ရန်ကုန်မြို့ ရန်ကင်းမြို့နယ်တွင် မဲရုံအမှတ် ၁ နှင့် ၂ တို့ကို မဲလာပေးသူ များပြားကြောင်း၊ သို့ရာတွင် အများစုမှာ မဲ မဖြစ်မနေ လာပေးရမည်ဟု ပြောဆိုထားသောကြောင့် အာဏာပိုင်နှင့် ပြဿနာမတက်ချင် သောကြောင့် လာပေးကြခြင်း ဖြစ်ကြောင်း၊ အများစုမှာ ပယ်မဲဖြစ်သွားရန်သာ ပြုလုပ်ခဲ့ကြကြောင်း ကြားသိရသည်။ အဆိုပါ မဲရုံတရုံစီအတွက် မဲပေးရမည့်ဦးရေ ၈၀၀ ကျော်စီ ရှိကြောင်း သိရသည်။