ရယက ဥက္ကဋ္ဌနှင့်အဖွဲ့ ဝိုင်းရိုက်သဖြင့် RNDP ပါတီဝင်တဦး ဆေးရုံတင်ထားရ

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ပိုက်ဆိပ်ရပ်ကွက် ရယက ဥက္ကဋ္ဌ ဦးခင်မောင်စိုး၊ နယ်ထိန်းရဲတပ်ကြပ် ဦးစောလှထွန်းနှင့် အပေါင်းပါများက ဇန်န၀ါရီ ၃၀ ရက်နေ့က ရယက ရုံးအတွင်း လူတဦးအား မတရား အနိုင်ကျင့် ရိုက်နှက်သည်ကို အဆိုပါ ရပ်ကွက် မီးကင်းစောင့်တာဝန်ကျသည့် RNDP ပါတီဝင် ကိုဇော်နိုင်က ဝင်ရောက် ဖျန်ဖြေခဲ့သည်။ ထိုသို့ ဝင်ရောက် ဖျန်ဖြေသည်ကို မကျေနပ်သည့် အရက်မူးနေသော ရယက ဥက္ကဋ္ဌနှင့် အဖွဲ့က ကိုဇော်နိုင်ကို ဝိုင်းရိုက်ကြသဖြင့် ၎င်းပါးစပ်မှ သွေးအန်ကာ ကျောက်ဖြူဆေးရုံ အရေးပေါ်၌ တင်ထားရကြောင်း ဒေသခံများက ပြောသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်