NLD ရပ်တည်ခွင့် အယူခံ နေပြည်တော် တရားရုံးချုပ် ပယ်ချ

NLD ရပ်တည်ခွင့် အထူးအယူခံကို နေပြည်တော်တရားရုံးချုပ် က ယနေ့ ပယ်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။ ယခု ပယ်ချ လိုက်ခြင်းသည် တရားရုံးပိုင်းဆိုင်ရာအမြင့်ဆုံး အဆင့် ပယ်ချ လိုက်ခြင်းဖြစ်ကြောင်း၊ တရားနည်းလမ်းဆိုင်ရာ နောက်ဆုံး အဆင့် အဖြစ် တရားသူကြီးချုပ်ထံတိုက်ရိုက် တင်ပြရန်သာ ရှိတော့ကြောင်း၊ ယင်းသို့ တင်ပြရန်နှင့် ပတ်သက်ပြီး NLD ဥပဒေ အထောက် အကူပြု အဖွဲ့၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ညှိနှိုင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း ရှေ့နေ ဦးကျော်ဟိုး က ဧရာဝတီသို့ ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်