတဲ့သူကို ရေးမှာပဲ၊ ဘာစိတ်မှ မရှိဘူး၊ အဲဒီလိုင်းတွေကို ရေးမှာ။

မေး။     ။ အမျိုးသား Nude ပုံ ဆွဲရတာနဲ့ အမျိုးသမီး Nude ပုံတွေ ဆွဲရတာ ဘာကွာခြားမှုရှိလဲ၊ ဖွဲ့စည်းပုံအရ ဆိုရင် နည်းနည်းကွာမယ်လို့ထင်တယ်၊ ခံစားမှုရော တူလား။

ဖြေ။     ။ အတူတူပါပဲ၊ ခံစားရတာက အတူတူပါပဲ၊ ပရိသတ်ကိုလည်း အဓိက လိုင်းတွေပဲပြချင်တာပါ၊ လိုင်းရဲ့ အလှတရား တွေပေါ့၊ ဒါပေမယ့် သူ့ဟာသူ ခံစားသွားပါလိမ့်မယ်၊ ကျမ မပြောတတ်ဘူး၊ ကျမ Figure (လူပုံ) တွေလည်း ဆွဲတယ်၊ Landscape (ရှုခင်း)တွေလည်း ဆွဲတယ်၊ Nude ပုံတွေလည်းဆွဲတယ်၊ ကြိုက်တာတော့ အကုန်လုံးကြိုက်တယ်၊ အကုန်လုံးကို ဆွဲတယ်။

မေး။     ။ အခု Nude ပုံတွေကို ပြည်တွင်းမှာရော ပြပွဲလုပ်ဖြစ်လား။   

ဖြေ။     ။ ပြဖြစ်တယ်၊ ပြင်သစ်သံရုံးမှာပါ၊ ဒီမလာခင် ၇ လလောက်ရှိပြီ၊ အပြင်မှာမှ ပြလို့မရတာ၊ အဲဒီမှာ ပြတဲ့ ကား ၄၀ ထဲက ဒီကို သယ်လာတာပါ တယ်၊ ကားအသေးတွေ၊ အဲဒီ အထဲက ၆ ကား ရောင်းရတယ်၊ ၀ယ်တာက နိုင်ငံခြားသား၊ သံရုံးပဲပြလို့ရတယ် လေ၊ အပြင်မှ ပြလို့မရတာ၊ အိမ်မှာ ဆွဲပြီးရင်လည်း အ၀တ်အကြီးကြီးနဲ့ အုပ်အုပ် ထားရတယ်၊ အမေ ဆူလို့၊ ဒါပေမယ့် မြန်မာပြည်မှာ Nude ဆွဲတဲ့ ပန်းချီဆရာတွေအတော်များပါတယ်။

ပြပွဲကို ကိုယ်ပြချင်တာတွေမပြရဘူး၊ အခက်အခဲ ရှိတယ်၊ နေရာတို့ဘာတို့ပေါ့၊ အဲဒီသံရုံးပွဲ တပွဲပဲပြဖြစ်တယ်၊ ကျမ ပြချင်တာတွေ မစုံသေးဘူး၊ ဟိုမှာ ဒီလို ၄ ပေ ၅ ပေ ကား ၂၅ ကားလောက်ရှိသေး တယ်၊ ကားအကြီးတွေ၊ ကျမက တစုတစည်းတည်း အကုန်ပြချင်တာ၊ ကားတွေက အကြီးတွေဆိုတော့ ရန်ကုန် မှာ ပြဖို့ကလည်း မလွယ် ဘူး။

မေး။     ။ ဒီလိုကားတွေကို ရန်ကုန်က ပြင်သစ် သံရုံးမှာလည်း ပြခဲ့တယ်၊ အခု ဒီမှာလည်းပြတဲ့အပေါ်မှာရော စိတ်ကျေနပ်မှုရှိလား။   

