“ကွဲကုန်ပြီ … ကွဲကုန်ပြီ”

မြန်မာတပြည်လုံး တခွမ်းခွမ်းနှင့် ကွဲသံများ လှိုင်နေသည် ...။ ကွဲသံများ အတော်ကျယ်သောကြောင့် မြန်မာပြည်မှနေ၍ ဦးရုက္ခစိုး စံမြန်းရာ ချင်းမိုင်အထိပင် နားကွဲမတတ်

ကြားနေရသည်။

ရုက္ခစိုး။     ။ ကွဲပြန်ပြီဟေ့ ...။

cmnat-may-20-09ဖိုးရှုပ်။     ။ အဲဒါပဲ။ ဦးရုက္ခစိုးက နတ်ဖြစ်ပြီး လောင်းကစားလုပ်တာကိုး။ ဒီ နှစ်လုံးထီကို မထိုးပါနဲ့လို့ ခဏခဏ ပြောနေရဲ့သားနဲ့။ အခုတော့ ကွဲပြီပေါ့။ တော်တော်မှ ပါသွားရဲ့လား။

ရုက္ခစိုး။     ။ ပါသွားတာကတော့ မင်းကြီးတော်ကြီး ၂ ယောက်လုံးပဲ။ ဘယ့်နှယ်ကွာ သတင်းထောက်လုပ်နေပြီး ဘာပြောတာလဲဆိုတာ သေချာမမေးဘူး။ ထင်ရာမြင်ရာတွေ လျှောက်ပြောနေတယ်။

ကြွက်စုတ်။     ။ ပြောမနေနဲ့ ဦးရုက္ခစိုးရေ။ ဒီကောင်က သူထင်ရာသူပြောနေကျပဲဟာ။ ဒါနဲ့ ဦးရုက္ခစိုးက သစ်ပင်ပေါ် ထိုင်နေတာဆိုတော့ ငှက်နဲ့ မှားပြီး လေးခွနဲ့ဆော်သွားတာထင်တယ် … ပြပါဦး နဖူးကွဲသွားတာမဟုတ်လား။ တော်တော်များလား။

ရုက္ခစိုး။     ။ မင်းလုပ်မှ ပိုဆိုးပြီ ကြွက်စုတ်ရာ ...။ ငါ့လည်း နတ်စင်စစ်က ငှက်လို ပကျိ ပကျိနဲ့ အော်ရမလို ဖြစ်နေပြီ။ ငါပြောချင်တာက ...။

ဖိုးရှုပ်။     ။ သြော် သိပြီ ...။ ဗုံးကွဲတဲ့ကိစ္စလား။

ရုက္ခစိုး။     ။ အင်း … နည်းနည်းတော့ နီးစပ်လာပြီ။ ဗုံးကတော့ စ ကွဲနေပြီတဲ့ ...။ ကြံ့ဖွံ့တွေ မဲဆွယ်သွားတဲ့ ကားထဲကို ဗုံးတလုံး ပစ်သွင်းလိုက်တယ် ကြားတာပဲ။

ကြွက်စုတ်။     ။ ချစ်လို့ နေမှာပေါ့ ဦးရုက္ခစိုးရယ်။ ကြံ့ဖွံ့က ချစ်စရာ အရမ်းကောင်းနေတာကိုး။

ဖိုးရှုပ်။     ။ ဗုံးနဲ့ပေါက်ပြီး ကြည်စားတာ ဖြစ်မှာပေါ့။

ရုက္ခစိုး။     ။ တော်ကြစမ်းပါကွယ် ...။ မင်းတို့ ပြောနေကြတာနဲ့ ငါ ဘာပြောနေတယ် ဆိုတာတောင် မေ့သွားပြီ။

ကြွက်စုတ်။     ။ ကွဲတဲ့ အကြောင်းလေ … ဦးရုက္ခစိုး။

ရုက္ခစိုး။     ။ ဟုတ်သားပဲ ...။ ဒီလိုလေ ... မြန်မာပြည်မှာ ပါတီတွေ အခုပဲ မဟာမိတ်၊ အခုပဲကွဲ ဆိုတဲ့သတင်း မင်းတို့ မကြားဘူးလား။

