ကြောက်ရွံ့ခြင်းမှ စွန့်ခွာထွက်ပြေးခြင်း

၁၉၅၈ ခုနှစ် ဒီဇင်ဘာလ သန်းခေါင်ယံတညတွင် သူမ၏ ဖခင်အဖမ်းခံရသည်ကို တွေ့ရခဲ့သည့်အချိန်တွင် ကံကြမ္မာ၏ အလိုအရ သူမ နေထိုင်ရသော ခေတ်ကြီး၏ ဖိနှိပ်မှုကို ပထမဦးဆုံးအကြိမ်အဖြစ် မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသည်။

ထိုအချိန်က မစန်းစန်းတင်က အသက် ၈ နှစ် အရွယ်သာ ရှိသေးသည်။ "အပူအပင်ကင်းမဲ့လှသော ကလေးဘ၀နေ့ရက် များတွင် ကျမ ဖခင်၏ အတိတ်သမိုင်းကြောင်း၊ သို့မဟုတ် ကျမတိုင်းပြည်၏ သမိုင်းကြောင်းကို ကျမ စိုးစဉ်းမျှသာ သိခဲ့ သည်။" ဟု စစ်အစိုးရ၏ အုပ်ချုပ်မှုအောက် ဖြတ်သန်းခဲ့ရသော သူမ၏ ဘ၀ကို ကြည်နူးဖွယ် ပုံဖေါ်ထားချက်တွင်  ပြန် ပြောင်း အမှတ်တရ ဆိုထားသည်။ မြန်မာနိုင်ငံလွတ်လပ်ရေး၏ ရှေ့ဆောင်လမ်းပြသူများအနက် တဦးဖြစ်ခဲ့သူ သူမ၏ ဖခင် ဦးဘတင်သည် ဗိုလ်ချုပ်အောင်ဆန်း၏ ရဲဘော်ရဲဖက်တဦးဖြစ်သလို၊ ဂျပန်နှင့် အင်္ဂလိပ်ဆန့်ကျင်ရေး စစ်ပွဲကာလ အတွင်း ပေါ်ထွန်းစ မြန်မာ့လွတ်လပ်ရေးတပ်မတော် (BIA) ၏ ဌာနချုပ်တွင်လည်း တာဝန်ထမ်းခဲ့ဖူးသူ ဖြစ်သည်။ ဗိုလ်ချုပ်က သူ့ ကို အတွင်းရေးမှူးအဖြစ် ခန့်အပ်ခဲ့သည်။

စစ်ကြီးအပြီးတွင် ဦးဘတင်သည် မြန်မာနိုင်ငံလွတ်လပ်ရေးအတွက် ဆက်လက်လှုပ်ရှားခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ရှိ အတွင်းဝန်ရုံးသို့ သေနတ်သမားများ ၀င်ရောက်ကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီးအဖွဲ့ဝင် ၆ ဦး ကို လုပ်ကြံ သတ်ဖြတ်စဉ်တွင် သူက ၀န်ကြီးများရုံးအောက်ထပ်တွင် ရှိနေခဲ့သည်။

ထို့နောက် ဦးဘတင်သည် စီးပွားရေးလောကသို့ ခြေချခဲ့သည်။ စီးပွားရေးလောကတွင် သူအောင်မြင်စွာ စွမ်းဆောင်နိုင် ခဲ့သော်လည်း "၎င်းအောင်မြင်မှုက သူ၏ လက်ဝဲသန်သည့် စိတ်ဓာတ်ကိုတော့ မည်သည့်အခါမှ ပြောင်းလဲသွားနိုင်ခြင်း မရှိခဲ့"ဟု သူ၏ သမီးက ရေးသားဖေါ်ပြထားသည်။

