ထိုင်းနိုင်ငံတွင် နာမည်ကျော် မြန်မာအနုပညာရှင်များ ဖျော်ဖြေ

E-mail Print
ထိုင်းနိုင်ငံ တောင်ပိုင်းရှိ မြန်မာ အလုပ်သမားများ နေထိုင် အလုပ်လုပ်နေသော ချုံဖော်မြို့ ပါ့နန်းအရပ်တွင် မြန်မာနိုင်ငံမှ နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်နှင့် မော်ဒယ်များ ပါဝင်သည့် စင်မြင့်ဖျော်ဖြေပွဲ တခုကို ပြီးခဲ့သည့် စနေနေ့ညက ကျင်းပသွားခဲ့သည်။  

ယင်းစင်မြင့်ဖျော်ဖြေပွဲတွင် ရုပ်ရှင်နှင့်ဗီဒီယိုသရုပ်ဆောင် ဘုန်းသျှန်၊ ဆုပန်ထွာ၊ ရခိုင်စတီရီယို တေးသံရှင် ယုယုလှိုင် ခေါ် ဂျူးဂျူး နှင့် တွင်ကယ်လ် တို့ က ဖြေဖျော်ခဲ့ကြသည်၊

အဆိုပါ ဖျော်ဖြေပွဲကို ပရိသတ် ၂၅၀၀ ခန့် လာရောက် အားပေးခဲ့ ကြကြောင်းနှင့် ဒေသခံ အဆိုတော်များလည်း ပါဝင်ဖျော်ဖြေ ခဲ့ကြောင်း သိရသည်။

သရုပ်ဆောင် ဆုပန်ထွာက ယခုကဲ့သို့ ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသား အလုပ်သမားများ၏ ဘ၀ကို ကိုယ်တိုင် တွေ့ ကြုံရသည့် အတွက် စာနာမိသည်ဟု ပြောဆိုသည်။

“ထိုင်းနိုင်ငံကို အခုအကြိမ်ဟာ ပထမဆုံးအကြိမ် လာရောက်ဖျော်ဖြေဖူးတာ ဖြစ်ပါတယ်၊ ပန်ပန် အနေနဲ့ အရမ်းကိုပျော်ပါတယ်၊ အခုလို ကိုယ့်တိုင်းပြည်က အလုပ်သမားတွေကို ရပ်ဝေး မှာ ဖျော်ဖြေခွင့်ရတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်၊ အလုပ်သမား တွေရဲ့ ဘ၀ကို ကိုယ်တိုင်တွေ့ ရတော့ စာနာနားလည်နိုင်သလို နောက်လည်းအခွင့်အခါသင့်ရင် လာရောက်ဖျော်ဖြေချင်ပါသေးတယ်”ဟု ဆုပန်ထွာက ပြောသည်။

ယင်း ချုံဖော် ဒေသတွင် ၁၀ နှစ်ခန့် နေထိုင်ခဲ့သော်လည်း ယခုကဲ့သို့ ဖျော်ဖြေပွဲမျိုး မကြုံတွေ့ခဲ့ဖူးကြောင်း ပရိသတ် တဦးဖြစ်သည့် မွန်တိုင်းရင်းသူ မမိုးမိုးက ပြောပြသည်။

“ကျမ ချုံဖော်မှာနေလာတာ ဆယ်နှစ်လောက်ရှိပြီ၊ ဒီညလို မျိုး ရုပ်ရှင်သရုပ်ဆောင်တွေ အဆိုတော်တွေ လာ တာ တခါမှ မတွေ့ ဖူးဘူး၊ အခုလို ပွဲမျိုးလည်း တခါမှမကြုံဖူး ဘူး၊ သိပ်ကိုပျော်ပါတယ်၊ ရဲတွေဘာတွေ လည်း ဖမ်းတာဆီးတာ ဘာမှမရှိတော့ စိတ်အေးချမ်းသာနဲ့ ပွဲ ကြည့် ရတဲ့အတွက် ရန်ကုန်ကနေခေါ်လာပေးတဲ့ အဆိုတော် ယုယုလှိုင်ကို တကယ်ပဲကျေးဇူးတင်ပါတယ်”ဟု မမိုးမိုးက ပြောဆိုသည်၊

