တောင်ကြီးမြို့က သဘာဝ ပတ်ဝန်းကျင် ပြပွဲ

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ကမ္ဘာ့နေရာ အနှံ့အပြားမှာ ရာသီဥတု ဖောက်ပြန်မှုတွေ အမျိုးမျိုး ကြုံနေကြရတာမှာ ကျမတို့ မြန်မာ နိုင်ငံဟာလည်း အပါအ၀င်ပါပဲ။

နှစ်စဉ်နှစ်တိုင်း နွေရာသီမှာ မြန်မာနိုင်ငံ တ၀န်းက ရေတွင်း ရေကန်တွေ ခန်းခြောက်တာ၊ မိုးခေါင်တာ၊ အချိန်အခါမဟုတ် မိုးရွာ သွန်းတာစတဲ့ ရာသီဥတု ဖောက်ပြန်မှုတွေအပြင် အပူချိန် လွန်ကဲမှုတွေဟာ တနှစ်ထက်တနှစ် ပိုမိုလာတာတွေကို ကျမတို့ ခံစားနေကြရပါတယ်။

ဒီနှစ် နွေရာသီရဲ့ ထူးခြားတဲ့ အပူချိန် လွန်ကဲမှု ကတော့ ရှမ်းပြည် တောင်ပိုင်းက အထင်ကရ အင်းလေး ကန်ကြီးမှာ ရေအလွန် အမင်း ခန်းခြောက်မှု တွေနဲ့ ခြောက်လှန့်လို့ နေပါတယ်။

ရှေးယခင် ကတော့ အင်းလေးကန် ရေပြင် ပြာပြာ၊ တောင်တန်း စိမ်းညို့ညို့ တွေနဲ့ လှေကို ခြေနဲ့လှော်တဲ့ အင်းသူ အင်းသား တွေရဲ့ ရေထဲက ခြေတံရှည် အိမ်တွေ၊ ကျွန်းမျော စိုက်ခင်းတွေဟာ ကမ္ဘာ့လှည့် ခရီးသွားတွေ အထူး စိတ်ဝင် တစား လာရောက် လေ့လာရတဲ့ နေရာပါပဲ။

{slimbox images/multimedia/InLay/01.jpg,images/multimedia/InLay/01-sm.jpg, ပြပွဲပြုလုပ်ရာ တောင်ကြီးမြို့ ယဉ်ကျေးမှုပြတိုက်နှင့် စာကြည့်တိုက် (ဓာတ်ပုံ - “တို့ချစ်တဲ့ ကမ္ဘာ” ပြပွဲမှတ်တမ်း);images/multimedia/InLay/02.jpg,images/multimedia/InLay/02-sm.jpg, ကမ္ဘာမြေကို လွှမ်းခြုံထားသော အိုဇုန်းလွှာ ပေါက်သွားသည့် အကြောင်း၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဆိုတာတွေကို ပြပွဲ တာဝန်ခံတဦးက ပြပွဲလာသည့် ကျောင်းသူ၊ ကျောင်းသားများကို ရှင်းပြနေသည်ကိုတွေ့ရ (ဓာတ်ပုံ - “တို့ချစ်တဲ့ ကမ္ဘာ” ပြပွဲမှတ်တမ်း); images/multimedia/InLay/03.jpg,images/multimedia/InLay/03-sm.jpg, ယခင်နှင့် ယခု အင်းလေးကန် အခြေအနေ ဓာတ်ပုံများကို စိတ်ဝင်တစား ကြည့်နေသည့် ကျောင်းသားလေးများ (ဓာတ်ပုံ - “တို့ချစ်တဲ့ ကမ္ဘာ” ပြပွဲမှတ်တမ်း); images/multimedia/InLay/04.jpg,images/multimedia/InLay/04-sm.jpg, အင်းလေးကန်ရေ ခန်းခြောက်လာနေမှုကို ပညာပေးသည့် ကာတွန်း (ဓာတ်ပုံ - “တို့ချစ်တဲ့ ကမ္ဘာ” ပြပွဲမှတ်တမ်း); images/multimedia/InLay/05.jpg,images/multimedia/InLay/05-sm.jpg, အင်းလေးကန်ရေ ခန်းခြောက်မှုကို ပညာပေးသည့် Installation ပြကွက်တခု (ဓာတ်ပုံ - “တို့ချစ်တဲ့ ကမ္ဘာ” ပြပွဲမှတ်တမ်း); images/multimedia/InLay/06.jpg,images/multimedia/InLay/06-sm.jpg, အဆိပ်သင့်နှင်းဆီ ပြကွက် (ဓာတ်ပုံ - “တို့ချစ်တဲ့ ကမ္ဘာ” ပြပွဲမှတ်တမ်း); images/multimedia/InLay/07.jpg,images/multimedia/InLay/07-sm.jpg, ပြပွဲမှ လက်ကမ်းစာစောင် (ဓာတ်ပုံ - “တို့ချစ်တဲ့ ကမ္ဘာ” ပြပွဲမှတ်တမ်း)}
တောမီးလောင်တာတွေကြောင့် သဘာဝ သစ်တောတွေ သစ်ပင်တွေ ဆုံးရှုံးရတာတွေအပြင် ဒေသခံတွေရဲ့ သစ်တောတွေကို ထိန်းသိမ်းရမယ်ဆိုတဲ့ အသိစိတ်ဓာတ် အားနည်းနေသေးတာကြောင့် အင်းလေးကန်ရဲ့ ပတ်ဝန်းကျင်ဒေသက သစ်တောတွေဟာ တဖြည်းဖြည်း ပြုန်းတီးလာပြီး ဂေဟစနစ်တွေ ပျက်ပြားလာနေရတယ်လို့ သဘာဝ ပတ်ဝန်းကျင် လေ့လာသူတွေက ဆိုကြပါ တယ်။

