ဒုတိယသမ္မတများအတွက် ဆန်ခါတင်စာရင်းထွက်

ယနေ့ လွှတ်တော် အစည်းအဝေးတွင် ဒုတိယ သမ္မတများ အတွက် ဆန်ခါတင်စာရင်းကို ပြည်သူ့လွှတ်တော်မှ  ဦးသိန်းစိန် (ကြံ့ဖွံ့ပါတီ) နှင့် ဦးစောသိန်းအောင် (ဖလုံ - စဝေါ် ဒီမိုကရက်တစ်ပါတီ)၊ အမျိုးသားလွှတ်တော်မှ ဒေါက်တာ စိုင်းမော်ခန့် (ကြံ့ဖွံ့ပါတီ)နှင့် ဒေါက်တာအေးမောင် (RNDP)၊ တပ်မတော်သား ကိုယ်စားလှယ်အဖြစ် အတွင်းရေးမှူး ၁ သီဟ သူရ ဦးတင်အောင်မြင့်ဦးတို့ကို တင်သွင်းထားသည်ဟု ကြားသိရသည်။ ၎င်းတို့ကို အရည်အချင်းပြည်မီခြင်း ရှိ၊ မရှိ စိစစ်ပြီး သဘက်ခါတွင် ဒုတိယသမ္မတ ၃ ဦးကို မဲခွဲရွေးချယ်မည် ဖြစ်သည်။ မနက်ဖြန် လွှတ်တော် ၁ ရက်နားမည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်