“တရားဥပဒေ စိုးမိုးရေးရှိရဲ့လား”ဟု ဒေါ်အောင်ဆန်းစုကြည် မေးခွန်းထုတ်

E-mail Print
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးမှု ရှိ မရှိ ဆိုသည်ကို မေးခွန်းထုတ်လိုက်သည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်းက ပြောသည်။

ဇွန်လ ၉ ရက်နေ့က ၎င်း၏ အမှုလိုက်ရှေ့နေ ဦးလှမျိုးမြင့် ၏ ဇနီးကို သက်ဆိုင်ရာ အာဏာပိုင်များက အကြောင်း ပြချက်မရှိဘဲ အလုပ်မှထုတ်ပယ်လိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဤကဲ့သို့ မေးခွန်း ထုတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။  

“ဦးလှမျိုးမြင့်ပဲဖြစ်ဖြစ် လူပုဂ္ဂိုလ် က အရေးမကြီးဘူး၊ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးရေး ရှိရဲ့လား ဆိုတာ ဒီပြဿနာက မီးမောင်းထိုးပြနေတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ကြောင်း ဦးဉာဏ်ဝင်း က ပြောသည်။

ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စစ်အစိုးရစွဲဆိုထားသည့် အမှုနှင့်ပတ်သက်ပြီး ဆွေးနွေးတိုင်ပင်ရန် အင်းစိန်အကျဉ်း ထောင်အတွင်းရှိ ဧည့်ဂေဟာတခု၌ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားလိုက်ခြင်း ဖြစ်သည် ဟုလည်း ၎င်း က ဆိုသည်။

“ဦးလှမျိုးမြင့်ရဲ့ ဇနီး ဒေါ်ခင်ခင်အေးကို အလုပ်ကအထုတ်ခံလိုက်ရပါတယ်၊ သူက ဗဟို သမဝါယမ အသင်း ၊ အစိုးရဌာနမဟုတ်ဘူး၊ အစိုးရ လက်အောက်ခံ အဖွဲ့အစည်း၊ အဲဒီမှာ အကြီးတန်း မန်နေဂျာ၊ အဲဒီမှာ သူ့ကို ဦးလှမျိုးမြင့်က ဒေါ်အောင်ဆန်း စုကြည်အမှုလိုက်တာနဲ့ ပတ်သက်ပြီးတော့ ဟို လွန်ခဲ့တဲ့ အပတ်တွေက မေးမြန်း ခံရတယ်၊ နောက် ဇွန်လ ၉ ရက်နေ့ ညနေကျတော့ အကြောင်းပြချက်မပေးဘူး၊ သူလဲ ဘာအပြစ်မှ မကျူးလွန် ဘဲနဲ့ အလုပ်ထုတ်ခံရတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်၏ အမှုလိုက် ရှေ့နေတဦးလည်းဖြစ်သည့် ဦးဉာဏ်ဝင်း က ပြောပြသည်။

ဒေါ်ခင်ခင်အေးသည် ယခင်က သမဝါယမဌာန ၏ ဝန်ထမ်း တဦးဖြစ်ပြီး ထိုဌာနမှ အငြိမ်းစားယူပြီးနောက် ဗဟို သမဝါယမ အသင်းတွင် ဆက်လက်၍ လုပ်ကိုင်နေစဉ် ယခုကဲ့သို့ အကြောင်းမဲ့ အလုပ်မှ ထုတ်ပယ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
 
ဦးဉာဏ်ဝင်းက ဆက်လက်ပြီး“တနည်းအားဖြင့် ဒီလိုဆောင်ရွက်တာဟာ ဒေါ်အောင်ဆန်းစုကြည် အမှုကို လိုက်နေတဲ့ လူတွေကို ဖိအားပေးတဲ့ သဘောဖြစ်တယ်လို့ ကျနော်တို့ ယူဆတယ်”ဟု ဧရာဝတီသို့ ပြောဆိုသည်။

လွန်ခဲ့သော မေလ ၁၅ ရက်နေ့ကလည်း ဒေါ်အောင်ဆန်းစုကြည်၏အမှုလိုက် ရှေ့နေတဦး ဖြစ်သူ ဦးအောင်သိန်း ကို အာဏာပိုင်များက ရှေ့နေ လိုက်ခွင့် လိုင်စင်ရုပ်သိမ်းခဲ့သည်။

ထို့နောက် စစ်အစိုးရက တရားစွဲဆိုသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ချေပရန် ရှေ့နေများဖြစ်သော ဦးကြည်ဝင်း၊ ဦးဉာဏ်ဝင်း ၊ ဦးလှမျိုးမြင့် နှင့် ဒေါ်ခင်ဌေးကြွယ်တို့က ဆက်လက်၍ လိုက်ပါ ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏ အိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန် အကျဉ်းထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ပုဒ်မ ၂၂ ဖြင့် အမှုဖွင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ ဆက်တိုက် စစ်ဆေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်