သစ်တောတွေ ပြုန်းတီးလာနေတာကို ဒေသခံတွေ သတိပြုမိလာစေဖို့နဲ့ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက် တတ်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့မှာ “တို့ချစ်တဲ့ ကမ္ဘာ” “Our Lovely World” ဆိုတဲ့ ပြပွဲလေးတခုကို ဇွန် ၈ ရက် ကနေ ဇွန် ၁၃ ရက်အထိ ပြုလုပ်ခဲ့ပါတယ်။

ဒီပြပွဲကိုတော့ တောင်ကြီးမြို့ ယဉ်ကျေးမှု ပြတိုက်နဲ့စာကြည့်တိုက်အဖွဲ့နဲ့ ၀ါသနာရှင်လူငယ်တွေက စုပေါင်းတင်ဆက်ကြတာပဲ ဖြစ်ပါတယ်။

“ကျနော်တို့ နေထိုင်နေတဲ့ပတ်ဝန်းကျင်ရဲ့ တိုးတက်မှုဆုတ်ယုတ်မှုတွေကို သတိပြုမိစေဖို့နဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးပြီး ထိန်းသိမ်းစောင့်ရှောက်လိုတဲ့ အသိရစေဖို့ ဒီပြပွဲလေးကို လုပ်တာပါ”လို့ ပြပွဲ တာဝန်ရှိသူတဦးက ပြောပါတယ်။

ပြခန်းထဲ အ၀င်မှာတော့ သဘာဝ ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ ကိုယ့်ရဲ့အမြင်တွေကို သစ်ပင်စိမ်းစိမ်းပုံ ဖြတ်ထားတဲ့ စာရွက် ပေါ်မှာ ချရေးဖို့ ထားပေးပါတယ်။

ပြပွဲလာတဲ့သူတွေက သူတို့ရဲ့အမြင်တွေ၊ သူတို့ ဖြစ်စေချင်တာလေးတွေ ရေးထားတဲ့ သစ်ပင်ပုံလေးတွေကို အပင် တပင်မှမရှိတဲ့ တောင်ကတုံး ၀ါကြန်ကြန်တွေပုံ ဆွဲထားတဲ့ ကားချပ်ကြီးပေါ်မှာ အမှတ်တရ ကပ်ကြပါတယ်။

ပြပွဲလာသူတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာပေး လက်ကမ်းစာစောင်တွေ၊ စီဒီတွေကို အခမဲ့ ပေးဝေခဲ့ပါတယ်။

