ကချင်ဒေသ တိုက်ပွဲများကြောင့် ဒေသခံများ သောင်းချီ ထွက်ပြေး

ကချင်ပြည်နယ်တွင်း အစိုးရတပ်များနှင့် ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တိုက်ပွဲများကြောင့် ကချင်ရွာများမှ သောင်းနှင့်ချီသော စစ်ပြေးဒုက္ခသည်များ ယမန်နေ့မှစ၍ တရုတ်-မြန်မာ နယ်စပ်သို့ ထွက်ခွာနေကြကြောင်း သတင်းရရှိသည်။ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အနီးရှိ ဒေသများနှင့် မိုးမောက်၊ ဗန်းမော်၊ မန်စီ၊ ဝိုင်းမော် တို့မှ ရွာသားများ အများစုဖြစ်ကြောင်း သိရသည်။ တောတွင်း ပြေးလွှားပုန်းအောင်းနေသူများ အပါအဝင် ကချင်စစ်ပြေးဒုက္ခသည်ပေါင်း ၁ သောင်းနှင့် အထက် ရှိနိုင်သည်ဟု လေ့လာသူများက ခန့်မှန်းကြသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်