၁၉၅၈ ခုနှစ် နိုဝင်ဘာလတွင် ၀န်ကြီးချုပ် ဦးနုက ဗိုလ်ချုပ်နေ၀င်းအား စစ်တပ်ဦးဆောင်သော အိမ်စောင့်အစိုးရဖွဲ့ရန် ဖိတ် ခေါ်ခဲ့ပြီးနောက်ပိုင်းတွင် စစ်တပ်က တိုင်းပြည်၏အာဏာ အ၀၀ကို ချုပ်ကိုင်ခဲ့သည်။ အိမ်စောင့်အစိုးရဖွဲ့ပြီး တလကြာသော အခါတွင် ဦးဘတင်ကို ကွန်မြူနစ်ထောက်ခံသူတဦးအဖြစ် သင်္ကာမကင်းဖြစ်ကာ ဖမ်းဆီးခံခဲ့ရသည်။ ၁၉၆၀ ခုနှစ် မတ်လ တွင် သူ ထောင်က ပြန်လွတ်လာခဲ့သည်။

ဗိုလ်ချုပ်နေ၀င်းကို မြန်မာနိုင်ငံ၏ အာဏာရှင်ကြီးအဖြစ် ရောက်စေခဲ့သော ၁၉၆၂ ခုနှစ် အာဏာသိမ်းမှု အပြီးတွင် ဦးဘတင် နောက်တကြိမ် အဖမ်းခံခဲ့ရပြန်သည်။ သုံးလကြာမျှ ထိန်းသိမ်းခံခဲ့ရပြီး ဒုတိယအကြိမ် သူထောင်က ပြန်လွတ် လာသည့် အချိန်တွင် သူ၏ ကျန်းမာရေးလည်း ယိုယွင်းလာခဲ့သည်။ ၁၉၆၅ ခုနှစ် အသက် ၄၉ နှစ်အရွယ်တွင် ဦးဘတင် ကွယ်လွန်တိမ်းပါးခဲ့သည်။

ဖခင်၏ စံယူထိုက်စရာ ဘ၀နှင့် အကြွေစောကာ ကွယ်လွန်သွားရခြင်းက သူ၏ မဟုတ်မခံ ဇတ်ဇတ်ကြဲစိတ်ရှိသော သမီး ကို နက်နက်ရှိုင်းရှိုင်း လွှမ်းမိုးခဲ့သည်မှာ အထင်အရှား ဖြစ်သည်။ အထက်တန်းကျောင်းသူဘ၀နှင့် တက္ကသိုလ်အ၀င် နှစ် ကာလများ အတွင်း  ဆိုရှယ်လစ်အတွေးအခေါ်များအပေါ် သူမ၏ ယုံကြည်ချက်ကို စိတ်လှုပ်ရှားဖွယ် ပွင့်ပွင့်လင်းလင်း ပုံဖေါ် ရေးပြထားသည်။ မော်စီတုန်းပုံ ရင်ထိုးတံဆိပ်ကို တော်လှန်ရေးကောင်စီက တားမြစ်သည့်အချိန်အထိ သူမက စွဲစွဲမြဲမြဲ ၀တ်ဆင်ခဲ့သည်။ ထိုတားမြစ်ချက်ကြောင့် ဖြစ်ပေါ်လာသော ကျောင်းသား အဓိကရုဏ်းများအနက် ပထမဦးဆုံး တခုကို ဒေါ်စန်းစန်းတင် ကိုယ်တိုင် တွေ့ မြင်တွေ့ခဲ့ရသည်။

