ရွေးကောက်ပွဲ ၀င်ရေး NLD မဆုံးဖြတ်နိုင်သေး

E-mail Print
၂၀၁၀ ရွေးကောက်ပွဲ ဥပဒေ ထွက်လာမှ ရွေးကောက်ပွဲ ၀င်ရေးမ၀င်ရေးကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ဆုံးဖြတ်မည် ဖြစ်ကြောင်း ယနေ့ ပြုလုပ်သည့် အထူးအစည်း အဝေးတွင် ဥက္ကဌ ဦးအောင်ရွှေက ပြောကြား လိုက်သည်။

“ဒီင်္မိုကရေစီ စည်းမျဉ်းစည်းကမ်းတွေပေါ် အခြေခံမခံကို ကျနော်တို့ စောင့်ကြည့်ရပါမယ်”ဟုလည်း ဦးအောင်ရွှေ က အစည်းအဝေးအဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။

NLD ပါတီ ရုံးချုပ်တွင် ကျင်းပသည့် အထူးအစည်းအဝေး၌ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ် ၉၀ ကျော် အပါအ၀င် တိုင်းနှင့်ပြည်နယ် စည်းရုံးရေးတာဝန်ခံ အဆင့် ၆၀ ကျော် တက်ရောက်ကြသည်။

“ဒီနေ့ အစည်းအဝေးမှာ လူ ၁၅၀ လောက် အနည်းဆုံး တက်ရောက်ပြီး အဖွင့် အမှာစကားကို ဗဟိုအလုပ် အမှု ဆောင် အဖွဲ့ဝင် ဦးဝင်းတင် ပြောပါတယ်”ဟု အစည်းအဝေး တက်ရောက်နေသည့် လွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်း က ပြောပြသည်။

၂ ရက်ကြာပြုလုပ်မည့် ၎င်းအထူးအစည်းအဝေးတွင် စစ်အစိုးရ၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ကို ပြန်လည် သုံးသပ်ရေး အပါအ၀င် လက်ရှိ နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်ပြီး ပါတီ၏ ရပ်တည်ချက် စသည့် အဓိက အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းမည်ဖြစ်ကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ တဦးဖြစ်သည့် ဦးအုံးကြိုင်က ပြောသည်။

အစည်းအဝေးနှင့် ပတ်သက်သည့် အသေးစိတ်ကိုမူ ယခုအချိန်တွင် မပြောကြားနိုင်သေးကြောင်းလည်း ၎င်းက ဆိုသည်။

“မကြာခင်မှာ ကျနော်တို့ ကြေညာချက်ထုတ်ဖို့ ရှိပါတယ်၊ လူတွေ စိတ်ဝင်တစားပြောဆို ဆွေးနွေး နေကြတဲ့  ကိစ္စ တွေပဲဖြစ်ပါလိမ့်မယ်”ဟုလည်း ဦးအုန်းကြိုင်က ပြောသည်။

NLD သည် စစ်အစိုးရ ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရေးနှင့် ပတ်သက်ပြီး ဖိအားများနှင့် ရင်ဆိုင်နေရသည်။

ယခင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ဥပဒေတွင် ပါတီ တခုသည် မဲဆန္ဒနယ်မြေ အနည်းဆုံး ၃ နေရာဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုပါက ယင်းပါတီသည် အလိုအလျောက်ဖျက်သိမ်းပြီး ဖြစ်ကြောင်း ပြဌာန်းထားသည်။

“တကယ်လို့ ရွေးကောက်ပွဲ မဝင်ဘူး၊ မှတ်ပုံမတင်ဘူး ဆိုရင် NLD ဘာဆက်လုပ်မလဲ၊ ဒါဟာ NLD အတွက် စိန်ခေါ်မှုပဲ”ဟု NLD လွတ်မြောက်နယ်မြေ မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးညိုအုန်းမြင့်က ပြောသည်။
NLD ပါတီသည် ၁၉၉၀ ပြည့် အထွေထွေ ရွေးကောက်ပွဲတွင် ၈၂ ရာခိုင်နှုန်း မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ပြီး ရွေးချယ်ခံ လွှတ်တော် ကိုယ်စားလှယ် ၃၉၂ ဦး ထဲမှ အများအပြားကို စစ်အစိုးရက ဖိအားပေးနှုတ်ထွက်စေခဲ့ သည်။ လွှတ်တော် ကိုယ်စားလှယ်တချို့မှာ လွတ်မြောက်နယ်မြေသို့ ထွက်သွားခဲ့ကြသည်။

၁၉၉၇ ခုနှစ်က ယခုကဲ့သို့ NLD ပါတီ အထူးအစည်းအဝေး ခေါ်ယူ ကျင်းပခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် အထူး အစည်း အဝေးကျင်းပရန်စီစဉ်ခဲ့သော်လည်း ရာနှင့် ချီသည့် NLD လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါတီဝင်များ ကို စစ်အစိုးရက ဖမ်းဆီးထိန်းသိမ်းမှုများပြုလုပ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်