ပြခန်းထဲမှာတော့ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲလာနေမှုတွေ၊ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ နှိုးဆော်တဲ့ ဓာတ်ပုံတွေ၊ ကလေး ပန်းချီလေးတွေ၊ ကာတွန်း သရုပ်ဖော်တွေ၊ ပိုစတာတွေ၊ Graphic ပန်းချီတွေ၊ Installation Art ပြကွက်တွေနဲ့ စုံစုံလင်လင် ပြသ ထားပါတယ်။

သရုပ်ဖော် ကာတွန်းလေး တခုမှာတော့ ရေခန်းခြောက်နေပြီး ပက်ကြားအက်ကွဲနေတဲ့ အင်းလေးကန်မြေပြင်မှာ လှေကလေးကို ဘီးလေးတွေ တပ်ပြီး တုတ်တချောင်းနဲ့ လှေကိုသွားအောင် ခြေထောက်နဲ့ထိုးနေတဲ့ အင်းသားလေးတယောက်ရဲ့ ပုံကို သရုပ် ဖော်ထားပါတယ်။

ရေတွေတဖွေးဖွေးနဲ့ လှပနေတဲ့ အင်းလေးကန်ကြီးရဲ့ အလှနဲ့ ပြီးခဲ့တဲ့ နွေရာသီတုန်းက ခြောက်သွေ့ပြီး မြေတွေ ပက်ကြားအက်နေ ခဲ့တဲ့ အင်းလေးကန်ရဲ့ တစိတ်တဒေသက ဓာတ်ပုံတွေကိုလည်း ပြသထားပါတယ်။

အဲဒီ အပြင် ဟိုးအရင်အချိန်တွေတုန်းက ထင်းရှူး၊ ချယ်ရီ စတဲ့ အပင်တွေနဲ့ စိုပြည်လှပ ခဲ့တဲ့ တောင်ကြီးမြို့ပတ်ဝန်းကျင်က သစ်တောတွေရဲ့ ပုံတွေနဲ့ အခုအချိန်မှာ ခြောက်သွေ့သွားတဲ့ ချယ်ရီပင်တွေ၊ သစ်တောတွေ ပြုန်းတီးနေတဲ့ တောင်တွေရဲ့ ပုံတွေ ကိုလည်း ခင်းကျင်းထားပါတယ်။

“ဦးလေးတို့ ငယ်ငယ်တုန်းကဆိုရင် တောင်ကြီးမှာ ရေအလွန်ပေါတာ။ သစ်တောသစ်ပင်တွေနဲ့ သိပ်လှတာ။ ရှိတဲ့ သဘာဝ ရေထွက်ကိုက ၁၆ ခု၊ အခုတော့ သစ်ပင်သစ်တောတွေ ပြောင်းလဲကုန်တော့ နွေမရောက်သေးဘူး ရေထွက်တွေက ခန်းတော့မယ်” လို့ ဒေသခံ ဦးကြီးတဦးက ပြောပြပါတယ်။

အခုအချိန်တွေမှာတော့ ရာသီဥတုကလည်း အတော်ကို ပြောင်းလဲလာပြီး အရင်ကလို သစ်ပင်ပန်းမန်တွေလည်း မတွေ့ရတော့ဘူး လို့ တခြားဒေသခံတွေက ပြောကြပါတယ်။

“အခုဆို တောင်ပေါ်တကြောက ချယ်ရီတောင် သိပ်မတွေ့ရတော့ဘူး။ ရာသီဥတုကလည်း အတော်ပူလာတယ်။ သဘာဝ ပတ်ဝန်းကျင် က တော်တော်ကို ပြောင်းလဲလာတာ။ နောက်ဆို မထိန်းသိမ်းရင် ဒီထက်ပိုဆိုးတော့မယ်”လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Installation ပြကွက်တခုမှာတော့ Poison Rosy အဆိပ်သင့် နှင်းဆီဆိုပြီး ပလတ်စတစ် နှင်းဆီပွင့် ရောင်စုံတွေကြားက ရေသတ္တ၀ါတွေကို ရည်ညွှန်းတဲ့ သေဆုံးနေတဲ့ လိပ်ကလေးတွေ၊ သစ်ကိုင်းခြောက်တွေ၊ သစ်မြစ်တွေကြားထဲ ၀င်နေတဲ့ ပလတ်စတစ် နှင်းဆီပွင့်တွေ၊ ဒီမြင်ကွင်းတွေကို ကာရံထားတဲ့ သတိပေးစာတန်းက “မထိရ၊ အဆိပ်သင့် နှင်းဆီ” တဲ့။

