နေပြည်တော် ၀က်ရောင်းဝယ်သူများ မွေး/ကု ထောက်ခံစာ ယူရမည်

နေပြည်တော်ခရိုင်အတွင်း ၀က်နားရွက်ပြာရောဂါ ဖြစ်ပွားနေ သည့်အတွက် ၀က်များရောင်းဝယ်ရာတွင် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန(မွေး/ကု) ၏ ကျန်းမာကြောင်း ထောက်ခံ ချက် ယူရမည်ဖြစ်ကြောင်း သတင်းရရှိသည်။ နေပြည်တော် တွင် ၀က် နားရွက်ပြာ ရောဂါ ဖြစ်ပွားမှု ထောင်ဂဏန်း ရှိပြီး သေဆုံးမှု ရာဂဏန်းခန့်ရှိကြောင်း ဒေသခံ ၀က်မွေးမြူသူများက ပြောသည်။ ဧပြီ ၁၉ ရက်က ပျဉ်းမနားမြို့နယ် မွေး/ကု ဌာနတွင် ပြုလုပ်သည့် ၀က်နားရွက်ပြာ ရောဂါအကြောင်း ပညာပေးဟောပြော ပွဲ၌ မွေး/ကု ဦးစီးဌာန ဒု ညွှန်ချုပ် ဒေါက်တာ အောင်ကြီးက နေပြည်တော်ခရိုင်တွင် ၀က်နားရွက်ပြာ ရောဂါ ဖြစ်ပွားနေကြောင်း တရားဝင်ပြော ကြားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်