ဒေါ်အောင်ဆန်းစုကြည်အမှု အခြေအမြစ်မရှိဟု ဟီလာရီကလင်တန်ပြော

E-mail Print
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်က စစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသော အမှုမှာ လုံးဝအခြေအမြစ် မရှိသဖြင့် အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ယင်းတောင်းဆိုချက်ကို အမေရိကန်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး နိုရာ ဟာဆန်ဝီရာယုဒ ကထောက်ခံလိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဌာနတွင် အင်ဒိုနီးရှားနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့သည် ဒေါ်အောင်ဆန်း စုကြည်၏အမှုနှင့် ပတ်သက်၍အသေးစိတ် ဆွေးနွေးခဲ့ကြောင်းလည်းသိရသည်။

ယင်းဆွေးနွေးပွဲအပြီး မစ္စ ကလင်တန်က“ဒေါ်အောင်ဆန်းစုကြည် အပေါ်စွဲဆိုထားတဲ့ အမှုဟာ အခြေ အမြစ် မရှိဘူးလို့ ထပ်ပြောပါရစေ၊ အင်ဒိုနီးရှားအပါအ၀င် အခြားအာဆီယံ နိုင်ငံတွေကလည်း သူ့ကိုလည်း အမြန်ဆုံးပြန် လွှတ်ပေးဖို့ တောင်းဆိုနေပါတယ်”ဟု သတင်းထောက်များကို ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စကို အင်ဒိုနီးရှားအနေဖြင့် အနီးကပ်စောင့်ကြည်လျက်ရှိကြောင်းနှင့်ဒေါ်အောင် ဆန်းစုကြည်ကို အမြန်ဆုံးပြန်လွှတ်ပေးရန် အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးကလည်း ထပ်လောင်း တောင်းဆို သည်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေကြောင့် အာဆီယံက မြန်မာနိုင်ငံအပေါ် ပြင်းထန်တဲ့  ထုတ်ပြန် ချက်တွေ ကိုထုတ်ပြန်ခဲ့တယ်၊  အာဆီယံရဲ့ပဋိညာဉ်အသစ်ကို ချိုးဖောက်တဲ့ အတွက်လည်း ပြင်းပြင်းထန်ထန် သတိပေး ခဲ့ပါတယ်၊ အရင်ကခေါင်းဆောင်တွေတောင်းဆိုခဲ့သလို သူမကိုလွှတ်ပေးဖို့ တောင်းဆိုပါတယ်”ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ဆက်လက်၍ အင်ဒိုနီးရှားဝန်ကြီးက အမေရိကန်နိုင်ငံ၏ တင်းကျပ်သော ပိတ်ဆို့မှုများသည် မြန်မာ ပြည်သူ များကို ဒုက္ခရောက်စေနိုင်သည်ဟု ယုံကြည်ကြောင်း၊ မြန်မာပြည်၏အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ကမ္ဘာ့ နိုင်ငံ အသီးသီးက ၀ိုင်းဝန်းကူညီကြရန် တောင်းဆိုလိုက်ပြီး မြန်မာ့ အိမ်နီးချင်းနိုင်ငံများကသာလျှင် မြန်မာစစ် ခေါင်းဆောင်များနှင့် ပို၍နီးနီးကပ်ကပ် ဆွေးနွေးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံ တနိုင်ငံဖြစ်ပြီး အာဆီယံသည် အစဉ်အလာအားဖြင့် အဖွဲ့ဝင်နိုင်ငံ များ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက်လေ့မရှိပေ။
 
ယခုအချိန်တွင် စင်ကာပူဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်ကလည်း မြန်မာပြည်သို့ လေးရက်ခရီး အလည်အပတ်ရောက်ရှိနေပြီး မြန်မာ့စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အပါအ၀င် အခြားထိပ်တန်း စစ်ခေါင်းဆောင်များနှင့်လည်းတွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။

ယင်းသို့ဆွေးနွေးရာတွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေအပေါ် အာဆီယံ၏ သဘောထားနှင့် ပတ်သက်၍ လည်း ဆွေးနွေးသွားရန်မျှော်လင့်ကြောင်းသိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်