သူမ၏ ဆိုရှယ်လစ်ယုံကြည်ချက်များသည် အစိုးရက ကြီးမှူးကျင်းပသော 'အ' သုံးလုံး အခြေခံ စာတတ်မြောက်ရေး လှုပ် ရှားမှုတွင် လုပ်အားပေးကျောင်းသူအဖြစ် ပါဝင်ခဲ့စဉ်က ရရှိခဲ့သည့် အတွေ့အကြုံများ၏ လှုပ်နှိုးစိန်ခေါ်ခြင်းကို ခံလိုက်ရ သည်။ သူမ လှုပ်ရှားမှုတွင် ပါဝင်စဉ်က ဗဟို စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် နှစ်ပေါင်းများစွာကြာ ပစ်ပယ်ခံထားရသော ကျေး ရွာသူ ရွာသားများ၏ မျှော်လင့်ချက်မဲ့နေသော၊ ဆင်းရဲတွင်းနက်နေရသည့် ဘ၀များကို တွေ့မြင်ခဲ့ရသည်။ လုပ်အားပေး ဆရာ၊ ဆရာမများကို အစိုးရ၏ စီးပွားရေး စီမံကိန်းများအတွက် အကြံဉာဏ်ရယူရန်အတွက် အချက်အလက်များ စုဆောင်း လာရန်လည်း ညွှန်ကြားထားခဲ့သည်။ ထိုကဲ့သို့ "တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မကျွမ်းကျင်သော အား ထုတ်မှုများ" အသုံးပြုခြင်းသည် ဒေါ်စန်းစန်းတင်အတွက် မေးခွန်းထုတ်စရာ ဖြစ်နေသည်။

မိသားစု အဆက်သွယ်ကြောင့် အာဏာရ မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ပါတီ၏ ပါတီစာစောင်ထုတ်ဝေရေးနှင့် သုတေသနဌာနတွင် ပထမဆုံး ဒေါ်စန်းစန်းတင် စတင် အလုပ်ရခဲ့သည်။ အစိုးရ၀န်ထမ်းအလုပ်ကို လက်ခံလိုက်ပြီးနောက် တွေ့ကြုံရသည့် စိန်ခေါ်ချက်များအနက် ပထမဦးဆုံး တခုမှာ သူမ၏ နိုင်ငံရေးယုံကြည်ချက်ပင် ဖြစ်သည်။ ဒေါ်စန်းစန်းတင် က မတူညီသော လမ်းကြောင်းတခုပေါ်တွင် ပညာသည် စာရေးဆရာတဦးအဖြစ် သူမ၏ တာဝန်ကို ပြီးမြောက်ရန် ဆောင် ရွက်ခဲ့ရခြင်း ဖြစ်သည်။

သူမ၏ အကျပ်အတည်းသည် တိုးတက်ပြောင်းလဲလိုစိတ်ရှိသော သန်းချီသည့် မြန်မာလူငယ်များ တွေ့ကြုံခဲ့ရသည့် အကျပ် အတည်းနှင့် အတူတူပင်ဖြစ်နိုင်သည်။ လှုပ်မရအောင် ချုပ်နှောင်ထားသည့် ကိုယ်ကျပ်အင်္ကျီပမာ ချုပ်ချယ်ကန့်သတ်မှု များ ရှိသည့် ထိုစနစ်အတွင်း တိုးတက်ပြောင်းလဲလိုစိတ်ရှိသော လူငယ်များသည် ၎င်းတို့၏ ပညာရေး၊ အသိပညာ တတ်ကျွမ်း မှု နှင့် ကိုယ်စွမ်းကိုယ်စ အစစ်အမှန်ကို ဖေါ်ထုတ်နိုင်ရန် ကြိုးစားရုန်းကန်နေကြသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီသို့ ၀င်ရောက်ရန် ငြင်းဆန်ခဲ့သည့်အချိန်တွင် ဒေါ်စန်းစန်းတင်အပေါ် အာဏာပိုင်များက  သံသယရှိလာခဲ့သည်။ ၁၉၇၈ ခုနှစ်၊ ပါတီသန့်စင်ရေးတွင် သူမလည်း ဓားစာခံတဦး ဖြစ်ခဲ့ကာ၊ ပါတီရှိ သူမ အလုပ်ကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။ နောင် ၂ နှစ်ကြာသောအခါတွင် မိသားစု အဆက်အသွယ်အကူအညီကြောင့်ပင် (မဆလ) ပါတီ၏ တရားဝင် သတင်းစာဖြစ်သော "မြန်မာ့အလင်းသတင်းစာ"တိုက်တွင် သတင်းထောက်လုပ်ရန် သူ့ကို ငှားရမ်းခဲ့ သည်။

