ဝန်ကြီး ဦးအောင်သောင်း မဲဆွယ်စည်းရုံး

E-mail Print
စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းသည် ၂၀၁၀ ရွေးကောက်ပွဲ အကြို မဲဆွယ် စည်းရုံးလှုပ်ရှားမှုများကို မန္တလေးတိုင်း မြို့နယ်များအတွင်း မေလ ၁၁ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် သန်လျှက်မှော် (အနောက်ရပ်ကွက်) ရှိ အမက(၃၃) ကျောင်းတွင် စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းက ကျောင်းရန်ပုံငွေ ပေးအပ်လှူဒန်းသည့် အခမ်းအနားတခုကို ပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားတွင် ၀န်ကြီး ဦးအောင်သောင်းက မိန့်ခွန်းပြောကြားရာ၌ ၂၀၁၀ ရွေးကောက်ပွဲကို မဲပေးကြရန် ထည့် သွင်းပြောကြားသွားကြောင်း သိရသည်။

ဝန်ကြီး ဦးအောင်သောင်းက ကျောင်းအတွက် အလှူငွေ ကျပ် ၁၀သိန်း စိုက်ထုတ်လှူဒါန်းကြောင်း၊ ကျန်သည့် လိုအပ် သောအလှူငွေကို စည်ပင်သာယာအဖွဲ့က ဆက်လက်လှူဒါန်းသွားမည် ဖြစ်ကြောင်းနှင့် မိန့်ခွန်း၏ နောက်ဆုံးပိုင်းတွင် လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို မဲထည့် ကြရန် ပြောဆိုသွားကြောင်း မြို့ခံတဦးက ပြောသည်။

ထိုအခမ်းအနား တက်ရောက်ရန်အတွက် ရပ်ကွက်တွင်းရှိ နေအိမ်များမှ တအိမ်တယောက် တက်ရောက်ရန်၊ တက်ရောက်ခြင်း မရှိက ဒဏ်ငွေ ၃၀၀၀ ကျပ်ဖြင့် အရေးယူမည်ဟု ရယက က လိုက်လံ နှိုးဆော်ကြောင်း လည်း ယင်းမြို့ခံက ပြောသည်။

မန္တလေးမှ စာရေးဆရာတဦးကလည်း ယခု ၀န်ကြီး ဦးအောင်သောင်း၏ ပြောဆိုပြုမူမှုသည် မဲဆွယ်ခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ပြောဆိုသည်။

“တချို့ရက်ကွက်တွေက လိုအပ်တာ တင်ပြတော့ သူက ပိုက်ဆံတွေ ထုတ်ပေးသွားတယ်တဲ့ ၁၀သိန်းထောက်ပံ့တယ်၊ တချို့ရပ်ကွက်တွေ ကြတော့ ကျနော်တို့ရပ်ကွက်မှာ လူဦးရေ ဘယ်လေက်ရှိပါတယ်၊ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲတုန်းက မဲ ဘယ်လောက်ရပါတယ်၊ ရွေးကောက်ပွဲကျရင် ဒီထက်ရအောင်ကြိုးစားပါ့မယ်၊ ဆိုတာတွေ ကြားနေရတယ်၊ ကျနော် ထင်တယ် အဲဒါတွေဟာ မဲဆွယ်နေတာ၊ မဲဝယ်နေတာလို့ ထင်တယ်ဗျ”ဟု ၎င်းက ပြောသည်။

အဆိုပါ ၀န်ကြီး ဦးအောင်သောင်းက မြို့နယ်များရှိ ဒေသဆိုင်ရာ ဝန်ထမ်းများ၊ ကျောင်းဆရာ၊ ဆရာမများ ကိုခေါ်ယူ တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

လွန်ခဲ့သော ၂၀၀၃ ခုနှစ် မေလအတွင်းက ဒီပဲယင်းတွင် ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာ သော မော်တော်ယာဉ်တန်းကို အကြမ်းဖက်တိုက်ခိုက်မှုတွင် ထိုဝန်ကြီး ဦးအောင်သောင်းနှင့် ၀န်ကြီးချုပ်ဟောင်း ဗိုလ် ချုပ်ကြီး စိုးဝင်း(ကွယ်လွန်)တို့ ပါဝင်ပတ်သက်ခဲ့သည်ဟု အတိုက်အခံများက စွပ်စွဲပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်