ပေါ်တူဂီကို ဂိုးပြတ်ရှုံးသော်လည်း မြောက်ကိုရီးယား တိုက်ရိုက်ပြသ

ပေါ်တူဂီအသင်းနှင့် မြောက်ကိုရီးယား အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်ကို မြောက်ကိုရီးယား အစိုးရရုပ်မြင် သံကြားဌာနမှ ပထမဆုံး အကြိမ် တိုက်ရိုက် ထုတ်လွှင့် ပြသခဲ့သည်။

အဆိုပါ ထုတ်လွှင့် ပြသမှုကို APTN အပြည်ပြည်ဆိုင်ရာ ရုပ်သံသတင်းဋ္ဌာန၏ ခွင့်ပြုချက်ဖြင့် မြောက်ကိုရီးယားအစိုးရပိုင် ရုပ်မြင် သံကြား ဌာနမှပြသခဲ့ခြင်း ဖြစ်သည်ဟု AP သတင်းတွင် ရေးသားထားသည်။

ဘောလုံးပွဲ အပြီးတွင် သတင်း ကြေညာသူက “ပေါ်တူဂီ အသင်းက အနိုင်ရရှိ သွားပြီး ၄ မှတ်ရရှိ ထားပါတယ်၊ ထုတ်လွှင့်မှု အစီအစဉ် ပြီးဆုံး သွားပါပြီ”ဟု ကြေညာ သွားသည်။

ယင်းပွဲစဉ်တွင် ပေါ်တူဂီ အသင်းက မြောက်ကိုရီးယား အသင်းကို ၇ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ယူခဲ့သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဘရာဇီးအသင်းနှင့် မြောက်ကိုရီးယား အသင်းတို့ ယှဉ်ပြိုင် ကစားသည့် ပွဲစဉ်ကိုမူ တိုက်ရိုက် ထုတ်လွှင့် ပြသခြင်း မရှိဘဲ နောက်တနေ့မှ ပြန်လည် ပြသခဲ့သည်။

ထိုပွဲတွင် ဘရာဇီးအသင်းကို မြောက်ကိုရီးယား အသင်းက ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း မြောက်ကိုရီးယား အသင်းက အပြန် အလှန်ထိုးဖောက် ကစားနိုင်ခဲ့ပြီး ဘရာဇီးကဲ့သို့သော နာမည်ကြီးအသင်းကို ၁ ဂိုး သွင်းနိုင်ခဲ့သည်။

မြောက်ကိုရီးယားအသင်းသည် ၁၉၆၆ ခုနှစ် အင်္ဂလန်ကမ္ဘာ့ဖလားတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ယခု ၂၀၁၀ ကမ္ဘာ့ ဖလား၌ ဒုတိယ အကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်သည်။

၁၉၆၆ ခုနှစ် အင်္ဂလန်၌ ကျင်းပသည့် ကမ္ဘာ့ဖလားတွင် ဂီယာနီ ရီဗာရာ၊ ဆန်ဒရိုစ် မာဇိုလာ တို့ကဲ့သို့ နာမည်ကြီး ဘောလုံးသမား များ ပါဝင်သည့် ဘောလုံးအင်အားကြီး အီတလီအသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး ကွာတားဖိုင်နယ် အဆင့်သို့ တက်ရောက်ခဲ့ဖူး သည်။

မြောက်ကိုရီးယားနိုင်ငံသည် ယခုကမ္ဘာ့ဖလားပွဲပြသခွင့်နှင့် ပတ်သက်၍  အခကြေးငွေ ပေးရန်မလိုဘဲ နိုင်ငံအတွင်း ပြသရန် မလေးရှား နိုင်ငံ အခြေစိုက် အာရှ - ပစိဖိတ် ရုပ်သံ သမဂ္ဂနှင့် သဘောတူညီချက် ရရှိထားသည်။

ကိုရီးယားကျွန်းဆွယ်တခုလုံး၌ ကမ္ဘာ့ဖလားပြသခွင့်ကိုမူ တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့အခြေစိုက် SBS (Special Broadcasting Service) မှ ရရှိထားခြင်း ဖြစ်ပြီး မြောက်ကိုရီးယားနိုင်ငံတွင် ထုတ်လွှင့်ပြသရန် SBS ကုမ္ပဏီ နှင့် မြောက်ကိုရီး ယား ရုပ်သံဋ္ဌာနတို့ ညှိနှိုင်းနေစဉ် တောင်ကိုရီးယား ရေတပ် သဘောင်္ ပစ်ခတ်ခံရသည့် ပြဿနာကြောင့် ဆွေးနွေးမှု ရပ်ဆိုင်း ခဲ့သည်။

ပြီးခဲ့သည့် ၂၀၀၂ ခုနှစ် တောင်ကိုရီးယား နှင့် ဂျပန်နိုင်ငံတို့ ပူးတွဲ အိမ်ရှင်အဖြစ် ဆောင်ရွက်သည့် ကမ္ဘာ့ဖလားနှင့် ၂၀၀၆ ခုနှစ် ဂျာမနီ ကမ္ဘာ့ဖလား ပြိုင်ပွဲများကို မြောက်ကိုရီးယားနိုင်ငံတွင် ပြသခွင့်မရရှိခဲ့ပေ။

ယမန်နေ့က ပေါ်တူဂီအသင်းကို ဂိုးပြတ် ရှုံးနိမ့်မှုနှင့် ပတ်သက်၍ နိုင်ငံရေး ပြိုင်ဘက်ဖြစ်သည့် တောင်ကိုရီးယား နိုင်ငံမှ ပြည်သူများ ကလည်း စိတ်ပျက်လက်ပျက် ဖြစ်ရသည်ဟု ယနေ့ထုတ် Bloomberg သတင်းဋ္ဌာန၏ အင်တာနက် စာမျက်နှာတွင် ရေးသားထား သည်။

တောင်ကိုရီးယား ဘောလုံးအသင်းမှာ ဂရိအသင်းကို အနိုင်ရပြီး အာဂျင်တီးနားအသင်းကို ရှုံးနိမ့်ကာ ၃ မှတ်ရရှိထားသည်။
 

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်