အလုပ်များလှသော အယ်ဒီတာဌာနအတွင်း တဦးတည်းသော အမျိုးသမီးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သော သူ၏ သတင်းစာ တိုက်တွင်းအလုပ်ကာလကို ဒေါ်စန်းစန်းတင်က ပုံဖေါ်ပြထားသည်ကို ဖတ်ရသည်မှာ အလွန်ပင် စိတ်ဝင်စားဖွယ်ကောင်း လှသည်။

၁၉၁၄ ခုနှစ် ကတည်းက စတင်မွေးဖွားခဲ့သော ဤသတင်းစာတွင် ပညာရပ်ပိုင်းဆိုင်ရာ စံသတ်မှတ်ချက်တချို့ ရှိနေခြင်း ကြောင့်သာ ဆက်လက်လည်ပတ်နိုင်နေခြင်း ဖြစ်ဟန်တူသည်။ သို့သော် အစိုးရ၏ စာပေစိစစ်ရေးဌာနက လက်ရှိ မြန်မာ့ အလင်း သတင်းစာကို လည်မျိုညှစ်နေသကဲ့သို့ ဒေါ်စန်းစန်းတင် ရှိခဲ့သည့် အချိန် သတင်းရေးသားသည့် အခန်းကို အမြဲ တစေ လွှမ်းမိုးခြောက်လှန့် နေခဲ့သည်။ နေ့စဉ်အလုပ်တာဝန်တွင် " သင်ပုန်းပေါ်တွင် မှတ်သားခြင်း" ဟုခေါ်သော အစည်း အဝေးတခုလည်း ပါဝင်ခဲ့သည်။ ထိုအစည်းအဝေးက ၀င်ရောက်လာသော သတင်းအစီရင်ခံချက်များကို ခေါင်းစဉ် အမျိုး အစားလေးခုအနက် တခုဆီသို့ ရွေးချယ်ထည့်ပေးရခြင်း ဖြစ်သည်။ ထိုအမျိုးအစားလေးခုမှာ မထည့်မနေရထည့်ရမည်၊ သဘောတူညီချက်ရယူရန် လိုသည်၊ ဘေးဖယ်ထားရန် သို့မဟုတ် ပိတ်ပင်သည် စသည်ဖြင့် ဟူ၍ ဖြစ်သည်။

နိုင်ငံခြားသတင်း၊ သဘာဝပတ်ဝန်းကျင်ကိစ္စ အကြောင်းများနှင့် အနုပညာသတင်းများကို တည်းဖြတ်၊ ရေးသားရသော် လည်း ဒေါ်စန်းစန်းတင်သည် သူမအခေါ် မူဝါဒနှင့်သက်ဆိုင်သော သတင်းများကို ရှောင်ရှားနိုင်ခဲ့သည်။ ပါတီ၏ လမ်းညွှန် ချက်များ၊ စီးပွားရေးစီမံကိန်း နှင့် အခြားတရားဝင် ကန့်သတ်ထားသော ကိစ္စရပ်များကို ဆန့်ကျင်ခြင်းအားဖြင့် သူမ အလုပ် ပြုတ်မည့်အရေးကို စိုးရိမ်ကြောက်ရွံ့နေခဲ့ရသည်ဟု သူက ၀န်ခံရေးသားခဲ့သည်။ လေးစားဖွယ်ကောင်းသော ပွင့်လင်းမှု တခုဟု ဆိုရမည်။

