အစိုးရသစ်လက်ထက် ပထမဆုံးအကြိမ် ကျင်းပမည့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား အတွက် ဂျာနယ်တိုက် ၁၀ ခုသာ တက်ရောက် သတင်းယူခွင့် ရမည်ဟု သိရသည်။ ရန်ကုန်မြို့ အာဇာနည်ဗိမာန်တွင် ပြုလုပ်မည့် အခမ်းအနားသို့ သွားရောက် သတင်းယူခွင့် မရသော ဂျာနယ် အများစုမှာ သတင်းဂျာနယ်များ ဖြစ်သည်ဟု အခမ်းအနား ဦးစီး ကျင်းပမည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။ အာဇာနည်ဗိမာန်တွင် ဂါရ၀ပြုရန် ဖိတ်ကြားခံထားရသူများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း ပါဝင်သည်ဟု ဆိုသည်။ အများပြည်သူ ဂါရ၀ပြုရန် သတ်မှတ်ထားသည့် အချိန်မှာ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ ဖြစ်သည်။