ကြိုတင်မဲ မပေးသောကြောင့် ဧည့်စာရင်းမရ

သန်လျင်မြို့ ပြန်ကြားရေး ဝန်ကြီးဌာနပိုင် ဈေးဆိုင် တိုက်ခန်းများတွင် ဧည့်စာရင်းဖြင့် နေထိုင်သူ များအား မိမိဒေသသို့ မဲပြန်မပေးဘဲ ကြိုတင်မဲ ပေးကြရန်၊ မဲပေးရာတွင်လည်း ကြံ့ဖွံ့ပါတီကိုသာ ပေးရန် အာဏာပိုင် များက လာပြောကြောင်း သိရသည်။ ထိုနေရာတွင် နေထိုင်သူများက ကြိုတင်မဲ မပေးဘဲ မိမိ ဒေသ တွင်သာ မဲပြန်ပေးမည်ဟု ပြောဆိုရာ ယမန်နေ့ ညမှ စတင်၍ ဧည့်စာရင်း ထုတ်မပေးတော့ဘဲ ဈေးဆိုင်တန်းများမှ နှင်ထုတ်ခဲ့ကြောင်း ကိုယ်တွေ့ ကြုံရ သူများက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်