မြန်မာ-မြောက်ကိုရီးယား ဆက်ဆံရေး

Kang Nam 1 သင်္ဘောသည် မြောက်ကိုရီးယားမှ ထွက်ခွာပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်နေရာ သင်္ဘောပေါ်တွင် တားမြစ်ထားသော လက်နက်များ တင်ဆောင်ထားသည်ဟု

သံသယရှိသဖြင့် အမေရိကန်ရေတပ်က နောက်ယောင်ခံ လိုက်နေသည်။

၂၀၀၉ ဇွန်
မြန်မာနိုင်ငံဘက်သို့ ဦးတည်သွားမည်ဟု ယူဆရသည့် Kang Nam 1 အမည်ရှိ မြောက်ကိုရီးယား သင်္ဘောပေါ်တွင် တားမြစ်ထားသော လက်နက်များ တင်ဆောင်ထားသည်ဟု သံသယ ရှိသဖြင့် အမေရိကန်ရေတပ်က နောက်ယောင်ခံ လိုက်ခဲ့သည်။ နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်ခဲ့သည့် ထိုသင်္ဘောက တရုတ်ပင်လယ်အတွင်း ၃ ပတ်ကြာ လှည့်လည်သွားလာပြီး မြောက်ကိုရီးယားသို့ ပြန်လှည့်သွားခဲ့သည်။

(၂၀၀၉ မေလတွင် နျူကလီးယားလက်နက် စမ်းသပ်ခဲ့သည့် မြောက်ကိုရီးယားကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက အရေးယူခဲ့ရာ သံသယ ဖြစ်ဖွယ်ရှိသော မြောက်ကိုရီးယားနိုင်ငံ၏ မည်သည့် သင်္ဘော၊ လေယာဉ်များကို မဆို နိုင်ငံတကာက ၀င်ရောက် စစ်ဆေးပိုင်ခွင့် ရှိကြောင်း ဆုံးဖြတ်ခဲ့သည်။)

၂ဝဝ၇
မြောက်ကိုရီးယား၏ Kang Nam 1 သင်္ဘောသည် မုန်တိုင်းရှောင်ရန် နှင့် စက်ပိုင်းဆိုင်ရာ ပြုပြင်ရန် ဟု ဆိုကာ ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းတွင် မြန်မာစစ်အစိုးရက ဆိုက်ကပ်ခွင့် ပြုလိုက်သည်။

၂ဝဝ၇ ဧပြီ
မြန်မာနှင့် မြောက်ကိုရီးယားတို့ သံတမန် ပြန်လည် ဆက်သွယ်ရန် သဘောတူကြောင်း လက်မှတ်ရေးထိုးသည်။ ရန်ကုန်မြို့တွင် ပြုလုပ်သည့် လက်မှတ်ထိုးပွဲကို မြောက်ကိုရီးယား ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ကင်ရန်အီးလ်၊ မြန်မာ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူတို့ တက်ရောက်သည်။

နှစ်နိုင်ငံလုံးနှင့် အိမ်နီးချင်းဖြစ်ပြီး စီးပွားရေး၊ ကုန်သွယ်ရေးအရလည်း နီးစပ်သော တရုတ်နိုင်ငံက သံအဆက်အသွယ် ပြန်လည် ပြုလုပ်ခြင်းကို ကြိုဆိုလိုက်သည်။  “မြောက်ကိုရီးယား နှင့် မြန်မာ နှစ်နိုင်ငံသည် တရုတ်ပြည်၏ ရင်းနှီးသော အိမ်နီးချင်း နိုင်ငံများ ဖြစ်သည်” ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Liu Jianchao က ပြောသည်။ “နှစ်ဘက် ဆက်ဆံရေး တိုးမြှင့်ခြင်းကြောင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည်” ဟု သူက ဆိုသည်။

၂ဝဝ၆၊ နိုဝင်ဘာ
အမေရိကန်က စောင့်ကြည့်နေသည့် မြောက်ကိုရီးယား သင်္ဘောတစီးသည် ဒုံးကျည်လက်နက်များကို မြန်မာပြည်သို့ သွားရောက် ပို့ဆောင်သည်ဟု ယုံကြည်ရကြောင်း တောင်ကိုရီးယားနိုင်ငံ Yonhap သတင်းဌာနက ဆိုသည်။
Bongwhasan အမည်ရှိ သင်္ဘောသည် ရန်ကုန်ဆိပ်ကမ်းသို့ လက်နက်များ သွားရောက်ပို့ဆောင်သည်ဟူသော သတင်းကို မြန်မာစစ်အစိုးရက ငြင်းဆိုသည်။  သင်္ဘောသားတို့အတွက် ရိက္ခာ၊ သင်္ဘောအတွက် လောင်စာ ဖြည့်တင်းရန် အရေးပေါ် ကမ်းကပ်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

