ရတနာပုံ အင်တာနက် ၅ နာရီကြာ ရပ်ဆိုင်းမည်

ယနေ့ည ၁၂ ရီမှ နောက်တနေ့ မနက် ၅ နာရီအထိ ရတနာပုံ တယ်လီပို့ အင်တာနက် ဝန်ဆောင်မှုများ ၅ နာရီကြာ ခေတ္တရပ်ဆိုင်းမည်ဟု ရတနာပုံ တယ်လီပို့မှ အကြောင်းကြားကြောင်း ပြည်တွင်းမှ အင်တာနက်ဆိုင်များက ပြောသည်။ ယင်းသို့ ရပ်ဆိုင်းထားရခြင်းမှာ မြန်မာ့ စာတိုက်နှင့် ကြေးနန်း (MPT) လက်အောက်မှ ဟံသာဝတီ နိုင်ငံတကာ Gateway ရှိ ပင်မ ကွန်ရက် ထိန်းသိမ်းပြုပြင်ရန် လိုအပ်သောကြောင့် ဖြစ်ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် အဓိက အင်တာနက် ဆာဗာ နှစ်ခုရှိပြီး မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့ ဖြစ်သည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်