ဖိုးရှုပ်။     ။ သြော် … ဒါလား။ ဒါကတော့ ရိုးရာမဖျက်တဲ့ သဘောလေ ဦးရုက္ခစိုးရဲ့ ...။ ၃ ယောက်ရှိရင် ၄ ဖွဲ့ကွဲမှ မြန်မာ ပီသမယ် မဟုတ်လား။

ကြွက်စုတ်။     ။ ဟုတ်ပြီ ဟုတ်ပြီ … ကျနော်လည်း တခုကြားတယ်။ ရခိုင်ပြည်ဘက်မှာ ရခိုင် တိုင်းရင်းသားတွေ ကွဲကြတယ်တဲ့။

ဖိုးရှုပ်။     ။ ဟား ဟုတ်လား၊ ငါလို သတင်းသမားတောင် ဒီသတင်း မကြားပါလား။ မင်းက ဘယ်က ကြားလာတာလဲ။

ကြွက်စုတ်က သူ့အင်္ကျီကော်လံကို ဟန်ပါပါထောင်ရင်း “အဲဒါပြောတာပေါ့ … မသိရင် မှတ်ထား။ ကြံ့ဖွံ့က မဲဆွယ်ရင်း အရက်တိုက်တာ အားနာနာနဲ့ သောက်ရလို့ အကုန်ကွဲကုန်တာ။ တချို့ဆို မှောက်ပါမှောက်သွားလို့ အိမ်ကို ထမ်းပြီး ပြန်ပို့ရတယ်တဲ့” ဟု ပြောလိုက်သည်။

ဖိုးရှုပ်။     ။ ပေါက်တတ်ကရကွာ ...။ 

ကြွက်စုတ်။     ။ တကယ်ပြောတာကွ ...။ ရခိုင် တိုင်းရင်းသားတွေက ကွဲရုံ တင်ကွဲတာ ကြံ့ဖွံ့တွေက သူတို့တိုက်တဲ့အရက်ကို သူတို့ဘာသာ နွားငတ်ရေကျ ပြန်သောက်ရင်း မှောက်ကုန်တာတဲ့။

ရုက္ခစိုး။     ။ ကြံ့ဖွံ့ကိုတော့ ဂင်းနစ် စံချိန်စာအုပ်ထဲ ထည့်သင့်နေပြီ။ ကမ္ဘာပေါ်မှာ ပထမဆုံး အရက်တိုက် မဲဆွယ်တဲ့ ပါတီ ဆိုပြီးတော့။

ဖိုးရှုပ်။     ။ ဒါကတော့ နေ့ကော ညကော သောက်ပြီး ကွဲနေတဲ့ ချိုကုပ်ကြီး မောင်ကွေးရဲ့ အကြံပဲဖြစ်မယ်။ ကဲပါ ...။ ဦးရုက္ခစိုးရဲ့ အကွဲဇာတ်လမ်း ဆက်ပါဦး။

ရုက္ခစိုး။     ။ လင်က တပါတီ၊ မယားက တပါတီ ထောင်မိလို့ လင်မယားကွဲတယ်၊ ယောက္ခမက တပါတီ၊ သားမက်က တပါတီ ထောင်မိလို့ သားမက်နဲ့ ယောက္ခမ ကွဲတယ်ဆိုတဲ့ သတင်းတွေလည်း နားနဲ့တောင် မဆံ့ဘူး ကြားနေရတာ။

ထိုစဉ် “ကွဲကုန်ပြီ … ကွဲကုန်ပြီ” ဟု အော်လာသည့် လူတဦး သူတို့နားသို့ ရောက်လာသည်။

ရုက္ခစိုး။     ။ ဟာ … ဝန်ကြီးချုပ် ဦးသိန်းဂိန်ပါလား။ ဘာတွေ ကွဲလာပြန်ပလဲ။ ပုဆိုးလား။

