RNDP အမတ်များကို ကြံ့ဖွံ့ပါတီ ဆက်တိုက် တရားစွဲဆို

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) ၏ အနိုင်ရ ကိုယ်စားများအား ကြံ့ဖွံ့ပါတီက တရားစွဲဆိုမှုများ ဆက်တိုက် လုပ်ဆောင်လျက်ရှိရာ ၉ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း RNDP ပါတီ၏ ဥက္ကဋ္ဌ ဒေါက်တာ၏အေးမောင်က ပြောသည်။ ကြံ့ဖွံ့ပါတီ၏ လုပ်ရပ်သည် ဥပဒေမဲ့ လုပ်ရပ်ဖြစ်ပြီး တိုင်းရင်းသားအချင်းချင်း သွေးကွဲစေကြောင်း ၎င်းက ဆက်ပြောသည်။ RNDP ပါတီသည် ကိုယ်စားလှယ် ၄၄ ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၃၅ ဦးအနိုင်ရခဲ့သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်