ဒေါ်အောင်ဆန်းစုကြည်ကို ညစ်ညမ်းပုံများဖန်တီးမှု လူအများဒေါသဖြစ်

E-mail Print
စစ်အစိုးရကို လိုလားသည့် အင်တာနက် ဘလော့ စာမျက်နှာတခုတွင် လွန်ခဲ့သည် ရက်သတ္တပတ် အနည်းငယ် ကစတင်၍  မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ညစ်ညမ်းရိုင်းပြပုံများ ဖန်တီးပြီး ဖော်ပြ ထားမှုကို တွေ့မြင်ကြရသည့်အတွက် ပြည်ပအခြေစိုက် မြန်မာ့အရေး လှုပ်ရှားသူများနှင့် တွေ့မြင်ကြရသူအများ က ပြင်းထန်စွာ စိတ်ဆိုး ဒေါသဖြစ်နေခဲ့ကြသည်။

စစ်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ လက်ချက်ဟုယူဆရသည့် အဆိုပါ ဘလော့စာမျက်နှာတွင် ကွန်ပျူတာ ဂရပ်ဖစ်နည်းပညာ သုံး၍ ပြုလုပ်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျွန် ၀ီလျံ ယက်ထော၊ အမေရိကန် သမ္မတ ဘားရက်အိုဘားမားတို့နှင့် လိင်ဆက်ဆံနေပုံ ပြုလုပ်ထားသည့် ပုံများကို ဖော်ပြထားခြင်းဖြစ်သည်။  

ယင်း ဘလော့ စာမျက်နှာမှ ကာတွန်းပုံတပုံမှာ ဧရာဝတီ မဂ္ဂဇင်းတွင် ကာတွန်း ဟန်လေး ရေးဆွဲထားသည့် ဂျွန် ၀ီလျံ ယက်ထော ပုံအား ခိုးကူးရေးဆွဲထားသည်ကို တွေ့မြင်ရသည်။

“အဲဒီပုံတွေကို မြင်ရတဲ့ အချိန်မှာ လုပ်တဲ့လူကို သတ်ပစ်လိုက်ချင်တယ်”ဟု စင်္ကာပူ နိုင်ငံတွင် ရောက်ရှိနေသော မြန်မာ အမျိုးသမီး တဦးက ပြောသည်။

ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ အိမ်သို့ တိတ်တဆိတ် ၀င်ရောက်လာ သည့် အမေရိကန် နိုင်ငံသား ဂျွန် ယက်ထော တို့ တွဲလျက်ပုံများကို အစိုးရလိုလားသူများက ဖြန့်ဝေ နေကြောင်း သိရသည်။

ဇွန်လ ၄ ရက်နေ့ ညပိုင်းက ၎င်း၏ အိမ်အပါအ၀င် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အဖွဲ့ဝင်များ၏ နေအိမ် များ ရှေ့တွင် အဆိုပါ ဒေါ်အောင်ဆန်းစုကြည် ပုံများကို တိတ်တဆိတ် လာရောက် ချပစ်ခဲ့သည်ဟု မန္တလေး NLD မှ ကိုမျိုးနိုင်က ပြောပြသည်။

“ပုံတွေက အန်တီနဲ့ ဂျွန် ယက်ထော ၂ ယောက်တွဲပုံ ၂ မျိုး၊ တပုံက ဂျွန် ယက်ထောရယ် အန်တီရယ် မိုက်ကယ် အဲရစ်ရယ် ၃ ယောက်တွဲ၊ နောက်တပုံက အန်တီက ဂျွန် ယက်ထော ရင်ခွင်ထဲ ရောက်နေတဲ့ပုံ၊ ပုံတွေက တမင် လုပ်ကြံ ဖန်တီးထားမှန်း သိသာပါတယ်၊ ဒါ သက်သက် ယုတ်မာတာပဲ”ဟု ကိုမျိုးနိုင်က ဧရာဝတီသို့ပြောသည်။

ဧရာဝတီ စာဖတ် ပရိသတ် တဦးကလည်း“ဘယ်လိုပြောရမလဲ၊ နှိုင်းစရာ မရှိလောက်အောင် ယုတ်ညံ့ ဆိုးရွား လွန်း ပါတယ်”ဟု စာဖြင့် ပေးပို့ပြောဆိုသည်။

“ဒါ လုပ်တဲ့သူက သူ့ အဆင့်အတန်းကို သူဖော်ပြတာပဲ”ဟု သြစတေးလျ နိုင်ငံ မဲလ်ဘုန်း မြို့မှ မြန်မာ အမျိုးသမီး တဦးကလည်း ပြောသည်။

ပြီးခဲ့သည့် အပတ်အတွင်းကလည်း စစ်အစိုးရ ထုတ်လွှင့်သည့် “ပိတောက်မြေ” FM ရေဒီယို လိုင်းမှ ဒေါ်အောင်ဆန်းစုကြည်အား လှောင်ပြောင် သရော်ထားသည့် “ယက်ထောနှင့် မချော”အမည်ရှိ အစီအစဉ်ကို ထုတ်လွှင့်ကြောင်း ရန်ကုန်မြို့ခံများ၏ ပြောကြားချက်အရ သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်