သိန်းဂိန်။     ။ အာ … ပုဆိုးကွဲရင် ဘောင်းဘီပြန်ပြောင်း ဝတ်မှာပေါ့ဗျ။ အခုကွဲတာက ကျုပ် ပါတီထဲမှာ ကွဲကုန်တာ။

ဖိုးရှုပ်။     ။ တော်တော် အသောက်ကြမ်းကြတယ် ထင်တယ်။ အင်းလေ … ဦးသိန်းဂိန်ရဲ့ ကြံ့ဖွံ့ပါတီထဲမှာလည်း အရက်သမားတွေ ချည်းပဲကိုး။

သိန်းဂိန်။     ။ အဲဒီလို ကွဲတာမဟုတ်ဘူး။ အခုဟာက ဟိုလိုကွဲတာ၊ အဲ … ပါတီထဲမှာ ကွဲကုန်ကြတာကို ပြောတာ။

ကြွက်စုတ်။     ။ တော်တော် ဆိုးလို့လား။

သိန်းဂိန်။     ။ ဆိုးတယ်လေ ...။ ဆိုးလို့ ကျုပ်လည်း မနိုင်တော့တာနဲ့ ချင်းမိုင်ဘက် စိတ်ပြေလက်ပျောက် ထွက်လာတာပေါ့။ အခုဟာက … ကြံ့ဖွံ့အသင်းကတည်းကပါခဲ့တဲ့ လူတွေက ပါတီမှာ အမတ် ဖြစ်ကုန်တဲ့သူတွေကို မကျေနပ်ကြဘူးဗျ။

ရုက္ခစိုး။     ။ ဒါလည်း ဟုတ်တာပဲလေ ...။ ဘုန်းကြီးလည်းရိုက်ပေးခဲ့ရ၊ ကျောင်းသားလည်း ဝင်ဆော်ပေးခဲ့ရတဲ့ သူတွေက အမတ် ဖြစ်ချင်မှာပေါ့ဗျ။

ဖိုးရှုပ်က လေသံဖြင့် “ဦးရုက္ခစိုးရေ … ကြည့်ပြောဦးနော်။ ဦးရုက္ခစိုး သွေးထိုးနေသည် ဆိုပြီး သတင်းစာထဲမှာ ပါလာဦးမယ်” ဟု သတိပေးလိုက်သည်။ ဦးသိန်းဂိန်က မကြားလိုက် ...။

သိန်းဂိန်။     ။ ကြံ့ဖွံ့ အသင်းတုန်းကတော့ ဟုတ်တာပေါ့ ဦးရုက္ခစိုးရယ်။ အဲဒီတုန်းက ကျနော်တို့က လက်ရုံးရည်ကို အဓိကထားပြီး အသင်းဝင်အဖြစ် ရွေးခဲ့တာကိုး။ ဘုန်းကြီးတွေ့လည်း ရိုက်ရဲရမယ်၊ အပြစ်မရှိတဲ့သူကိုလည်း ဆော်ရဲ၊ နှက်ရဲ ရမယ် အဲဒီလိုပေါ့လေ။ အခုပါတီအဖြစ် အသွင်ပြောင်းလိုက်တော့ နှလုံးရည်ကို အဓိကထား ရွေးတာဗျ။

ရုက္ခစိုး။     ။ ဘယ်လိုမျိုး နှလုံးရည်ပါလိမ့် ...။ ဘယ်လောက်ထိ ကလိန်ကကျစ်ကျတတ်လဲ၊ လွှတ်တော်ထဲ ရောက်ရင် ဘယ်လို ပြောင်ညာတတ်မလဲ ဆိုတာလား။

သိန်းဂိန်။     ။ ကျန်သေးတယ်။ အခုလို မဲဆွယ်ကာလမှာ ကျန်တဲ့ ပါတီတွေ ခေါင်းထောင်မထနိုင်အောင် ဖိထားဖို့က နှလုံးရည်နဲ့ ပြည့်စုံမှ မဟုတ်လား။ အနည်းဆုံးတော့ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တယောက်ဟာ ခပ်တည်တည်နဲ့ မျက်နှာပြောင် တိုက်ရဲရမယ်။ ဒီလို နှလုံးရည်နဲ့ ပြည့်စုံတဲ့သူတွေမှ ပါတီခေါင်းဆောင် ဖြစ်ခွင့်ရှိမှာကိုး။

