အင်းစိန်ထောင် အပြင်ဘက် လုံခြုံရေးတင်းကျပ်

E-mail Print
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိနေသော အင်းစိန်ထောင် ပတ်ဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင် အများအပြားဖြင့် လုံခြုံရေး တင်းကျပ်ထားကြောင်း သိရသည်။

“အင်းစိန်ထောင် နောက်ဘက်ခြမ်းမှာတော့ လုံခြုံရေးရဲတွေတော့ ချထားတာပေါ့နော်။ လုံခြုံရေးရဲတွေ၊ နောက် ဘုန်းကြီးကျောင်း တခုထဲမှာ ချထားတာတွေ ရှိတယ်။ ရွှေစိန်အေးဘုရား ဆိုတဲ့အထဲမှာ ချထားတာတွေ ရှိတယ်လေ။ သူက အပြင်ပေါ့နော် ထောင်ဝင်းရဲ့အပြင် ကားလမ်းမ တဖက်မှာ ချထားတယ်” ဟု အင်းစိန်ထောင်အနီး ရောက်ခဲ့သူတဦးက ဧရာဝတီသို့ ပြောသည်။  

ဒေါ်အောင်ဆန်းစုကြည်အား မြင်တွေ့၊ အားပေးလိုသူ အများအပြားရှိသောကြောင့် ထိုသို့ လုံခြုံရေး တင်းကျပ်ထားခြင်းဖြစ်မည်ဟု ရန်ကုန်မှ လူငယ်တဦးက ပြောသည်။

“အန်တီ ဘယ်အချိန် လမ်းပေါ် ထွက်ထွက် ထောင်သောင်း သိန်းသန်းချီတဲ့ လူအုပ်ကြီးက ကြိုမယ် ဆိုတာ သူတို့သိတယ်၊ ဒါကြောင့်မို့လို အဲဒီလို လုပ်တာလို့ ထင်ပါတယ်”ဟု အဆိုပါ လူငယ်က ပြောသည်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်များကိုလည်း ရပ်ကွက် အာဏာပိုင်များက ယခင်ကထက် ပိုမို၍ စောင့်ကြည့်နေကြောင်း NLD နှင့် နီးစပ်သူ တဦးကပြောသည်။  

ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ နံနက်မှ စ၍ အင်းစိန်ထောင်ဝင်းအတွင်းရှိ သီးသန့် ဧည့်ဂေဟာတွင် ထိန်းသိမ်းခံနေရသည်ဟု သူ၏ ရှေ့နေများက ပြောသည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်အား စွဲဆိုထားသော အမှုကို မေလ ၁၈  ရက်နေ့ (တနင်္လာနေ့) တွင် စတင် ကြားနာမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် နေထိုင်သူ အမျိုးသမီး ၂ ဦးကိုလည်း ပုဒ်မ ၂၂ /၁၀၉ ဖြင့် တရားစွဲဆိုထားကြောင်း သိရှိရသည်။

အဆိုပါ စွဲဆိုထားသည့် ဥပဒေ ပုဒ်မများမှာ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် သို့မဟုတ် ငွေဒဏ် ကျပ် ၅၀၀၀ ချမှတ်ရန် ပြဌာန်းထားသည့် ပုဒ်မများ ဖြစ်သည်။

ယနေ့တွင် အင်းစိန်အကျဉ်းထောင် အရှေ့သို့ လူတချို့သွားရောက်စုဝေးသဖြင့် တာဝန်ကျ လုံခြုံရေးဝန်ထမ်းများက မကြာခဏ နှင်ထုတ် ရှင်းလင်းနေရကြောင်း အင်းစိန်ထောင်အနီး နေသူများကပြောသည်။

အဆိုပါ ဒေါ်အောင်ဆန်းစုကြည် သတင်းကို စိတ်ဝင်စားသူ ပြည်တွင်း သတင်းထောက်များ အနေဖြင့် အခက်အခဲများစွာ ကြုံနေရကြောင်း လည်း သိရသည်။

အာဏာပိုင်တို့က အင်းစိန်ထောင်အနီး သတင်းယူနေသော သတင်းထောက်များထံမှ ကိုယ်ရေးအကျဉ်း မေးမြန်း စစ်ဆေးပြီး ဓာတ်ပုံ ရိုက်ယူနေကြောင်း၊ ဂျာနယ်အယ်ဒီတာများကလည်း ၎င်းတို့၏ သတင်းထောက်များကို အဆိုပါသတင်းနောက်သို့ မလိုက်ရန် တားမြစ် ထားကြောင်း၊ ပြဿနာ ပေါ်ပေါက်ပါက ၎င်းတို့အနေဖြင့် တာဝန်ယူ ဖြေရှင်းပေးနိုင်မည်မဟုတ်ဟု ရန်ကုန် ဂျာနယ် အသိုင်းအ၀န်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှု အပြီးမှ စတင်၍ အထိန်းသိမ်း ခံနေရသည်မှာ ၆ နှစ်ပြည့်ရန် ရက်ပိုင်းသာ လိုတော့သည်။ ၁၉၈၉ ခုနှစ်မှစ၍ ထိန်းသိမ်းခံရသည့် ကာလမှာ စုစုပေါင်း ၁၃ နှစ်ရှိပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်