စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မြန်မာပြည်သွား

E-mail Print
စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာဂိုဂျုတ်တောင်၏ မြန်မာပြည် လေးရက်ခရီးစဉ်ကို ယနေ့စတင် လိုက်သည်။

မစ္စတာ ဂိုဂျုတ်တောင်သည် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအပေါ် အာဆီယံ၏ သဘောထားနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် တွေဆုံဆွေးနွေးမည် ဖြစ်ကြောင်း စင်ကာပူဝန်ကြီးချုပ်ရုံး၏ ထုတ်ပြန်ချက်အရသိရ သည်။

ယခုခရီးစဉ်သည် မတ်လ ၁၇ ရက်နေ့မှ ၁၈ရက်နေ့အထိ ၀န်ကြီးချုပ်ဗိုလ်ချုပ်ကြီး သိန်းစိန် စင်ကာပူသို့သွား ရောက်စဉ် ဖိတ်ကြားခဲ့ခြင်းကြောင့် လာရောက်ခြင်းဖြစ်သည်။

 မစ္စတာဂိုဂျုတ်တောင်နှင့်အတူ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဂန်ကီယောင်၊ စင်ကာပူအစိုးရပါလီမန် ဥက္ကဌ (နိုင်ငံခြား ရေးနှင့် ကာကွယ်ရေးဌာန) မိုက်ကယ်ပန်မာနှင့် အခြား ထိပ်တန်းအရာရှိ များလည်းလိုက်ပါမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ပါရှိသည်။

မစ္စတာ ဂိုဂျုတ်တောင်သည် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့်လည်းတွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

မစ္စတာဂိုဂျုတ်တောင်၏ခရီးစဉ်သည် လက်ရှိအာဆီယံဥက္ကဌထိုင်းနိုင်ငံက မေလ၁၉ရက်နေ့တွင် ဒေါ်အောင်ဆန်း စုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရန်တောင်းဆိုခဲ့မှုကြောင့် မြန်မာနှင့် အာဆီယံ အကြား ဆက်ဆံရေး တင်းမာနေသည့် အချိန်နှင့်လည်း တိုက်ဆိုင်လျက်ရှိသည်။

ယခု ဂိုဂျုတ်တောင်၏ ခရီးစဉ်သည် မြန်မာနိုင်ငံကို အာဆီယံက ထုတ်ပယ်လိုက်ပါက ၂ နှစ်နိုင်ငံ အကျိုးစီးပွား များ နစ်နာနိုင်သည့်အတွက် သွားရောက်ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့အရေးလေ့လာသူ ကိုဝင်းမင်းက ပြောသည်။

ကိုဝင်းမင်းက`ဖြစ်လေ့ရှိတာက အာဆီယံက စစ်အစိုးရအပေါ် ဖိအားပေးလာရင် စစ်အစိုးရအနေနဲ့ အာဆီ ယံက ထွက်မယ်ဆိုပြီးတော့ ခြိမ်းခြောက်လေ့ရှိတယ်၊ အဲဒီလိုမျိုးအရင်ကဖြစ်ခဲ့ဖူးတယ်၊ ၀န်ကြီးချုပ်သိန်းစိန် ကိုယ်တိုင် အာဆီယံမှာ ထုတ်ပြောဖူးတယ်၊ အာဆီယံကနေထွက်သွားရင် တရုတ်ပြည်နဲ့ ပိုနီးစပ်သွားမှာလည်း အာဆီယံက စိုးတော့ နောက်ပြန်ဆုတ်လေ့ရှိတယ်၊ ဒီတခေါက်သူတို့ကို ဖိအားထပ်ပေးလို့ မြန်မာအနေနဲ့နုတ်ထွက်မယ်လို့ ပြော လာခဲ့မယ်ဆိုရင် အာဆီယံအတွက်မျက်နှာပျက်စရာပါ၊ အဲဒီလိုမဖြစ်ရအောင် ဂိုဂျုတ်တောင် သွားညှိနှိုင်း တယ်လို့ ထင်တာပဲ´ဟု ဧရာဝတီသို့ပြောသည်။

ဂိုဂျုတ်တောင်အနေဖြင့် ယင်းခရီးစဉ်တွင် တွံတေးမြိုနယ် ကရင်ချောင်းဆေးရုံ ဖွင့်ပွဲကို တက်ရောက်မည်ဖြစ် ကြောင်း၊ မြန်မာပြည်၏ ဖွံဖြိုးတိုးတက်မှုကို လေ့လာရန်အတွက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များသို့လည်း သွားရောက်မည်ဖြစ်ကြောင်းသိရသည်။

မြန်မာပြည်အာဆီယံသိုဝင်ရောက်ခွင့်ရရှိခဲ့သော ၁၉၉၇ခုတွင် ဂိုဂျုတ်တောင်သည် စင်ကာပူနိုင်ငံ၏ ၀န်ကြီးချုပ် ဖြစ်ပြီး ၁၉၉၈ခုနှစ်ကမြန်မာပြည်သို့လာရောက်ခဲ့ဖူးသည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ အဆိုအရ စင်ကာပူနိုင်ငံသည် ဆိုင်ကလုန်းနာဂစ်ဒဏ်ခံခဲ့ရသော မြန်မာပြည် ကို အမေရိကန်ဒေါ်လာ ၂၀၀,၀၀၀ ကူညီပေးခဲ့သည့် ပထမဦးဆုံးသောနိုင်ငံဖြစ်သကဲ့သို့ နောင်တွင်လည်းလူသား ချင်းစာနာသည့်အနေဖြင့် အမေရိကန်ဒေါ်လာ ၅သန်း ကူညီပေးသွားရန်ကတိ ပေးထားကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်