ကြွက်စုတ်။     ။ အဲဒီတော့ အရင်က အသင်းဝင်တွေက သူတို့လည်း မျက်နှာပြောင်တိုက်ရဲပါတယ်၊ ပါတီခေါင်းဆောင် လုပ်ပါရစေလို့ မပြောဘူးလား။

သိန်းဂိန်။     ။ ပြောတယ်လေ။ ဒါပေမယ့် မျက်နှာပြောင်တိုက်ရဲရုံနဲ့လည်း မရသေးဘူး။ ဂုဏ်သရည်ရှိ လူကြီးမင်းလည်း ဖြစ်ဦးမှ။

ရုက္ခစိုး။     ။ ဘယ်လို ဂုဏ်သရည်ရှိတာလဲဗျ။

သိန်းဂိန်။     ။ အကောင်သေးလို့မရဘူးလေ ...။ အသင်းဝင်တွေတုန်းက သူခိုးဆိုလည်း သူခိုးလေးတွေ …၊ လူမိုက်ဆိုလည်း ရပ်ကွက် လူမိုက်ခေါင်း အဆင့်လောက်ပဲ ရှိတာမဟုတ်လား။ အခု ပါတီခေါင်းဆောင်တွေကျတော့ သူခိုးဆိုလည်း သူခိုးကြီး အဆင့်၊ လူမိုက်ဆိုလည်း အနည်းဆုံးတော့ ဘာသာရေးအဓိကရုဏ်းလောက် ဖန်တီးနိုင်တဲ့သူတွေ၊ ဥပမာ - အောင်သိန်းပျင်း လိုပေါ့ဗျာ။ ဒီလိုမျိုး ဂုဏ်သရေရှိမှ ဖြစ်မှာကိုး။

ဖိုးရှုပ်။     ။ ကြံ့ဖွံ့ အသင်းဝင်တွေက လူမှုရေးလုပ်ငန်းတွေလည်း လုပ်ချင်ယောင် ဆောင်ခဲ့ပါသေးတယ် ဦးသိန်းဂိန်ရယ်။ ကြက်ဆူပင် စိုက်တာတို့၊ မရှိတဲ့ အမှိုက်ကို လှည်းတာတို့လေ ...။ ဒါတွေကိုလည်း သူတို့က ထည့်စဉ်းစားစေချင်မှာပေါ့။

သိန်းဂိန်။     ။ မှန်ပါတယ်။ လူမှုရေး လုပ်တယ်ဆိုတာလည်း ပိုက်ဆံ သုံးနိုင်မှ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာလေ။ အသင်းဝင်တွေရဲ့ အဆင့်က နိုင်ငံတော်ပိုက်ဆံကို ခိုးသုံးနိုင်တဲ့ … အဲ … ယူပြီး စီမံခန့်ခွဲနိုင်တဲ့ အဆင့်မှ မရှိဘဲ။ အမှိုက်လေး ကောက်လိုက်၊ ကြက်ဆူပင်လေး စိုတ်လိုက်နဲ့တော့ ဘယ်ဖြစ်မလဲဗျ။

ကြွက်စုတ်။     ။ ဒါနဲ့ … မတ္တရာ ရေဘေးမှာ ကြံ့ဖွံ့က တော်တော်လေး သွားလုပ်ပေးတယ် ကြားတယ်။