၁၉၈၈ ခုနှစ် လူထုအုံကြွမှုကာလ ဒေါက်တာမောင်မောင် အုပ်ချုပ်ရေး ခေတ္တခဏကာလအတွင်း သတင်းစာလွတ်လပ်ခွင့် ၏  နေ့သစ် ခဏတဖြုတ် ပေါ်ထွန်းလာခဲ့သည်။ ထိုနှစ် မကုန်ခင်တွင်ပင် ဒေါ်စန်းစန်းတင်သည် မြန်မာနိုင်ငံ၏ အသစ်တဖန် တက်လာသော စစ်အုပ်ချုပ်သူများအတွက် ၀ါဒဖြန့်ချိရေးစာများကို သူကိုယ်တိုင်ရေးသား၊ တည်းဖြတ်ပေးနေရသည်ကို သူ့ကိုယ်သူ မြင်တွေ့ခဲ့ရပြန်သည်။

၁၉၉၁ ခုနှစ်တွင် ဒီမိုကရေစီခေါင်းဆောင် ငြိမ်းချမ်းရေးနိုဗဲလ်ဆုချီးမြှင့် ခံရသည့်နှစ်တွင် ဒေါ်အောင်ဆန်းစုကြည် ရေးသား သော  စကားပြေတပုဒ်ကို သူ ဖတ်လိုက်ရသည့်အချိန်၌ သူ့ဘ၀ တဆစ်ချိုး ပြောင်းလဲခဲ့ရသည်။ "အဖမ်းခံထားရသူ၏ စိတ်ကဲ့သို့ပင် ကျမသည်လည်း အုပ်စိုးသူ လူတစု၏ လက်ခုပ်ထဲက ရေကဲ့သို့ ဖြစ်နေသည်ကို ကျမသိလာခဲ့ရသည်၊  ကြောက်ရွံ့စိတ်ဖိစီးမှုဘ၀နှင့် တပါးသူ ခိုင်းဖတ်ဘ၀မှ ကျမကိုယ်ကျမ တနေ့တွင် ရုန်းထွက်ရမည်ဟု သံန္နိဌာန်ပြုလိုက် သည်"ဟု သူက ပုံဖေါ်ရေးသားထားသည်။

ထိုသံန္နိဌာန်က သူ ပြည်ပသို့ ထွက်ခွာရန်ဆုံးဖြတ်ခဲ့ပြီး နောက်ဆုံး အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိလာခဲ့သည်။ ယခုအချိန်တွင် သူက လွတ်လပ်သည့် အာရှအသံ ရေဒီယို (RFA) အသံလွှင့်ဌာနတွင် အလုပ်လုပ်ကိုင်လျက်ရှိပြီး ကယ်လီ ဖိုးနီးယားတ္ကသိုလ်မှ ပါမောက္ခ ကာရိုလင်း ၀ိတ်မန်း (Carolyn Wakeman) နှင့် တွဲဖက်ကာ သူ၏ ဘ၀ဖြစ်စဉ်ကို ပူးတွဲ ရေးသားခဲ့ခြင်း ဖြစ်သည်။

ဖိနှိပ်မှုများ၊ အရည်အသွေး ညံ့ဖျင်းမှုများ များပြားလှသော စစ်အစိုးရ အဆက်ဆက်အောက် နေထိုင်လာခဲ့ရသည့် စိတ်ဝင် စားဖွယ် ပုဂ္ဂိုလ်ရေး ဖွင့်ဟချက်တခုကို စာတအုပ်အဖြစ် သူတို့နှစ်ဦး အတူတကွ ဖန်တည်းလိုက်ကြခြင်းပင် ဖြစ်ပါတော့ သည်။

၂၀၀၉ ခုနှစ် ဇူလိုင်လထုတ် ဧရာဝတီ မဂ္ဂဇင်းမှ ဂျင်(မ်) အင်ဒရူးစ် (Jim Andrews) ရေးသားသည့် စာအုပ်ဝေဖန်ချက် Escape from Fear ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်