မလေးရှားတွင် မြန်မာအလုပ်သမား ၁၀၀ ကျော် ဖမ်းဆီးခံရ

E-mail Print
မလေးရှား အာဏာပိုင်များက မြန်မာရွှေ့ပြောင်း အလုပ်သမား ၁၀၀ ကျော်ကို မကြာသေးမီက ဖမ်းဆီးလိုက်ကြောင်း ကြားသိရသည်။

နောက်ဆုံးအကြိမ် နိုင်ငံခြားသား အလုပ်သမားများအား နှိမ်နင်းသည့်စီမံကိန်းတွင် မလေးရှား အာဏာပိုင် များက မွန်အမျိုးသား ၅၀ ကျော်အပါအဝင် မြန်မာအလုပ်သမားများကို ယခုကဲ့သို့ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း မွန်ဒုက္ခသည် အဖွဲ့အစည်း Roi Mon မှ တာဝန်ရှိသူတဦးက ပြောပြသည်။

ထိုသို့ ဖမ်းဆီးခံရသူများထဲတွင် ကရင် အလုပ်သမား ၂၀ ပါဝင်သည်ဟုလည်း ကရင် ဒုက္ခသည်အဖွဲ့အစည်း၏ ဥက္ကဌ မန်းစိန်သန်းကဆိုသည်။

တခြားသော ရာပေါင်းများစွာရှိသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား များသည် အဖမ်းအဆီးခံခဲ့ရပြီးနောက် လွတ်မြောက်ခဲ့သော်လည်း နောက်တကြိမ် အဖမ်းခံရမည်ကို စိုးရိမ်သဖြင့် စိတ်လွတ်လပ်စွာ အလုပ်မလုပ် နိုင်သောကြောင့် အလုပ်လုပ်ချိန်များလျော့ပါးကာ ဝင်ငွေနည်းပါးသွားသည်ဟု ကြားသိရသည်။ နောက်ဆုံး အကြိမ် နှိမ်နင်းဖမ်းဆီးမှုမှာ ဇွန်လ ၁ ရက်နေ့တွင် စတင်ခဲ့သည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ တရုတ်တန်းရှိရာ ပတ်တလင် လမ်းတလမ်းတည်းတွင်ပင် စားသောက်ဆိုင် များနှင့် တခြားသော စီးပွားရေးလုပ်ငန်းများ၌ အလုပ်လုပ်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၁၀၀၀ ကျော်ခန့်ရှိသည်ဟု သိရသည်။

မလေးရှားအာဏာပိုင်များက ယင်းလမ်းထဲရှိ လုပ်ငန်းအသီးသီးကို နိုင်ငံခြားသား အလုပ်သမားများ မထားရှိရန် လာရောက် ခြိမ်းခြောက်ပြောဆိုသည်ဟု Roi Mon အဖွဲ့အစည်းက ဆိုသည်။

“ကျမ သူငယ်ချင်းနှစ်ယောက်ဆို ပြီးခဲ့တဲ့အပတ်က အလုပ်ပြုတ်ပြီး ပြန်သွားရပြီ” ဟု မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမား တဦးဖြစ်သူ မဝါယုက ပြောပြသည်။

ကွာလာလမ်ပူအခြေစိုက် မြန်မာအလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးအသင်း၏ အဆိုအရ မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသည့် တရားဝင်နှင့် တရားမဝင် မြန်မာဦးရေ ၅ သိန်းခန့်ရှိသည်ဟု သိရသည်။

မလေးရှားအစိုးရက နိုင်ငံခြားသားအလုပ်သမားများကို လုံးဝလက်မခံတော့ကြောင်း ယမန်နှစ် ဒီဇင်ဘာလက ကြေညာခဲ့သည်။

တချိန်တည်းတွင် မလေးရှားနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားများ လှုပ်ရှားမှုကွန်ယက်အဖွဲ့နှင့် ထိုင်းနိုင်ငံ ချင်းမိုင်မြို့အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား ကူညီစောင့်ရှောက်ရေး အဖွဲ့ (MAP) တို့က မလေးရှားနှင့် ထိုင်းအစိုးရကို မြန်မာအလုပ်သမားများအနေနှင့် အလုပ်သမား၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ အခွင့်အရေးများ ရရှိရေးအတွက် တောင်းဆိုထားကြသည်။

ယင်းအဖွဲ့များပူးပေါင်း၍ ယမန်နေ့က ထုတ်ပြန်ခဲ့သည့် ကြေညာချက်များတွင် ရွှေ့ပြောင်း အလုပ်သမားများ အနေနှင့် ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရန်၊ ခွဲခြားဆက်ဆံခြင်း မပြုရန် စသည်ဖြင့် တောင်းဆို ထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်