မဲ တွေကို ကြိုက်သလောက် ထပ်ထည့်နိုင်တယ်

ရန်ကုန် စံတော်ချိန် ၁၂ နာရီခွဲလောက်က ပို့လိုက်တဲ့ ရန်ကုန်က ပေးစာ တစောင်ကို ဓာတ်ပုံများနဲ့တကွ ဖော်ပြပေး လိုက်ပါတယ်။

အယ်ဒီတာရေ

IMG_1425ဒီနေ့တော့ မြန်မာတပြည်လုံး မဲပေးကြတယ်နော်။ ဒါပေမယ့် မဲသွားထည့်တဲ့ လူတွေပြောတာကို သိရတာကတော့ မဲဆန္ဒဖြတ်ပိုင်းမှာ သူတို့ကတခြမ်း ဆန္ဒမဲပေးတဲ့သူက တခြမ်း ယူကြပါတယ်တဲ့။ အဲဒီ ဘောက်ချာ ဖြတ်ပိုင်းလိုဟာမှာ ဘာအရေအတွက် ဂဏန်းစဉ်၊ အမှတ်စဉ်ပေါ့ဗျာ ပါမလာပါဘူးတဲ့။ အဲဒီလိုဆို သူတို့ဟာ သူတို့ ဖြတ်ပိုင်းပိုင်း ပြီးတော့ မဲကို ရောထည့်လို့ ရနိုင်ပါတယ်လို့ တော်တော်များများ ပြောကြ ပါတယ်ခင်ဗျာ။ နောက်ပြီးတော့ကာ မဲမပေးဘဲ နေမယ်၊ ဆန္ဒပြမယ်ဆိုတဲ့ လူများကလည်း ဒီနေ့ မနက်ပိုင်းမှာတင် သွားရောက် မဲပေးနေတာ တွေကိုလည်း မြင်တွေ့ နေရပါတယ်ခင်ဗျာ။ အခု ပုံတွေကတော့ ကျနော်တို့ အိမ်ရှေ့က မဲရုံက ပုံတွေဖြစ်ပါတယ်။

IMG_1426ညကလည်း မနက်ဖြန် မဲလာထည့်ပေးဖို့ကို ရပ်ကွက်လူကြီးများက လှုံ့ဆော်သွားပါတယ်။ ကျနော်တို့ တဲ့အိမ်ရာဟာ ပုဂ္ဂလိက ဆေးရုံတရုံနဲ့ နီးသောကြောင့် သူနာပြု ဆရာမများ၊ ရုံးဝန်ထမ်းများ နယ်ကလာပြီးတော့ ဒီမှာ နေထိုင် အလုပ်လာလုပ် နေကြတဲ့ သူတွေပေါ့။ သူတို့ဆိုရင် အခု မနက်ပိုင်းမှာ မဲလာထည့်တာ တွေ့ရပါတယ်။ ရပ်ကွက် ဧည့်စာရင်း တိုင်မရမှာ စိုးလို့ပါလို့လည်း ပြောတာကို ကြားသိရပါတယ်။
 
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်