ဗိုလ်ချုပ်ကြီးရွှေမန်း တရုတ်သို့ သွားရောက်ဟု သတင်းထွက်

E-mail Print
ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းထား ခြင်းကြောင့် နိုင်ငံတကာက စစ်အစိုးရကို ဖိအားပေးနေ ကြချိန်တွင် ဗိုလ်ချုပ်ကြီး သူရရွှေမန်းသည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။

ဤခရီးစဉ်နှင့် ပတ်သက်ပြီး နှစ်နိုင်ငံလုံးက ထုတ်ဖော် ကြေညာခြင်း မရှိပေ။

ပြီးခဲ့သည့် ၂ နှစ်အတွင်း ဗိုလ်ချုပ်ရွှေမန်းသည် တရားဝင် ကြေညာခြင်း မရှိဘဲ တရုတ်နိုင်ငံသို့ ၃ ကြိမ် သွားရောက်ခဲ့ပြီး ဖြစ်သည်။

“သူက တရားဝင် မကြေညာဘဲ တရုတ်ပြည်ကို အချိန် မရွေး သွားနိုင်တယ်၊ အရင်ကလည်း သွားခဲ့ဖူးတယ်” ဟု စစ်ဘက် အရပ်ဘက် လေ့လာသူ ကိုဝင်းမင်းက ပြောသည်။

“စစ်ဘက် သတင်းရပ်ကွက်တွေ အဆိုအရ ပြီးခဲ့တဲ့ ဧပြီလမှာ သူ တရုတ်နိုင်ငံကို သွားခဲ့တာ ၁ဝ ရက်ကျော် ကြာတယ် လို့ ဆိုတယ်။ တရုတ်နိုင်ငံပြီးတော့ မြောက်ကိုရီးယားကို သွားခဲ့တယ်လို့  သိရတယ်” ဟု ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ကိုဝင်းမင်းက ရှင်းပြသည်။

တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ရွှေမန်း၏ ခရီးစဉ်တွင် ရည်ရွယ်ချက် ၃ ခု ရှိနိုင်သည်ဟု အကဲခတ်များက သုံးသပ်ကြသည်။

“စစ်အစိုးရက သူ့မဟာမိတ် တရုတ်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားတာနဲ့ ပတ်သက်ပြီး သွားရှင်းပြတာ ဖြစ်နိုင်တယ်” ဟု တရုတ်-မြန်မာနယ်စပ်မှ စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက သုံးသပ်သည်။

ဗိုလ်ချုပ်ကြီးရွှေမန်း ခရီးစဉ်၏ ဒုတိယ ရည်ရွယ်ချက် တရုတ်-မြန်မာနယ်စပ် အခြေအနေများကို ဆွေးနွေးရန် ဖြစ်သည်ဟု သုံးသပ်နေကြသည်။ ၂ဝ၁ဝ ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များကို အသွင်ကူးပြောင်းရေးအတွက် စစ်အစိုးရက ကြိုးပမ်းလျက်ရှိရာ ထိုအဖွဲ့များနှင့် ဆက်ဆံရေး တင်းမာလျက်ရှိသည်။

ထိုအဖွဲ့များ နယ်ခြားစောင့်တပ်များ အဖြစ် အသွင် ပြောင်းရေး အစီအစဉ်ကို လွန်ခဲ့သည့် ၂ လမှ စတင်ပြီး စစ်အစိုးရက စတင် ကြိုးပမ်းခဲ့သည်။ ထိုအစီအစဉ်အရဆိုလျှင် တိုင်းရင်းသား တပ်ဖွဲ့များ၏ နေ့စဉ် လုပ်ငန်းများကို မြန်မာ့ တပ်မတော်က ဝင်ရောက် စီမံနိုင်မည် ဖြစ်သည်။ ထိုအစီအစဉ်နှင့် ပတ်သက်ပြီး သဘောတူမှု ရှိမရှိကို တိုင်းရင်းသားတပ်ဖွဲ့များက ယခု လကုန်တွင် အကြောင်းပြန်ရမည် ဖြစ်သည်။


နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရေးကို တိုင်းရင်းသား အဖွဲ့ အများအပြားက သဘောတူခြင်း မရှိသေးပေ။ သဘောမတူဟု သတင်းထွက်နေသည့် အဖွဲ့များတွင် အကြီးဆုံး တိုင်းရင်းသားတပ်ဖွဲ့ဖြစ်သည့် ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် လည်း ပါဝင်သည်။

လက်နက်ကိုင် အဖွဲ့များ အသွင် ပြောင်းရေး အစီအစဉ်ကို လိုက်လံဆောင်ရွက်နေသူ တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ယခုတပတ်အတွင်း ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် ရောက်ရှိနေသည်။

ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်သည် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဝ၊ ကိုးကန့် စသည့် တိုင်းရင်းသား တပ်ဖွဲ့ ဌာနချုပ်များသို့ သွားရောက်ခဲ့သော်လည်း အသွင် ပြောင်းရေး အစီအစဉ်နှင့် ပတ်သက်ပြီး ထိုအဖွဲ့များထံမှ သဘောတူညီချက် မရသေးဟု သိရသည်။

ဗိုလ်ချုပ်ကြီးရွှေမန်း ခရီး၏ တတိယ ရည်ရွယ်ချက်မှာ ပိုမိုနီးကပ်လာသော မြန်မာ နှင့် မြောက်ကိုရီးယားတို့၏ ဆက်ဆံရေး ဖြစ်နိုင်သည်ဟု ဦးအောင်ကျော်ဇောက သုံးသပ်သည်။

ဗိုလ်ချုပ်ရွှေမန်း၏ ခရီးစဉ်တွင် တပ်မတော် စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေး လည်း ပါဝင်သည်ဟု သိရသည်။

ယမန်နှစ်ကလည်း ဒုတိယ ဗိုလ်ချုပ်ကြီး တင်အေးသည် တရုတ်နိုင်ငံသို့ သွားရောက်၍ နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေး၊ ယဉ်ကျေးမှု ရေးရာများ တိုးမြှင့်၍ ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်း ဌာနက ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် တရုတ်ဘာသာဖြင့် ဖော်ပြထားချက်များအရ စစ်အစိုးရ ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးသည် တရုတ်ပြည်သို့ မကြာမီ သွားရောက်မည် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်