ဖြေ။     ။ ပျော်တာပေါ့နော်၊ ပြလိုက်ရတယ်ပေါ့၊ ဆွဲတုန်းကတော့ ပြဖို့ မဟုတ်ဘူး၊ ကားတွေ များလာတော့ ထုတ်ပြချင်တာပေါ့။

မေး။     ။ ဒီ Nude ပန်းချီတွေရေးတဲ့အခါမှာ တွေ့ကြုံရတဲ့ အခက်အခဲပေါ့၊ မော်ဒယ်ရှာရတာမျိုးက အစ ပြောပြ ပေးပါဦး။

ဖြေ။     ။ မော်ဒယ်ရှာရတာတော့ အတော်လေး ပင်ပန်းတယ်၊ ရတဲ့ မော်ဒယ်ကလည်း ဟို မကောင်းတာလုပ်စားတဲ့ မိန်းကလေး တွေပဲများတယ်၊ သူတို့က ဟိုလိုမျိုးပဲ လုပ်စားတာ၊ ပန်းချီဆရာ ၃-၄ ယောက်ရှေ့မှာ ထိုင်မပေးရဲဘူး၊ မထိုင်လည်း မထိုင်ဖူးဘူးပေါ့၊ ကျမတို့က သူတို့နဲ့ မိသားစုလို နေပြီးတော့ အလှတရားကို ရေးမှာ ဆိုပြီး ပြောပြရတယ်၊ နောက်ပိုင်းတော့ သိသွားတော့ ထိုင်ချင်လာတယ်၊ ကျမတို့ကလည်း နွေးနွေးထွေးထွေး ဆက်ဆံတာ၊ သူတို့က ပြောတယ်၊ ကျမတို့ကတဲ့ ဟိုလိုမျိုးပဲလုပ်တာ၊ ဒီလို မထိုင်ဖူးဘူးတဲ့၊ တော်တော် ပြောယူရတယ်။

တခါတလေ တလ ၂ လ လောက်ထိုင်ပေးပြီး ပျောက်သွားပြန်ရော၊ တအား ခက်တယ်၊ လူကောင်းတွေက လုံးဝ ထိုင်မပေးဘူး၊ မိန်းမကောင်းတွေက လုံးဝမထိုင်ဘူး၊ ကျမ ညီမ ၀မ်းကွဲ တယောက်ဆို ထွက်ကို ပြေးတာ။  

မေး။     ။ တခြား အကြောင်းအရာတွေကို ဆွဲဖြစ်တာရောရှိလား။

ဖြေ။     ။ ကျမ ၂၀၀၆ တုန်းက ပုဂံ နံရံ ဆေးရေးပန်းချီတွေ ဆွဲပြီး ပြပွဲ တပွဲလုပ်ဖြစ်ခဲ့သေးတယ်လေ၊ ၄ ပေ ၅ ပေ လောက်ရှိတဲ့ ကား ၂၀ လောက်ရှိတယ်။

မေး။     ။ နောက်တခုက လူရဲ့စရိုက်ကို အဓိကထား ပေါ်အောင်ရေးတဲ့ကားမျိုး၊ မျက်လုံးတို့လိုဟာမျိုးပေါ့၊ ဟန်ပန် တို့လို၊ လူရဲ့အတွင်းစိတ်မှာရှိတာကိုရေးတာမျိုး၊ ဒေါသဖြစ်နေတာတို့၊ ၀မ်းနည်းနေတာတို့၊ ပျော်တာတို့ အဲဒါမျိုး တွေကို ရေးတာမျိုးရော ပြောပြပါဦး။

ဖြေ။     ။ အခုပြပွဲမှာပါတဲ့ ပါးစပ်ကို ဟပြီးအော်နေတဲ့ကားက အဲဒါမျိုး၊ အဲဒီကားကို ရေးတဲ့အချိန်မှာ ကျမ စိတ်က အဲဒီလို ခံစားမှုမျိုး ဖြစ်နေတယ်လေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်