၂ဝဝ၅
နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်က မြောက်ကိုရီးယား၊ ဘယ်လာရုစ်၊ ကျူးဘား၊ ဇင်ဘာဘွေ၊ မြန်မာနိုင်ငံတို့ကို အာဏာရှင်တို့၏ ခံကတုတ်နိုင်ငံများ အဖြစ် ဖော်ပြသည်။

၂ဝဝ၃၊ ဇူလိုင်
မြောက်ကိုရီးယား ပညာရှင် ၁၅ ဦးမှ ၂ဝ ခန့်အထိကို ရန်ကုန်ရှိ ရေတပ်စခန်းတခု နှင့် ကာကွယ်ရေးဝန်ကြီးဌာန၏ ဧည့်ရိပ်သာတခုတွင် တွေ့ရကြောင်း ဟောင်ကောင်အခြေစိုက် အရှေ့ဖျားဒေသ စီးပွားရေးရာစာစောင် (FEER)က ရေးသားဖော်ပြလိုက်သည်။

ထိုအချိန်မှစပြီး မြောက်ကိုရီးယား ပညာရှင်များကို မြန်မာပြည်အလယ်ပိုင်း နတ်မောက်မြို့အနီးတွင် တွေ့ရသည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။ ၂ဝဝဝ ပြည့်နှစ်မှ စတင်၍ ရုရှားနိုင်ငံ၏ အကူအညီဖြင့် နျူကလီးယား သုတေသန ဌာနတခု တည်ဆောက်ရေး အစီအစဉ်များလည်း အဆိုပါ ဒေသအနီးတွင် တည်ရှိခြင်းကြောင့် မြောက်ကိုရီးယား ပညာရှင်များလည်း  မြန်မာပြည် နျူကလီးယား အစီအစဉ်တွင် တနည်းနည်းဖြင့် ပါဝင် ပတ်သက်နေသည်ဟု ယူဆလာကြသည်။

၂ဝဝ၁၊ ဇွန်
မြောက်ကိုရီးယား ဒု နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ပတ်ကီယွန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့ သွားရောက်ပြီး ဒုနိုင်ငံခြားရေး ဝန်ကြီး ဦးခင်မောင်ဝင်းနှင့် တွေ့ဆုံဆွေးနွေးသည်။

၂ဝဝဝ၊ နိုဝင်ဘာ
မြောက်ကိုရီးယားတပ်မတော် အဆင့်မြင့် အရာရှိများနှင့် ဆွေးနွေးညှိနှိုင်းရန် မြန်မာစစ်အစိုးရက ကိုယ်စားလှယ်အဖွဲ့ကို မြောက်ကိုရီးယားသို့ လျှို့ဝှက် စေလွှတ်သည်။

၁၉၉၉
မြန်မာစစ်အစိုးရ အရာရှိများ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခြင်းဖြင့် မြန်မာ နှင့် မြောက်ကိုရီးယား သံတမန် အဆက်အသွယ် ပြန်လည်အစပြုခဲ့သည်။ ထိုခရီးစဉ်ကို တရားဝင် ကြေညာခြင်းမရှိပေ။

မြန်မာစစ်အစိုးရက မြောက်ကိုရီးယားထံမှ 130-millimeter M-46 အမြောက် ၁၂ လက် ဝယ်ယူခဲ့သည်ဟူသော သတင်းများ ထွက်ပေါ်လာသည်။

၁၉၈၃၊ အောက်တိုဘာ
ရန်ကုန်မြို့ အာဇာနည်ဗိမ္မာန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ တောင်ကိုရီးယား သမ္မတ ချန်ဒူးဝမ်၏ ကိုယ်စားလှယ်အဖွဲ့တွင် ပါဝင်သည့် ဝန်ကြီး ၄ ဦးအပါအဝင် တောင်ကိုရီးယား အရာရှိ စုစုပေါင်း ၁၇ ဦး သေဆုံးသွားသည်။ သမ္မတမှာ ဗုံးခွဲတိုက်ခိုက်မှုမှ လွတ်မြောက်သွားသည်။

ဗုံးခွဲတိုက်ခိုက်မှုမှာ မြောက်ကိုရီးယားအစိုးရ၏ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်တွေ့ရှိရသဖြင့် မြန်မာနိုင်ငံက မြောက်ကိုရီးယားနိုင်ငံနှင့် သံတမန် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။ ဗုံးခွဲသူ မြောက်ကိုရီးယား ၃ ဦးအနက် တဦးကို အသေဖမ်းဆီးမိကြောင်း၊ တဦးမှာ သူ့ကိုယ်သူ ဗုံးခွဲ လုပ်ကြံလိုက်ကြောင်း မြန်မာအစိုးရက သတင်းထုတ်ပြန်သည်။ ကျန်တဦးမှာ ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခံရသည်။

မြန်မာ-မြောက်ကိုရီးယား သတင်းများ 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်