ဒီပြကွက်လေးက သဘာဝပတ်ဝန်းကျင် ပျက်စီးမှုမှာ အဓိက တခုဖြစ်တဲ့ ပလတ်စတစ်တွေရဲ့ အန္တရာယ်ကို သတိပေးထားတာပါပဲ။

ဒီလို ပြကွက်လေးတွေအပြင် ပြန်လည်အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို မလွှင့်ပစ်ဘဲ ပြန်လည် အသုံးပြု (Recycle) လုပ်ဖို့၊ ပြန်လည် အသုံးပြုလို့ရတဲ့ ပစ္စည်းတွေကိုသာ အသုံးပြုကြဖို့၊ သစ်ပင်တွေကို မခုတ်လှဲဖို့၊ သစ်ပင်တွေ စိုက်ဖို့ လှုံ့ဆော်တဲ့ ပိုစတာတွေ၊ ပန်းချီ ကားတွေကိုလည်း ပြသထားပါတယ်။

ပြပွဲကိုလာတဲ့ လူငယ်လေး တဦးက“ကျနော် အခုထိကြားယောင်နေမိတာလေးကတော့ တာဝန်ခံ အစ်ကို တစ်ယောက်က ရေ ရှားပါးလာတာကို ရှင်းပြပေးနေရင်း  သားသားတို့ ရေမရှိတဲ့ကမ္ဘာမှာ နေချင်ကြလား ဆိုတော့ ကျောင်းသားလေးတွေက တပြိုင်နက်တည်း မနေချင်ပါဘူး တဲ့။ ကျွန်တော်တို့ လည်း မနေချင်ကြပါဘူး”လို့ ပြောပြပါတယ်။

ပြခန်းကို လာကြည့်ကြတဲ့ ကျောင်းသား ကျောင်းသူလေးတွေ၊ လူငယ်လေးတွေ၊ ဒေသခံတွေဟာ ပြထားတဲ့ ပုံတွေကို ကြည့်ရင်း သူတို့ဒေသရဲ့ ပတ်ဝန်းကျင်ကြီးဟာ ဒီလောက်တောင် ပြောင်းလဲသွားတာပါလား၊ ပတ်ဝန်းကျင် ထိန်းသိမ်းဖို့က အရေးပါပါလား ဆိုပြီး ပြောဆိုလို့နေပါတယ်။

ဒေသခံ လူငယ်လေးကတော့ ပြပွဲက ပေးလိုက်တဲ့ လက်ကမ်းစာစောင်လေးပေါ်က စာသားတွေကို ဖတ်ရင်း “ကျနော့် အသိမှာ တော့ အခုလက်ရှိလုပ်နေတဲ့ အဖွဲ့လေးတွေကို အားကျပြီး ငါတို့လည်း တတ်နိုင်တဲ့ဘက်က လုပ်ဖို့လိုနေပြီလို့ ခံစားမိလာတယ်”လို့ ပြောလိုက်ပါတယ်။

သူဖတ်နေတဲ့ စာသားလေးကတော့ ကမ္ဘာ့ ကုလသမဂ္ဂ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်က ညွှန်ကြားရေးမှူး DR Mostafa K Tolba (Executive Director),United Nation Environment Program ရဲ့“ကျွန်ုပ်တို့သည် ဤမြေကမ္ဘာကို ဘိုးဘွားတို့ထံမှာ အမွေခံခဲ့ခြင်း မဟုတ်။ ကျွန်ုပ်တို့၏ သားမြေးများထံမှာ ငှားယူထားခြင်း ဖြစ်သည်။ အကယ်၍ ဤကမ္ဘာမြေကို ကျွန်ုပ်တို့၏ သား သမီးများအား နေချင်စဖွယ်နေရာအဖြစ် ပေးအပ်ခဲ့မည် ဆိုပါက လှပစိုပြည်၍ ပျော်ရွှင်စရာကောင်းသော သဘာဝပတ်ဝန်းကျင်ကို ယခု ချက်ချင်း ဖန်တီးကြရန် ကျွန်ုပ်တို့၌ တာဝန်ရှိနေပြီ ဖြစ်သည်” ဆိုတဲ့ စာသားလေးပါပဲ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်