ညစဉ် မိဘတွေ ဖွင့်လေ့ရှိသော ဘီဘီစီ မြန်မာပိုင်း ရေဒီယို အစီအစဉ်တွင် ထိုစဉ်က နေ့စဉ်ကြားနေ ရသည့် စကားလုံး။ သို့သော် ထိုစကားလုံး၏ အဓိပ္ပာယ်ကို ကျနော် မဆ၀ါးမိ။
|
|
| ဧရာဝတီ သတင်းထောက် မင်းနိုင်သူသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ကာလတွင် ရန်ကုန်မှ နေ၍ ပြည်ပ အခြေစိုက် သတင်းဋ္ဌာန များသို့ သတင်းများ ပေးပို့ခဲ့သူ ဖြစ်သည်။ |
ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကြီးတချို့ မုံရွာမြို့သို့ ပြန်ရောက်လာကြပြီး မဆလ အစိုးရကို သပိတ်မှောက်ကြဖို့ လိုက်လံဆော်သြတော့သည်။ ကျနော် ကျောင်းတက်နေသည့် အထက (၂) ကိုလည်း ဆယ်တန်းကျောင်းသားကြီးများနှင့်အတူ သူတို့ရောက်လာကာ ခွပ်ဒေါင်းအလံထူ၍ ဟောပြောတော့သည်။ ခွပ်ဒေါင်းအလံဆိုသည်ကိုလည်း ကျနော် ပထမဆုံး အကြိမ်မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
ကျောင်းမှ ဆရာများကလည်း ကျောင်းသားကြီးများ တရားဟောနေသည်ကို မတားကြ။ ကျနော်တို့ ၅ တန်း ကျောင်းသားကလေးတွေ ငြိမ်ငြိမ်နားထောင်ကြဖို့ပင် ပွဲထိန်းပေးနေသည်။
“ကျောင်းသူတွေကို စစ်သားတွေက မတရားပြုကျင့်တယ်၊ နိုင်ငံလည်း မွဲလှပြီ။ နေ၀င်းအစိုးရကို ဖြုတ်ချမှဖြစ်မယ်၊ မဆလ စနစ်ဆိုးကိုတော်လှန်ကြရတော့မယ်” ဆိုသော စကားများပါသည့် တရားပွဲအပြီး နောက်ရက်တွင်မူ ဆရာများကိုယ်တိုင် ဦးဆောင်ကာ သပိတ်မှောက် ချီတက်ဆန္ဒပြကြဖို့ ပြင်တော့သည်။
“ကဲ … ဆရာတို့နဲ့အတူ လမ်းလျှောက်လိုက်ချင်တဲ့ ကလေးတွေ အလံတိုင်ရှေ့ထွက်ကြမယ်။ မလိုက်ဘဲ အိမ် ပြန်ချင်တဲ့ကလေးတွေလည်း ပြန်လို့ရတယ်။ ဒီနေ့ကစပြီး ကျောင်းပိတ်လိုက်ပြီ”
ဆရာတဦး၏ ကြေညာသံထွက်လာသောအခါ ကျနော်အံ့သြသွားသည်။ ကျောင်းဖွင့်သည်မှ မကြာသေး၊ ကျောင်းပိတ်လိုက်ပြီတဲ့။ ပျော်လိုက်သည့်ဖြစ်ခြင်း။ ကျနော်အိမ်လည်း မပြန်ချင်၍ တခြားသူငယ်ချင်းများနှင့်အတူ အလံတိုင်ရှေ့သွားစုလိုက်သည်။ ဘယာကြော် ၃ ခု ရသည်။
“ကိုင်း ... ဘေးဘယာတွေ ဝေးကွာစေဖို့၊ ဘယာကြော်စားပြီး ချီတက်ကြစို့”
ဆရာစံက ကျောင်းသားတွေကို ဘယာကြော်လိုက်ဝေပေးရင်း ထိုသို့ စကားဆိုသောအခါ တခစ်ခစ်ရယ်မိသည်အထိ ကျနော်တို့ သဘောကျမိကြ၏။ လမ်းလျှောက်ရင်း ဆရာတွေ တိုင်ပေးသော ကြွေးကြော်သံများကို အော်ဟစ်နေရသော်လည်း မောသည် မထင်ကြ။ အားလုံးပျော်ရွှင်နေကြသည်။ လမ်းဘေးတလျှောက် အိမ်အသီးသီးမှ တည်ခင်းပေးထားသော သောက်ရေအိုး၊ ငှက်ပျောသီး၊ ချိုချဉ်များ၊ ဆီးဖြူသီးဆားရည်စိမ်များကို စားသောက်ရင်း ချီတက်ကြသည်။
