“စစ်တပ်ထဲကို ပဲခူး ပြည်ခိုင်ဖြိုးကနေပြီးတော့ အောက်ခြေ တပ်သားတွေကို ၀င်စည်းရုံးတယ်၊ တပ်သားတွေက မင်းတို့ နိုင်ငံရေး ကိစ္စတွေ ဒီဘက်မှာ ၀င် စည်းရုံးတဲ့ ကိစ္စတွေ မလုပ်နဲ့ မလာနဲ့၊ ပြည်ခိုင်းဖြိုးကလည်း သူတို့ကိုယ် သူတို့ လုပ်ခွင့်ရှိတယ် ဘာညာနဲ့ ပြောတယ်၊ စစ်တပ်ဘက်ကလည်း လက်မခံတဲ့ အကြောင်း ပြန်ပြောတယ်၊ ပြောရင်းပြောရင်းနဲ့ တယောက်နဲ့ တယောက် အချေ အတင် စကားများပြီးတော့ ရိုက်နှက်တဲ့ အထိ ဖြစ်ကုန်တယ်”ဟု ပဲခူးမြို့ခံတဦးက ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ရိုက်နှက်မှု ဖြစ်ပွားခဲ့သောကြောင့် သက်ဆိုင်ရာ တပ်ရင်းမှူးက ဖြေရှင်းပေးခဲ့ရကြောင်းလည်း ၎င်းက ဆိုသည်။
< Prev | Next > |
---|