ရခိုင်အဆိုတော် ယုယုလှိုင်ကလည်း“ဂျူးဂျူးအနေနဲ့ ထိုင်းကို လာဖျော်ဖြေတာ တတိယအခါက်ပါ၊ ဒီမှာ သီချင်း ဆိုရတာ အရမ်းကိုကျေနပ်မိတယ်၊ ပရိသတ်တွေရဲ့ အားပေးမှုကလည်း တကယ့်ကိုအားရစရာပါ၊ ပြီးတော့ ဒီမှာ ကျမတို့ ရခိုင်တိုင်းရင်းသားတွေ အများစုနေကြတာရယ် အခြား ထားဝယ်တို့ မွန်လူမျိုးတွေက လည်း ရခိုင်သီချင်းတွေကို လိုက်ဆိုပြီး အားပေးကြတော့ ဘယ်လိုပြောရမှန်းတောင်မသိဘူး ပျော်တာလေ၊ ကိုယ့်တိုင်းရင်းသား ညီအစ်ကိုမောင်နှမတွေကို နောက်နောင်လဲလာရောက်ဖျော်ဖြေချင်ပါသေးတယ်၊ကျေးဇူး တင်ပါတယ်”ဟု ဆိုသည်၊

အဆိုတော် ယုယုလှိုင်သည် ယမန်နှစ်က ဘန်ကောက်တွင် ပထမအကြိမ်ဖျော်ဖြေခဲ့ကာ ပြီးခဲ့သော လ က မဲဆောက် ရခိုင် သင်္ကြန်တွင်လည်း ဖြေဖျော်သွားခဲ့သည်၊

ပရိသတ်ထဲမှ ရခိုင်အမျိုးသားကြီး ဦးဝေသာကျော်က“ကျနော်တို့ လှေသမားတွေဘ၀ဟာ ပင်လယ်ထဲမှာပဲ အချိန်ကုန်နေရတယ်၊ အခုလိုမျိုး ကြည့်ခွင့်ရတဲ့အတွက် ပင်ပန်းတာတွေ ခေတ္တမျှ ပြေပျောက်သွားသလို ခံစားရပါတယ်”ဟုပြောသည်။

ယခုဖျော်ဖြေပွဲကို အဖမ်းအဆီးမရှိ ချောမောစွာ ဖြစ်မြောက်သွားသည့်အတွက် ၎င်းအနေနှင့် ၀မ်းသာ ကျေနပ်သည်ဟု ပွဲစီစဉ်သူ တဦးဖြစ်သည့် ကိုလှမင်းက ပြောဆိုသည်။

“ဒီပွဲကို ကျနော်တို့ကိုယ်တိုင်ကြီးကြပ်ကြတယ်၊ အစကတော့ ရဲတွေဘာတွေ လုံခြုံရေးယူခိုင်းမလို့ဘဲ၊ ဒါပေမယ့် ကျနော်တို့ တိုင်ပင်ပြီးတော့ ရဲကိုအကြောင်းကြားပြီး ကြီးကြပ်ခဲ့တာ၊ အားလုံးငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးသွား တယ်၊ ဘန်ကောက်မှာ လေးဖြူပွဲတုန်းကလိုမျိုး အဖမ်းအဆီးဖြစ်မှာကို အရမ်းစိုးရိမ်ခဲ့တယ်၊ အခုတော့ ဌာနေ အုပ်ချုပ်သူတွေရဲ့နားလည်ပေးမှုနဲ့ ကိုယ့်အသိနဲ့ စည်းကမ်းရှိရှိအားပေးကြတဲ့ပရိသတ်တွေကြောင့် အောင်မြင် သွားတာကို တကယ်ပဲဝမ်းသာပါတယ်”ဟု ၎င်းကဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်