မျက်စိ အခမဲ့ ကုသ၍ မဲဆွယ်စည်းရုံး

E-mail Print
စစ်အစိုးရက စစ်ကိုင်းတိုင်းနှင့် မန္တလေးတိုင်းများရှိ ဒေသခံ ပြည်သူများကို အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်၍ ၂၀၁၀ ရွေးကောက်ပွဲ အတွက် မဲဆွယ် စည်းရုံးရေးများ လုပ်ဆောင်နေကြောင်း ၎င်းဒေသခံများက ပြောသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန အမှတ်(၂) ဝန်ကြီး ဗိုလ်ချုပ် ခင်မောင်မြင့်သည် ပြီးခဲ့သည့် အပတ်အတွင်းက စစ်ကိုင်းတိုင်းသို့သွားရောက်၍ ဒေသခံ မျက်စိဝေဒနာရှင် ၄၀၀၀ ခန့်ကို ခွဲစိတ် ကုသမှု ပြုလုပ်၍ ၂၀၁၀ ရွေးကောက်ပွဲတွင် စစ်တပ်မှ ကိုယ်စားလှယ်များကို ရွေးချယ်မဲပေးကြရန် ပြောဆိုစည်းရုံး ခဲ့ကြောင်း ဒေသခံများက ပြောပြသည်။

“အခုလ ၁၈ ရက်နေ့နဲ့ ၂၀ ရက်နေ့က ခရိုင်ဆေးရုံမှာ မျက်စိ အလကား လာခွဲပေးတယ်”ဟု စစ်ကိုင်း ဒေသခံ တဦး က ပြောသည်။

ယမန်နေ့ထုတ် အစိုးရ မြန်မာ့အလင်းသတင်းစာတွင် မေလ ၁၉ ရက်နေ့က ဗိုလ်ချုပ် ခင်မောင်မြင့်နှင့် အားကစား ဝန်ကြီး ဗိုလ်မှူးချုပ် သူရအေးမြင့် တို့သည် စစ်ကိုင်းမြို့ စက္ခုအလင်းပွဲတော်သို့သွားရောက်၍ မျက်စိဝေဒနာရှင် များကို မျက်စဉ်း ခပ်ပေးခြင်း၊ မျက်မှန်များ တပ်ဆင်ပေးခြင်း၊ ထမင်းဘူးများ လှူဒါန်းခြင်းများကို ပြုလုပ်ကြောင်း ၊ စစ်ကိုင်း ပြည်သူ့ဆေးရုံကြီးသို့လည်း သွားရောက်ပြီး လိုအပ်ချက်များကို ဖြည့်ဆည်းပေးခဲ့ကြောင်း ဖော်ပြထား သည်။

ထို့အပြင် ဗိုလ်ချုပ် ခင်မောင်မြင့်က စစ်ကိုင်းတိုင်း ကျောက်ကာ ကျေးရွာ ဒေသခံများကို တွေ့ဆုံ၍ သောက်သုံး ရေကန် ပြုပြင်ရန် ဘိလပ်မြေ အိတ် ၁၀၀ နှင့် မူလတန်းကျောင်း ဆောက်ရန် ဘိလပ်မြေ အိတ် ၁၀၀ ကိုလှူဒါန်း ကြောင်း ၊ ဗိုလ်မှူးချုပ် သူရ အေးမြင့်ကလည်း အားကစား ပစ္စည်းများ ၊ ကျောင်းသုံး စာအုပ်များ ၊ ကျေးရွာ စာကြည့်တိုက်အတွက် စာစောင်နှင့် ပြက္ခဒိန်များ၊ ဘိုင်အို ဘက်ထရီများကို လှူဒါန်းကြောင်းလည်း သတင်းစာ တွင် ပါရှိသည်။

မေလ ၂၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်လည်း ဗိုလ်ချုပ် ခင်မောင်မြင့် အပါအဝင် စစ်ကိုင်းတိုင်း တိုင်းမှူး ဗိုလ်ချုပ် မြင့်စိုးနှင့် ဗိုလ်မှူးချုပ် သူရအေးမြင့်တို့က မေလ ၁၈ ရက်နေ့တွင် စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ကျင်းပသည့် စစ်ကိုင်းခရိုင်အတွင်းရှိ မျက်စိဝေဒနာရှင်များကို အခမဲ့ ခွဲစိတ် ကုသပေးခြင်း၊ အလှူငွေများ ပေးအပ် လှူဒါန်းခြင်းများကို ပြုလုပ်ကြောင်း၊ ထို့နောက် စစ်ကိုင်း ဆေးရုံကြီးသို့ သွားရောက်၍ ဆေးကုသမှု ခံယူနေသော မျက်စိဝေဒနာရှင်များကို ကြည့်ရှု အားပေးမ၍ ပြုလုပ်ကြောင်း ဖော်ပြထားသည်။

ယင်း ဗိုလ်ချုပ် ခင်မောင်မြင့်သည် စစ်အစိုးရက ဖွဲ့စည်း တည်ထောင်ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး(ကြံ့ဖွံ့)အသင်း စစ်ကိုင်းတိုင်း တာဝန်ခံဖြစ်ကြောင်း၊ အဆိုပါ ကြံ့ဖွံ့အသင်းကို နိုင်ငံရေးပါတီ အသွင် ပြောင်း၍ ၂၀၁၀ ရွေးကောက်ပွဲ ဝင်ရန် စီစဉ်နေကြောင်း ကြံ့ဖွံ့အဖွဲ့ဝင်များ၏ အဆိုအရ သိရသည်။

ကြံ့ဖွံ့အဖွဲ့ဝင်များသည် ပြီးခဲ့သည့် နှစ်က ပြုလုပ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ် ၂၀၀၈ ဆန္ဒ ခံယူပွဲအတွက် မဲဆွယ် စည်းရုံးရေးနှင့် ဆန္ဒမဲထည့်ရာတွင် စောင့်ကြည့်လေ့လာမှုများကို ပြုလုပ်ခဲ့သည်။
စက်မှု(၁) ဝန်ကြီး ဦးအောင်သောင်းကလည်း ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့က မန္တလေးတိုင်းအတွင်းရှိ ဒေသခံ များကို ၂၀၁၀ ရွေးကောက်ပွဲအကြို မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့သေးသည်။

တချိန်တည်းတွင်ပင် ပြန်ကြားရေး ဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်းကလည်း မကြာသေးခင်က စစ်ကိုင်းတိုင်း ပုလဲ မြို့နယ်ရှိဒေသခံများကို အလားတူ ကျန်းမာရေး စောင့်ရှောက်မှု ပြုလုပ်ပေးပြီး မဲဆွယ် စည်းရုံးရေးလုပ်ကြောင်း ဒေသခံများက ပြောဆိုသည်။

မကြာသေးခင် နှစ်များအတွင်းကလည်း စစ်အစိုးရထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများသည် ရန်ကုန်နှင့် မန္တလေးမြို့များမှ မျက်စိအထူးကု ဆရာဝန်များကို ခေါ်ဆောင်၍ နိုင်ငံတဝန်းသို့ လှည့်လည်ကာ အခမဲ့ မျက်စိခွဲစိတ်ကုသပေးမှုများ ပြုလုပ်ခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်