သိန်းဂိန်။     ။ အဲဒါလည်း ချိုကုပ်ဒူးကြီး ကျေးဇူးပါ။ သူက ကျုပ်တို့ ကြံ့ဖွံ့ လူမှုရေး လုပ်ပါစေတော့ဆိုပြီး ဆည်တွေကို ဖောက်ချခိုင်းတာလေ။ အဲဒီမှာလည်း ကျုပ်တို့ ပါတီ တော်တော်လေး လုပ်ကြပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေက စေတနာနဲ့ မတန်ဘူးဗျာ။ ကျုပ်တို့က ကြံ့ဖွံ့တံဆိပ်ပါတဲ့ အင်္ကျီတွေဝေပေးတာကို ထမင်းထုပ်ပဲ လိုချင်တယ်တဲ့။ တော်တော် ငတ်ကြီး ကျတဲ့ဟာတွေ။

ဖိုးရှုပ်။     ။ ကဲပါဗျာ ကြံ့ဖွံ့အသင်းထဲမှာ ကွဲတဲ့အကြောင်း ဆက်ပြောစမ်းပါ ပျော်ချင်လွန်းလို့။

သိန်းဂိန်။     ။ အခုတော့ အရင် အသင်းဝင်ဟောင်းတွေက ပါတီခေါင်းဆောင်တွေကို ကလန့်တိုက်ချင်နေပြီလေ။ ကျုပ်လည်း မနိုင်တော့ဘူး။ တော်တော်လေးကို စိတ်ညစ်တယ်။ သေချင်တယ်ဗျာ။ သေလိုက်ချင်တယ်။

ရုက္ခစိုး။     ။ ကြည့်ရတာ ဦးဌေးပြူးပြောသွားသလို နိုင်ငံသားတွေအတွက်ဆို လိုအပ်ရင် ကြံ့ဖွံ့ပါတီခေါင်းဆောင်တွေ အသက်စွန့်မယ် ဆိုတဲ့စကားအတိုင်း သေပြတော့မယ်ထင်တယ်။ ဟုတ်လား ဦးသိန်းဂိန်။

ကြွက်စုတ်။     ။ ဟာ … ဒါဆို အတော်ပဲ … ချင်းမိုင်ရောက်တုန်း ချင်းမိုင်ကျုံးထဲ ခုန်ချပြီး သေလိုက်ပါလားဗျ။ နိုင်ငံသားတွေကလည်း ဝမ်းသာကြမှာပါ။

ဖိုးရှုပ်။     ။ ဟာ မကောင်းဘူး … ကျုံးရေ ညစ်ပတ်မယ်။ အဲဒီတော့ အဆိပ်သောက်ပြီး သေဗျာ။

“ကျုံးထဲ ခုန်ချဗျာ”
“အဆိပ်သောက် သေ”
“ကျုံးထဲခုန်ချရမှာကွ”
“မဟုတ်ဘူး … အဆိပ်သောက် သေရမှာ”

သိန်းဂိန်။     ။ အာ … အဲဒါ ဌေးပြူးက မူးပြီး လျှောက်ပြောထားတာ။ ကျုပ်က စကားအဖြစ်သာပြောတာ မသေရဲသေးပါဘူး။ သမ္မတ လုပ်ရဦးမှာဗျ။ ကဲ ပြန်လိုက်ဦးမယ်ဗျို့။

ဦးသိန်းဂိန်၏ စကားကို မကြားဘဲ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဆက်ငြင်းခုန်နေကြဆဲဖြစ်သည်။

ရုက္ခစိုး။     ။ ဟေ့ မင်းတို့ ဒီလိုငြင်းနေရင် … ဒီစကားဝိုင်းက ငါထွက်တယ်ကွာ။

ဦးရုက္ခစိုးပြောသည်ကိုလည်း နားမထောင်ဘဲ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ငြင်းရင်းခုန်ရင်း ကျုံးဘေးမှ ခဲများဖြင့် အချင်းချင်း ကောက်ထုကြသောကြောင့် ဖိုးရှုပ် နဖူးကွဲသွားပြီး ကြွက်စုတ်က မေးစေ့ ကွဲသွားသည်ဆိုသောသတင်းကို နောက်ဆုံး စက်ရပ်သတင်းအဖြစ် ကြားသိလိုက်ရလေတော့သည်။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

 

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်