သြဂုတ်လလယ်ပိုင်းတွင်ပင် ဆုတောင်းပြည့်စေတီ ရင်ပြင်တော်တွင် ဗဟို သပိတ်စခန်းပေါ်လာသည်။ ဌာနအသီးသီးမှ ၀န်ထမ်းများကလည်း သပိတ်မှောက်လိုက်ကြပြီ။ သပိတ်တပ်ဖွဲ့အားလုံးသည် မြို့တွင်းလှည့်လည် ဆန္ဒပြကြရင်း ဆုတောင်းပြည့်ရင်ပြင်သို့ တနေ့တခေါက် အရောက်သွားကြသည်။ ထိုရင်ပြင်မှာပင် နိုင်ငံရေးတရားဟောကြ၊ နားထောင်ကြ၊ ထမင်းထုပ်ဝေငှကြ။ ကျနော်တို့ အထက ၂ သပိတ်အဖွဲ့လည်း ထိုနေရာကို နေတိုင်း ချီတက်ကြရ၏။
တနိုင်ငံလုံးက လူတွေလည်း ကျနော်တို့လို ဖြစ်နေပြီဆိုသည်ကို မိဘတွေနှင့်အတူ ဘီဘီစီ သတင်း နားထောင်းရင်း ကျနော်သိနေရသည်။ မုံရွာသပိတ်ရက် တလကျော်အကြာတွင်တော့ တပ်တွေဝင်လာသည်။ ကျနော်တို့ ကျောင်းသားငယ် တွေကိုလည်း ဆရာတွေက အိမ်ပြန်နေကြဖို့ ပြောလာတော့သည်။
စက်တင်ဘာလနှောင်းပိုင်းထဲမှ ညတည။ သေနတ်သံတွေက ဆူညံနေသည်။ ရုပ်ရှင်တွေထဲတွင်သာ သေနတ်သံ ကြားဖူးသေးသော ကျနော့်အတွက် သေနတ်သံစစ်စစ်ကို ပြင်ပတွင် ပထမဆုံးကြားဖူးခြင်း။
“ဒါက မော်တာနဲ့ ဆွဲနေတာကွ၊ ဟာကွာ ကျောင်းသား တွေတော့ သေကုန် ကြပြီလား မသိပါ ဘူးကွာ။ မဖြစ်တော့ဘူး ငါတော့ လိုက်သွား တော့မယ်” ဟုဆိုကာ ကျနော်တို့ အိမ်ရောက် နေသော ဦးလေးက ဂျင်ကလိ ချောင်းများ ထည့်ထားသည့် အိတ်ကို ဆွဲယူပြီး အမှောင်ထုထဲ တိုးဝင်သွား တော့သည်။သူထွက် သွားပြီး သိပ်မကြာပါ။ သေနတ် သံများက ပိုစိပ်လာသည်။ အထက ၁ သပိတ် စခန်းကို စစ်သားတွေ ၀င်စီးလို့ သံလမ်း တလျှောက်မှာ တိုက်ပွဲတွေ ဖြစ်နေပြီ ဆိုသော သတင်းများ ကလည်း တယောက် စကား တယောက် နားဖြင့် မပြတ်တမ်း ၀င်လာသည်။
စက်တင်ဘာ တညသည် သေနတ်သံအတိဖြင့် အရုဏ်ကို ကြိုခဲ့ရသည်။
နံနက်ခင်းတွင် ကျနော့် မေမေနှင့် သံလမ်းဈေးကို ဈေးဝယ်လိုက်သွားသောအခါ သံလမ်းတလျှောက်တွင် သွေးတွေ ...၊ သွေးတွေ ...။ အထက ၁ ရှေ့မှ လမ်းပေါ်တွင်လည်း သွေးတွေ၊ ကျောင်းဝင်း အုတ်တံတိုင်းပေါ်တွင်လည်း သွေးကွက်များ။ ထိုသွေးကွက်များ ဘေးတွင် သံဆူးကြိုးနှင့် ငြိ နေသော ကျောင်းစိမ်းလုံခြည်လေး တထည်။
| < Prev | Next > |
|---|

