ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ပေါ်နှင့် ကျေးရွာ တချို့တွင် မဲလာပေးသူ အနည်းငယ် ရှိကြောင်းသိရသည်။ မဲလာပေးသူ အများစုမှာ လေဘေးဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသသည့် ရပ်ကွက်များနှင့် ကျေးရွာများမှ မဟုတ်ကြောင်းလည်း သိရသည်။ ကျောက်ဖြူမြို့ပေါ်မှ မဲပေးခဲ့ပြီးသူတချို့ကို ဧရာဝတီက မေးမြန်းကြည့်ရာ ရခိုင်မိဘများမှ မွေးထား၍ ရခိုင်လူမျိုး သီးသန့် ပါတီကိုသာ ရွေးချယ် ပေးခဲ့သည်ဟု ပြောဆိုပြီး တဦးကမူ ကြံ့ဖွံ့ပါတီနှင့် နီးစပ်သူဖြစ်၍ ကြံ့ဖွံ့ပါတီကို ပေးခဲ့ကြောင်း ဖြေသည်။