ကချင် စစ်ပြေးဒုက္ခသည် ၁ ထောင်ကျော် တရုတ်နယ်စပ်ဘက် တိမ်းရှောင်

ကချင်ဒေသ တိုက်ပွဲများကြောင့် စစ်ပြေးဒုက္ခသည် ၁ ထောင်ကျော် KIA ဌာနချုပ်ရှိရာ လိုင်ဇာနှင့် တရုတ်နယ်စပ်လက်ကို တိမ်းရှောင်ကြရသည်။ တရုတ်ဘက်မှ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို လက်ခံထားပြီး စစ်ပြေးဒုက္ခသည်များထံမှ မိုဘိုင်းဖုန်းများကို သိမ်းဆည်းထားကာ ပြင်ပသို့ အဆက်အသွယ်လုပ်ခွင့် မပြုကြောင်း သတင်းရရှိသည်။ တရုတ်နယ်စပ်ရှိ လဂျားယန်မြို့သို့ ဒုက္ခသည်များ ရောက်ရှိလာပြီး NGO များနှင့် လူထုအခြေပြု အဖွဲ့အစည်းများ၊ အမျိုးသမီးရေးရာအဖွဲ့များက ကူညီကယ်ဆယ်ရေးများ ပြုလုပ်ပေးနေကြောင်း၊ အစာရေစာ မလုံမလောက်ဖြစ်နေပြီး ဆေးဝါးများလည်း လိုအပ်နေကြောင်း သိရသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်