အရှင် ဂမ္ဘီရတို့ နိုင်ငံရေး အကျဉ်းသား ရပိုင်ခွင့် တောင်းဆို

စစ်ကိုင်းတိုင်း ကလေးမြို့၊ ကလေးအကျဉ်းထောင်တွင် ထောင်ဒဏ်ကျခံနေရသော အရှင်ဂမ္ဘီရနှင့် ရခိုင်ပြည်နယ် ဂွမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးညီပု အပါအ၀င် နိုင်ငံရေးအကျဉ်းသားများက ဆုံးရှုံးနေသော ထောင်တွင်း အခြေခံ ရပိုင်ခွင့်များပေးရန် အစိုးရထံ တောင်းဆိုလိုက်သည်။ အချက် ၆ ချက်ပါ အဆိုပါတောင်းဆိုချက်များကို အကျဉ်းဦးစီးဌာနမှ တဆင့် ပြည်ထဲရေး ၀န်ကြီးဌာန၊ သမ္မတ ဦးသိန်းစိန်၊ ဒု သမ္မတတို့ထံနှင့် ကုလသမဂ္ဂ၊ အာရှလူ့အခွင့်အရေးကောင်စီ စသည့် နိုင်ငံတကာအဖွဲ့အစည်းများထံသို့ပါ တပတ်တကြိမ် ပေးပို့မည်ဖြစ်ပြီး မေလ ၃၁ ရက်နေ့အထိ တောင်းဆိုချက်များ မရပါက အစာငတ်ခံ ဆန္ဒပြကြမည်ဟု သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်