ထားဝယ် ရေနက်ဆိပ်ကမ်း ဒေသ ပိုင်ဆိုင်မှုစာရင်းကောက်

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရေဖြူ မြို့နယ်တွင် တည်ဆောက်မည့် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း ဧရိယာ အတွင်းရှိ ကျေးရွာ ဒေသခံများ၏ ပိုင်ဆိုင်မှုစာရင်းကို ယခု ရက်ပိုင်းအတွင်း စတင်ကောက်ယူနေကြောင်း သိရှိရသည်။ ယင်း ဧရိယာအတွင်း ရှိ ကျေးရွာ ၁၉ ရွာတွင် ပိုင်ဆိုင်သော အိမ် အမျိုးအစား၊ လူဦးရေ၊ စိုက်ပျိုးသီးနှံ တို့ကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဦးစီးဋ္ဌာန၊ မြေစာရင်းဋ္ဌာန တို့က ကောက်ယူနေခြင်းဖြစ်သည်ဟု ကျေးရွာမှ ဒေသခံတဦးက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်